အောင်ဆန်းပင်လုံ နှင့် ဒေါ်အောင်ဆန်းစုကြည်

အောင်ဆန်းပင်လုံ စာဖတ်ခန်း တစ်နည်းအားဖြင့် စာကြည့်တိုက်လေးဟာ သင်္ကန်းကျွန်းမြို့နယ် ခတ်ချီးယား မှတ်တိုင်မှာ တည်ရှိပါတယ်။ ဒီစာကြည့်တိုက်လေးကို သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေ က ကြိုးပမ်းခဲ့ကြလို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ စာကြည့်တိုက်လေး မဖွင့်မှီ ၂ရက်အလိုလောက်တုန်းကမှ ကျွန်တော် ပထမဆုံး အကြိမ် ရောက်ဖူးခဲ့တာ ဖြစ်ပြီး အဲ့ဒိစာကြည့်တိုက်လေးထဲက စုံလင်လှတဲ့ စာအုပ်အမျိုးစားတွေကို ကြည့်ရုံနဲ့ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့တွေ အနေနဲ့ ဘယ်လောက် ကြိုးစား အားထုတ်ထားတယ် ဆိုတာ သိနိုင်ပါတယ်။  ကျွန်တော် ဒီစာကြည့်တိုက်လေးကို ရောက်ဖြစ်တာကလဲ သင်္ကန်းကျွန်းသားတွေ ဖြစ်ကြပြီး စာကြည့်တိုက် အတွက် သင်္ကန်းကျွန်း အဖွဲ့ချုပ် လူငယ်တွေနဲ့ အတူ တတပ်တအား ကူညီပေးနေတဲ့ ကိုဇော်ဇော်နဲ့ ကိုမိုးလှိုင်ညတို့ ကြောင့်ဖြစ်ပါတယ်။ အဲ့ဒိနေ့ညနေကလဲ မရည်ရွယ်ဘဲ သူတို့ဆီရောက်သွားရာက စာကြည့်တိုက် ဖွင့်ပွဲအတွက် ဗီနိုင်းဒီဇိုင်း လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းလုပ်တယ်ဆိုပေမယ့် ကျွန်တော်က ကွန်ပျူတာ ကိုင်ကာ တစ်ချို့ အိုင်ဒီယာတွေကို ကိုဇော်နဲ့ ကိုမိုးလှိုင်ညတို့က ဘေးက အကြံပေးကြတာပါ။ အဲ့နေ့ညက ဒီဇိုင်းထိုင်ဆွဲလိုက်၊ သင်္ကန်းကျွန်းအဖွဲ့ချုပ်က အသိတွေနဲ့ စကားတွေ ဖောင်ဖွဲ့လိုက်နဲ့ အတော်လေး မိုးချုပ်သွားလို့ ကျွန်တော့်အိမ်ပြန်ဖို့ ဘတ်စ်ကား မရှိတော့တာနဲ့ အဲ့ဒိစာကြည့်တိုက်လေးမှာပဲ အိပ်ဖြစ်ခဲ့တယ်။ Continue reading

မြန်မာနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လူငယ်များ၏ အခန်းကဏ္ဍ

(ရန်ကုန်တိုင်းမ် ဂျာနယ်၏ Perspective ကဏ္ဍအောက်တွင် မေးမြန်းဖော်ပြခြင်းခံရသည်ကို ပြန်လည်ကူးယူဖော်ပြပါတယ်။)

မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများသည် ဆက်တိုက် ဆိုသလို အလျင်အမြန် တိုးတက် ပြောင်းလဲလာနေသည်ကို တွေ့နေရပေသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ နောက်ပိုင်းတွင် အုပ်ချုပ်လာသော စစ်အစိုးရမှ ၂၀၁၀တွင် ဒီမိုကရေစီ အစိုးရကို ကူးပြောင်းလာခဲ့ရာတွင် အနှစ်၂၀ကျော် အချိန်တစ်ခုကို ဖြတ်သန်းလာသည် ဖြစ်ရာ ယင်းသက်တမ်းသည် လူငယ်မျိုးဆက် တစ်ခု၏ နှစ်သက်တမ်းတို တစ်ခုဟုပင် ပြော၍ ရပေသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင်  လူငယ်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို လွတ်လပ်ရေး ရယူရန် ကြိုးစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမှသည် ခေတ်အဆက်ဆက် ဖြတ်သန်းရာ တစ်လျှောက်တွင် တွေ့မြင်နိုင်သည်။

