ဘယ်လိုပဲ မုသားဖြစ်ပါစေ ကျွန်တော် ပျော်ပါတယ်

အက်ဆစ်ပြင်းပြင်း ထိခိုက်ရှနာ တစ်ခုလို ဘယ်သူမှ မပေးတဲ့ အပြစ်ဒဏ် ကိုယ့်ဟာကိုယ် ကျခံ ချင်နေတာ နဲ့တူပါတယ်။
မနက်မိုးလင်းနဲ့ ညကြီးမင်းကြီး အချိန်တွေတောင် စွဲလမ်းခြင်း ရောဂါ တစ်ခုလို ခဏတာတွေကို အပ်ပျောက်ရှာသလို ရှာနေခဲ့ဖူးပါတယ်။
အခုထိ မသေချာသေးတဲ့ သံစဉ် တွေမှာ နာကျင်ကွဲအက်ခြင်းတွေ တစွန်းတစ ပါမြဲ ပါနေဆဲပါပဲ။
ဘယ်လိုလုပ်ရမလဲလို့ ငါမပြောလိုတော့ဘူး ဒါပေမယ့် ခဏခဏ လဲကျရလွန်းလို့ ပြန်ထူထ ဖို့တောင် ပြန်ပြန် အားတင်းနေရတယ်။
ရွေးချယ်စရာတွေ ရှိနေတဲ့သူအတွက် ရွေးချယ်စရာမဲ့တဲ့ ငါက ပတ်ကြားအက် ရင်ကွဲသံတွေနဲ့ ဘယ်တော့ရွာမှန်း မသိတဲ့ အချိန်ကို စောင့်နေခဲ့ရပါတယ်။
အိမ်ပြင်မှာ မိုးတွေ ရွာနေတယ်။
ပြက္ခဒိန်ရဲ့ တိမ်ထူတဲ့ နေ့စွဲတွေမှာ ညဉ့်နက်သန်းခေါင် ခေါ်ဆိုသံတွေ ထပ်နေခဲ့တယ်။
မေ ၃၁ ပါပဲ ဒါပေမယ့် အဲ့ဒိ မုသားလှလှလေးနဲ့လဲ ငါပျော်ရွှင်ပါတယ် မိဧပရယ်လ်။

တစ်မိုးလုံးငြိမ်သက်နေရာမှ အိမ်ကိုပြန်ရောက်လာတဲ့နေ့ပဲ

မနေ့တစ်နေ့က ကြားဖူးနေကျ အသံတွေနဲ့ မတူ ငါ့နားထဲမှာ တော်တော်လေး ဆူညံနေခဲ့တယ်
ဝံပုလွေတွေ တိတိကျကျ ပြောရရင် ငတ်ပြတ်နေတဲ့ ဝံပုလွေတွေ … တသွင်သွင် အူနေခဲ့ကြ
တောအုပ်ထဲမှာ ဒါမှမဟုတ် လွင်ပြင်တွေထဲမှာ တစ်စထက် တစ်စ ပိုပို ဆိုးလာနေတဲ့ ယဉ်ကျေးမှုဆိုတာတွေ။
မြန်မြန်ပြန်လှည့်… သူပြောဖို့ စိတ်ထဲကနေ နှုတ်ကို မထွက်ခင် သေနတ်ရဲ့ ပါးစပ်ထဲက ခါချလိုက်တဲ့ ကျည်ဆန်.. Continue reading