သို့သော် ယနေ့လူငယ်များနှင့် ပတ်သက်၍ အမျိုးသား နိုင်ငံရေး၊ ပါတီနိုင်ငံရေးနှင့် ထိတွေ့မှုနည်းပါးသည်ဟု ရှုမြင်ကြသူများ ရှိနေသလို နိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို တစိုက်မတ်မတ်လေ့လာနေသူ လူငယ်များ ရှိနေကြသည်။ Continue reading

သတင်းကောင်းလေးတွေပေါ့

တစ်နေ့က ကျွန်တော် အင်တာနက်ဂျာနယ်ဖတ်တော့ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက် ၃၅,၀၀၀ ကျော်ကို ပြန်လည်ကြည့်ရှုခွင့် ပေးတယ်လို့ သတင်းအချက်အလက်နဲ့ နည်းပညာ ဌာနက အင်ဂျင်နီယာချုပ်က ပြောတဲ့အကြောင်း ဖတ်ရပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ မဖွင့်စဖူး ဆိုက်တွေ တော်တော် ပွင့်နေတာမို့ သိပ်မယုံချင်ဘူး။ တစ်လောကလဲ ပွင့်တယ်ဆိုပြီး မကြာပါဘူး ပြန်ပိတ်သွားတာပါပဲ။ ခုတော့ အင်တာနက် ဂျာနယ်လိုမျိုးက ဖော်ပြတယ်ဆိုတော့ ဒါဟာ တရားဝင် ဖြစ်သွားပြီလို့ ယူဆရပါတယ်။

ဒီတစ်ပတ် အင်တာနက် ဂျာနယ်ကိုဖတ်ရတာ သတင်းထူးတွေချည်းပဲ ဖတ်ရပါတယ်။ နောက်သတင်း ကောင်း တစ်ခုကတော့ ကွန်ပျူတာ တက္ကသိုလ် ဘွဲ့သင်တန်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကနေ စပြီး တစ်နှစ်ထပ်တိုးမယ်လို့ သိရပါတယ်။ ဒါလဲ သတင်းကောင်းပါပဲ။ တကယ့်ကို လက်တွေ့နဲ့ သီအိုရီပိုင်း သင်ကြားပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံ အိုင်တီကဏ္ဍအတွက် မျိုးဆက်သစ်တွေ အများအပြား ပေါ်ထွက်လာကြမှာပါ။ ဒါပေမယ့် တက်လက်စ ကျောင်းသားတွေကတော့ ဘဝင်ကျလှမယ်တော့ မထင်ဘူး။ :) နောက်တစ်ခုကတော့ ၂၀၁၅ မှာ broadband အင်တာနက် စနစ်ကို ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန် ဦးတည်ထားရှိပြီးဖြစ်တဲ့အကြောင်း၊ (မျှော်ဟော်ဟော်ပေါ့.. ) အခြေခံပညာရေးမှာ ကွန်ပျူတာ နည်းပညာ ဘာသာရပ်ကို တွဲဖက် သင်ရိုးအဖြစ် ပြဌာန်း မယ်လို့လဲ ဖတ်ရပြီး တစ်ပတ်မှာ တစ်ခါ ကလေးတွေကို ကွန်ပျူတာ သင်ကြားပေးမယ်လို့ ဆိုပါတယ်။ တကယ်ကို ကလေးတွေကို စေတနာ ရှေ့ထားပြီး သင်ပေးဖို့လိုတယ်။ ဆရာမတွေ သီးသန့်သုံးတဲ့ ကွန်ပျူတာခန်း မဖြစ်ဖို့လဲ လိုပါတယ်။ ဝန်ကြီးလာကြည့်မှ ဟန်ပြ ကွန်ပျူတာ သုံးပြတာမျိုး မဖြစ်ဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီလို့ အသိမှတ်ပြုလို့ရပါတယ်။ အရေးကြီးတာ အရပ်ဘက် အဖွဲ့စည်းကိုယ်စားပြု အဖွဲ့တွေကလဲ အစိုးရဝန်ကြီးတွေထိ ရောက်အောင် စွမ်းဆောင်နိုင်ရက်နဲ့ တကယ်ပြောင်းလဲ သင့်တာလေးတွေ ပွင့်ပွင့်လင်းလင်း တင်ပြစေချင်ပါတယ်။ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ စေတနာ ရှေ့ထားပြောပေးမယ်ဆိုရင် ဖြင့် သာဓုခေါ်တယ်ပေါ့ဗျာ။ လောလောဆယ် ဝက်ဘ်ဆိုက်လေးတွေ ပြန်ဖွင့်လို့ ကျေးဇူးတင်ပါတယ်။ နောက်လဲ bandwidth အပြည့်ရအောင် စွမ်းဆောင်ပေးကြပါအုံးလို့..။