တစ်ယောက်တည်းရှိနေရတဲ့ ညနေတွေဆို ရောင့်ရဲတင်းတိမ်မှုနဲ့ ခုံတန်းရှည်လေးတစ်ခု…

ခြင်၊ယင်၊ ကြွက်၊ သံချေးကိုက်၍ ကြိုးပြတ်နေသော နာရီ ဆိုကြပါစို့…

အခန်းထဲမှာ…..အသက်ရှူသံ ခပ်ဝဝတွေ မြို့ကြီးပြကြီးတွေ မဆံ့မပြဲ ရောက်နှင့်နေတယ်။

ကျုံ့ကျုံ့ရုံ့ရုံ့ ထိုင်ရင်း တစ်နေရာစာ အတွက် ဦးစားပေးတွေ သိပ်များနေ သလိုပါပဲ။

အစစ အရာရာ … စာကြောင်းတွေထဲက စကားလုံးတွေ စကားလုံးတွေထဲက

မျဉ်းကောက်ကွေးတွေ ခြစ်ရင်း ရေးရင်း ဘတ်စ်ကားဟာ ၁၀စုနှစ်တိုင် ရောက်မလာသေးဘူး။ ကျပြီးရင်း ထပ်ကျနေသေးတဲ့ မိုးပေါက်တွေလို တရွေ့ရွေ့နှင့် သစ်ပင်ရဲ့ ဆိုလိုရင်းကို နားလည်ဖို့ဆိုတာ အရာရာတိုင်းကို ဂီတအဖြစ် နားဆင်တတ်ဖို့ပါပဲ။

လှိုင်းကြက်ခွပ်သံတွေ တလိပ်လိပ်တက်လာနေတယ်။

‘ပန်းကလေးများ ပွင့်တော့မည် ဖူးတာဝံ့လို့ချီ…’ လေတိုးသံတွေသက်သက်က ဖွင့်ထားသော ရေဒီယိုလေးနှင့်အတူ…စီးသူမဲ့ ဒန်းကလေး လှုပ်လီလှုပ်လဲ့.. အဲ့ဒိလို တစ်ဦးတစ်ယောက်တည်းရယ်ပေါ့။ ညှပ်ဖိနပ်ပေါ်က ဝန်ထုပ်ဝန်ပိုးတွေ အတွက် ခဏခဏ မက်ရတဲ့ အိပ်မက်တွေ ..။

အချစ်၏ အလိုက်ကန်းဆိုး မသိခြင်းမှ သေဆုံးသည်အထိ တိပ်မကပ်ရသေးတဲ့ နှင်းဆီပွင့်များ။ အညိုရောင် သံလမ်းပေါ်က ဇလီဖားတုံးတွေရဲ့ ရင်ခုန်သံ

နယ်နယ်ရရ မဟုတ်သော သေတ္တာတစ်ခု ‘မှောင်ဖို့တော်တော်လို သေးတာပဲ’… နှုတ်ခမ်းသား သက်သက်ဖြင့် ရေးခြယ်ထားသော ဒြပ်မဲ့ပန်းချီ။

ကျွန်တော်တို့ မမျှော်လင့်တာတွေ ဗြုန်းဆိုရောက်လာပြီး မတော်တဆ လွင့်စင်သွားတတ်တဲ့ နံရံတွေရဲ့ ဆိပ်ကမ်း။

တဆက်တည်း သောက်သုံးနေကျ မှန်ကန်ခြင်းတွေ တစ်နေ့မဟုတ် တစ်နေ့ နှုတ်ဆက်ခဲ့ရခြင်းတွေပဲ ဖြစ်ပါတယ်။

ပန်းသီးအနီရောင် … ဘယ်တော့မှ မစားသုံးရသေးသော အခွင့်အရေးတွေ၊ တလွင့်လွင့်ပျံတက်သွားပြီးရင်း သွားနေခဲ့ပါတယ်။

ဘုရားသခင်၏ နာမတော်ကို တိုးတိုးရွတ်ဆိုရင်း ကတ္တရာလမ်းမပေါ်က ကျွန်တော် ဖန်တီးထားသော ဖျက်ဆီးမှုတွေ အကြောင်း သရုပ်ပြပွဲ..။

‘ရပ်လိုက်ပါတော့ ဆူဇန်…’ ဆောင်းဥတုမှာ ရွာတတ်တဲ့ မိုးဟာ သူတစ်စိမ်းဆန်လွန်း နေသလိုပဲ။ ‘မင်းထင်မှတ်ထားတာတွေ အကုန်လုံး လွှတ်ချလိုက်ပါတော့ ဆူဇန်..’ဗာဒံရွက်ဖားဖား တွေဆီက ပျင်းရိပျင်းတွဲ ထိုးနေသော အလင်းရောင်တွေ ယိုင်ယိုင်နဲ့နဲ့ပေါ့။

အဲ့ဒိလိုနဲ့ ဝေးရာဘက်ဆီကို တွန်းထိုးရွေ့လျားသွား…

အဲ့ဒိလိုနဲ့ တဆစ်ချင်း ကျိုးလာနေသော လမ်းမများပဲ

အဲ့ဒိလိုနဲ့ ကြာသပတေးနေ့ကို ရေးသားရန်မေ့လျော့နေခဲ့ပါတယ်…

……..