ပိတ်ဆို့ခံထားရသော အခွင့်အရေးများ

ယနေ့ခေတ်မှာ ကိုယ်ရေးကိုယ်တာ Privacy တွေဟာ ပြင်ပမှာကော၊ ဒစ်ဂျစ်တယ်မှာပါ အရေးကြီးပြီး ရှုပ်ထွေးတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ လွတ်လပ်စွာ သုံးစွဲခွင့်၊ အသုံးပြုသူအခွင့်အရေး ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ ပိတ်ဆို့မှုတွေကြားမှာ အမြဲတမ်း လွန်ဆွဲနေရပါတယ်။ အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ အပြန်လှန် ကူးလူးဆက်သွယ်ဖို့အတွက် တော်လှန်ခဲ့တဲ့ အရာဖြစ်ပါတယ်။ အင်တာနက် နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ကောင်းတဲ့အချက်တွေ ရှိသလို၊ အခြားဘေးထွက် ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဘဏ်အကောင့်နံပါတ်တွေ၊ အကြွေးဝယ်ကဒ် နံပါတ်တွေ အခိုးခံရတာမျိုးတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီး မကြာတော့တဲ့ ကာလတစ်ခုမှာ စတော့ဈေးကွက်နဲ့ အွန်လိုင်းငွေပေးချေမှု ဘဏ်စနစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဒါဟာ အရေးကြီးတဲ့ issue တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ Continue reading

အရည်အချင်းရှိ နိုင်ငံရေးသမားများ အလိုရှိသည်

ခုတစ်လော ကျွန်တော် သတင်းတွေကြည့်တယ်ဗျာ။ လွှတ်တော်မှာ ပြောနေဆိုနေကြတဲ့ အမတ်တွေ ပြောတာကို လေ့လာစောင့်ကြည်နေတယ်။ ပြောရရင် တစ်ခုမှ အားရစရာ မရှိဘူး။ မေးခွန်းတွေကလဲ အားပျော့လွန်းတယ်။ သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့ မေးခွန်းလောက်ကို ပြည်ထောင်စု အဆင့် လွှတ်တော်ကြီးမှာ လာမေးနေတာ သိပ်မဟုတ်လှဘူး။ နောက်တစ်ခု မေးခွန်းတွေက သန်စွမ်းမှုမရှိဘူး။ သန်စွမ်းမှု မရှိဘူးဆိုတာ အချက်အလက်လဲ မခိုင်လုံဘူး၊ မေးခွန်းတွေ ကြည့်တာနဲ့တင် လုပ်ပေးပါလား ခင်ဗျာလို့ မဝံ့မရဲ မေးနေတဲ့ပုံတွေ ပေါက်နေတယ်။ ဘယ်နှယ့် တော်တော်ကြီးကို လွဲနေပြီပေါ့ဗျာ။ လွှတ်တော် အမတ်ဆိုတာ တကယ်တမ်းဆို အစိုးရအဖွဲ့ထက် ပိုပြီး လုပ်ပိုင်ခွင့်ပိုရှိတယ်။ အစိုးရမှာ သောက်သုံးမကျရင် ဖြုတ်လို့ရတယ်။ လွှတ်တော်အမတ်ကို အကြောင်းမဲ့ ထုတ်ပယ်ပစ်လို့ မရဘူး။ ပြီးတော့ လွှတ်တော် အမတ်တွေရဲ့ တာဝန်ဟာ ဥပဒေတွေကို ပြင်ဆင်ဖို့၊ အသင်တင်သွင်းဖို့ အလုပ် နဲ့ လက်ရှိ အာဏာရအစိုးရရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပေးဖို့ လုပ်ရမှာပေါ့။ Continue reading