‘ဝမ်းနည်းပါတယ်…ကျွန်တော်ဟာ နာရီတစ်လုံး မဟုတ်ဘူး၊ ကျွန်တော်က စက္ကန့်တံတွေပါ..’

‘အာမင်’

အမေ့ရဲ့ တိတ်ဆိတ်ခြင်းတွေကို သား နားနဲ့ဆတ်ဆတ် မကြားလိုတော့ဘူး အမေ

အမေ အမေ၊ သားအတွက်ဆို နီတဲ့သွေးကိုတောင် အဖြူရောင်ပြောင်းစေနိုင်သူ

အမေက ဟက်ဟက်ပက်ပက် ရယ်နေသည်။ ကိုယ်လေးက အမေ၏ပင်ပန်းမှုတွေကို…

အမေ အကျႌတွေ… ပျော်ရွှင်ဖွယ် အခြေနေမှ တိတ်ဆိတ်ခြင်း…

တိတ်ဆိတ်မှုဟာ ဘုရားသခင်ရဲ့ စကားသံကို

အမေ ညီလေး ညီမလေး ငါ့ချစ်သူ… စက်ကန့်ပေါင်းများစွာ… မိနစ်ပေါင်းများစွာ…

တိတ်ဆိတ်ခြင်း ။ နှင်းဆီဝါ……… ခင်မင်မှု…

ကောင်တာအထက် ကျွန်းသားနံရံပေါ်တွင် “တိတ်ဆိတ်ခြင်း” ဟု အဓိပ္ပါယ်ရသည့် ဆိုင်၏အမည်ကို…

အပြီး မှာတော့ စကားဝိုင်း က တိတ်ဆိတ်ခြင်းသာ… အမေ ဆိုတာက မွေးလာကြတဲ့ အားလုံးသော…

တိတ်ဆိတ်ခြင်း မှတစ်ပါး အခြားတုံ့ပြန်မှုမရှိ။ “သမီး ခင်ခင်ကြီး…”

အမေရော အိမ်ကို… တဲ့ထိ ထိုင် ပြီး လရောင် နဲ့ တိတ်ဆိတ်ခြင်း…

အမေကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင်… နတ်ပေးတဲ့ ဩသဓဆေး…

“တိတ်ဆိတ်ခြင်း ” အမည်ရှိ…… သူလူပျို်ပေါက်အရွယ် အမေမရှိခင် အမေ…

တိတ်ဆိတ်ခြင်း သိမ်မွေ့ခြင်းကို… “ဟုတ်လား အမေ” … “အအေးပတ်တာနဲ့တူပါတယ်”…

အမေဘာမှမပြော။ အမွေးအတောင်များသည် ပေါ့ပါးကြကြောင်းသူသိသည်။

လောလောဆယ်တော့ မဝယ်နိုင်သေးဘူး။ အမေ ပိုက်ဆံပို့လာပေးမယ်လို့ ပြောတယ်။

သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ကွင်းတစ်ကွင်းလုံး တိတ်ဆိတ်ခြင်း…

တိတ်ဆိတ်ခြင်း အင်ဂျင်ဖြင့် ခုတ်မောင်း …. ကျွန်တော် ရေးတဲ့ “အမေ” သီချင်းကို

အမေ အရာရှိဇနီး၊ ပြီးတော့… အဘွား။

နတ်သုဒ္ဓါနဲ့ မလဲ နိုင်တဲ့ ထမင်းတပွဲရပီပေါ့။ ကျေးဇူးပါ အမေ…

၉.၅.၂ဝ၁ဝ ( အမေနေ့ ) မှ စတင်ရေတွက်သည်။

အမေ စိန်နားကပ် ပန်ဖို့…… တိတ်ဆိတ်ခြင်း ဒီညတွေမှာ ခပ်မဆိတ် အရည်ပျော်ခဲ့တာ…

ငြိမ်သွားတော့ ကြောက်မက်ဖွယ် တိတ်ဆိတ်ခြင်းက… ဂရုစိုက်ပါ အမေ…

ညကတည်း မျှော်ကြည့်နေတဲ့ အမေ…

အမေကတော့ ပွိုင့်တွေ စုနေလေရဲ့

အမေ ငါ့အက်ဆစ်တွေ “အမေ …. ဒီဘက်မှာလေတိုက်နေတယ်”… စူနာမိ

ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ တိတ်ဆိတ်ခြင်း… သတိ မရိုင်းရ · အခွံ · အမေ · ခေတ်သစ် ၁၉ ဂျူလိုင်…

ပြည့်တန်ဆာ အမေလည်း အမေ။ အကြွေးကြွယ်လှတဲ့… သူတောင်းစား အမေလည်း အမေ။

အနီးကပ် ပြုစု ယုယခဲ့တဲ့ အမေ၊ အမေ…… သားကို အိုအေစစ် ဖြစ်စေချင်ခဲ့တဲ့ အမေ…

ကျနော်တို့ရဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ် အမေ။ ကုလသမဂ်ဂပဲဖြစ်စေ၊

သားတို့ဘဝ လုံခြုံသွားပြီ အမေ … အဲဒီလမ်းတွေကို “အမေ” နွေးထွေးစွာ

ပန်းတိုင်ဆိုတာကိုတော့ သားရောက်အောင်လျှောက်မယ် အမေ…

ရန်ကုန်ကတော့ ချူချာရှာတယ် အမေ…

ဟုတ် အမေ ပျော်ပါတယ်။ ဒီမှာ အားလုံးအဆင်ပြေပါတယ် လို့ စာပြန်လိုက်တယ်။ …

အမေ တယောက် အိမ်ထောင်ရေး ကံမကောင်းခဲ့ပေမဲ့ သားသမီးကံကောင်းလိုက်တာ…

အမေ စကား မပြောနိုင်တော့၊ ဘယ်ဘက်တစ်ခြမ်းလုံးလည်း လှုပ်ရှား၍ မရ၊

အဲဒါတွေ သားမသိခဲ့မိပါ အမေ။ အမေ… ဒါတွေကိုလည်း သားမသိခဲ့တာ အမှန်ပါ အမေ…

အမေ… အမေ… အမေ… အမေ… အမေ. အမေ….. အမေ… အမေ… အမေ… အမေ… အမေ…. အမေ….

၂၄ နှစ် တိုင်ခဲ့ပါပြီ။

အမေ ဖယောင်းမီးလေးလည်း လာထွန်းပေးဦး

အမေ ခုတော့ သားတစ်ယောက်ထဲလေ လွမ်းတာပေါ့…။

သားတို့ အိမ်ပြန်ကြရအောင် အမေ

သားချစ်တဲ့ အမေ ကောင်း…… ရာ…… သု….. ဂ……. တိ…… လား…. ပါ….. စေ…….။

မင်းယွန်း

Credit : www.google.com

Download :ကောင်းကင်များရဲ့ အတ္ထုပ္ပတ္တိ ကဗျာစာအုပ် (အမေနေ့ အမှတ်တရ)

AGMP Poetry Workshop

မနေ့က AGMP (Action Group of Myanmar Poets) အဖွဲ့ရဲ့ ကဗျာ Workshop လေးကို သွားဖြစ်လိုက်တယ်။ ကိုမိုးလှိုင်ညက နေ့ခင်းတစ်နာရီကျော်ကျော် လောက်ကတည်းက ဆရာရဲ တို့ကို ကူညီဖို့ဆိုပြီး ထွက်သွားတယ်။ ကျွန်တော်ကတော့ ဟိုလုပ်ဒီလုပ်နဲ့ ၂နာရီ ခွဲကျော်လောက်မှ သွားဖြစ်တယ်။ လုပ်တဲ့ နေရာက ပန်းဆိုးတန်းပန်းချီပြခန်းမှာ လုပ်တာ။ ဟိုရောက်တော့ ပွဲက ပြီးခါနီးနေပြီ မေးခွန်းအပြန်လှန် မေးနေတဲ့ အချိန်ဖြစ်နေပြီ။ ဆရာရဲ (ဆရာသစ္စာနီ) လည်း တော်တော်လေး ပြောထားရတယ် ထင်တယ်။

ရှင်းလင်းတင်ပြနေတဲ့ ဆရာရဲ

မေးခွန်းအပြန်လှန်မေးတဲ့ အချိန်ရောက်တော့ ဆရာက ပြောတယ် ကဗျာသေဆုံးပြီ၊ ကဗျာအဆုံးသတ်ပြီ လို့ပြောတော့ နားမရှင်းသူများ၊ မကျေလည်သူများက အပြန်လှန်ဆွေးနွေးကြတာ ဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဆရာရဲ ပြောတာကို နားလည် သလောက် ပြန်ပြောရရင် တီထွင်ဆန်းသစ်မှုနဲ့ ကဗျာမဟုတ် ဘူးလို့ အငြင်းပယ်ခံရတဲ့ ကဗျာတွေမှန်သမျှ လှိုက်လှဲစွာ ကြိုဆိုပြီး ကဗျာအဖြစ် အသိမှတ်ပြုကြောင်း၊ မူလပုံသေနည်းများကနေ ခွဲထွက်တဲ့ မတူတဲ့ ပုံစံကွဲ ကဗျာတွေကို အသိမှတ်ပြုကြောင်း၊ ဒါပေမယ့် စကားလုံးနွံထဲမှာ နစ်နေတဲ့ စကားလုံးဖောင်းပွနေတဲ့ ဖက်ရှင်သက်သက် ကဗျာတွေကိုတော့ မနှစ်သက်ကြောင်း၊ ယနေ့ခေတ်မှာ ကဗျာကို မည်သို့ မည်ပုံရေးရမည် ဆိုတဲ့ နည်းစနစ် မရှိတော့ကြောင်း၊ ကဗျာရဲ့ အလွန် ကဗျာ ဖြစ်သွားသွားပြီ၊ post poetry ဖြစ်သွားပြီဖြစ်ကြောင်း ၊ ကဗျာပြားသွားပြီဖြစ်ကြောင်း သူ့အမြင်ကို တင်ပြပြီး မေးခွန်းမေးသူများနှင့် အပြန်လှန်ဆွေးနွေးသွား ခဲ့ပါတယ်။

မေးခွန်းတွေ အပြန်လှန်မေးနေကြစဉ်

တက်ရောက်လာကြသူများ (ဘယ်ဘက်စွန်ဆုံးက ၂ယောက်ကို မြင်ဖူးသလိုလိုပဲ ဟတ်ဟတ်)

ကျွန်တော်က အရှေ့ပိုင်း မမှီလိုက်တော့ နားထောင်ရတာ ကြားကန့်လန့်ကြီး ဖြစ်နေတယ်။ အမှန်ကို ဟိုမရောက် ဒီမရောက် နားမလည်ခဲ့ပါဘူး။  ဒါပေမယ့် ကျွန်တော် နားလည်တာ တစ်ခုပဲရှိတယ်။ ကဗျာဆရာကြီးတွေ ကျွန်တော့် အဖိုးအရွယ်လောက်ရှိတဲ့ ဆရာသစ္စာနီတို့၊ ဆရာ မောင်စိမ်းနီ တို့ဟာ အလွန်ချစ်ခင်ဖွယ် ကောင်းသော သူများ ဖြစ်ကြတယ် ဆိုပါပဲ။ လက်ဖက်ရည်ဆိုင် ထိုင်တော့ ဆရာမောင်စိမ်းနီက ကဗျာပြားပြီဆိုတာ သူထောက်ခံကြောင်း ဘာလို့လဲ ဆိုတော့ ဒီပွဲမတိုင်ခင် သူနံပြားကို တွေ့ခဲ့ကြောင်း ဆရာ သစ္စာနီကို အရွှန်းလိုက်ဖောက်နေလေရဲ့။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း တစ်ယောက်နှင့် တစ်ယောက် နောက်နေလိုက်ကြသည်မှာ လွန်စွာမှ ချစ်ခင်ဖွယ် ကောင်းလှပေသည်။