သတင်းကောင်းလေးတွေပေါ့

တစ်နေ့က ကျွန်တော် အင်တာနက်ဂျာနယ်ဖတ်တော့ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက် ၃၅,၀၀၀ ကျော်ကို ပြန်လည်ကြည့်ရှုခွင့် ပေးတယ်လို့ သတင်းအချက်အလက်နဲ့ နည်းပညာ ဌာနက အင်ဂျင်နီယာချုပ်က ပြောတဲ့အကြောင်း ဖတ်ရပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ မဖွင့်စဖူး ဆိုက်တွေ တော်တော် ပွင့်နေတာမို့ သိပ်မယုံချင်ဘူး။ တစ်လောကလဲ ပွင့်တယ်ဆိုပြီး မကြာပါဘူး ပြန်ပိတ်သွားတာပါပဲ။ ခုတော့ အင်တာနက် ဂျာနယ်လိုမျိုးက ဖော်ပြတယ်ဆိုတော့ ဒါဟာ တရားဝင် ဖြစ်သွားပြီလို့ ယူဆရပါတယ်။

ဒီတစ်ပတ် အင်တာနက် ဂျာနယ်ကိုဖတ်ရတာ သတင်းထူးတွေချည်းပဲ ဖတ်ရပါတယ်။ နောက်သတင်း ကောင်း တစ်ခုကတော့ ကွန်ပျူတာ တက္ကသိုလ် ဘွဲ့သင်တန်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကနေ စပြီး တစ်နှစ်ထပ်တိုးမယ်လို့ သိရပါတယ်။ ဒါလဲ သတင်းကောင်းပါပဲ။ တကယ့်ကို လက်တွေ့နဲ့ သီအိုရီပိုင်း သင်ကြားပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံ အိုင်တီကဏ္ဍအတွက် မျိုးဆက်သစ်တွေ အများအပြား ပေါ်ထွက်လာကြမှာပါ။ ဒါပေမယ့် တက်လက်စ ကျောင်းသားတွေကတော့ ဘဝင်ကျလှမယ်တော့ မထင်ဘူး။ :) နောက်တစ်ခုကတော့ ၂၀၁၅ မှာ broadband အင်တာနက် စနစ်ကို ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန် ဦးတည်ထားရှိပြီးဖြစ်တဲ့အကြောင်း၊ (မျှော်ဟော်ဟော်ပေါ့.. ) အခြေခံပညာရေးမှာ ကွန်ပျူတာ နည်းပညာ ဘာသာရပ်ကို တွဲဖက် သင်ရိုးအဖြစ် ပြဌာန်း မယ်လို့လဲ ဖတ်ရပြီး တစ်ပတ်မှာ တစ်ခါ ကလေးတွေကို ကွန်ပျူတာ သင်ကြားပေးမယ်လို့ ဆိုပါတယ်။ တကယ်ကို ကလေးတွေကို စေတနာ ရှေ့ထားပြီး သင်ပေးဖို့လိုတယ်။ ဆရာမတွေ သီးသန့်သုံးတဲ့ ကွန်ပျူတာခန်း မဖြစ်ဖို့လဲ လိုပါတယ်။ ဝန်ကြီးလာကြည့်မှ ဟန်ပြ ကွန်ပျူတာ သုံးပြတာမျိုး မဖြစ်ဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီလို့ အသိမှတ်ပြုလို့ရပါတယ်။ အရေးကြီးတာ အရပ်ဘက် အဖွဲ့စည်းကိုယ်စားပြု အဖွဲ့တွေကလဲ အစိုးရဝန်ကြီးတွေထိ ရောက်အောင် စွမ်းဆောင်နိုင်ရက်နဲ့ တကယ်ပြောင်းလဲ သင့်တာလေးတွေ ပွင့်ပွင့်လင်းလင်း တင်ပြစေချင်ပါတယ်။ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ စေတနာ ရှေ့ထားပြောပေးမယ်ဆိုရင် ဖြင့် သာဓုခေါ်တယ်ပေါ့ဗျာ။ လောလောဆယ် ဝက်ဘ်ဆိုက်လေးတွေ ပြန်ဖွင့်လို့ ကျေးဇူးတင်ပါတယ်။ နောက်လဲ bandwidth အပြည့်ရအောင် စွမ်းဆောင်ပေးကြပါအုံးလို့..။

ပိတ်ဆို့ခံထားရသော အခွင့်အရေးများ

ယနေ့ခေတ်မှာ ကိုယ်ရေးကိုယ်တာ Privacy တွေဟာ ပြင်ပမှာကော၊ ဒစ်ဂျစ်တယ်မှာပါ အရေးကြီးပြီး ရှုပ်ထွေးတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ လွတ်လပ်စွာ သုံးစွဲခွင့်၊ အသုံးပြုသူအခွင့်အရေး ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ ပိတ်ဆို့မှုတွေကြားမှာ အမြဲတမ်း လွန်ဆွဲနေရပါတယ်။ အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ အပြန်လှန် ကူးလူးဆက်သွယ်ဖို့အတွက် တော်လှန်ခဲ့တဲ့ အရာဖြစ်ပါတယ်။ အင်တာနက် နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ကောင်းတဲ့အချက်တွေ ရှိသလို၊ အခြားဘေးထွက် ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဘဏ်အကောင့်နံပါတ်တွေ၊ အကြွေးဝယ်ကဒ် နံပါတ်တွေ အခိုးခံရတာမျိုးတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီး မကြာတော့တဲ့ ကာလတစ်ခုမှာ စတော့ဈေးကွက်နဲ့ အွန်လိုင်းငွေပေးချေမှု ဘဏ်စနစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဒါဟာ အရေးကြီးတဲ့ issue တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ Continue reading

အရည်အချင်းရှိ နိုင်ငံရေးသမားများ အလိုရှိသည်

ခုတစ်လော ကျွန်တော် သတင်းတွေကြည့်တယ်ဗျာ။ လွှတ်တော်မှာ ပြောနေဆိုနေကြတဲ့ အမတ်တွေ ပြောတာကို လေ့လာစောင့်ကြည်နေတယ်။ ပြောရရင် တစ်ခုမှ အားရစရာ မရှိဘူး။ မေးခွန်းတွေကလဲ အားပျော့လွန်းတယ်။ သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့ မေးခွန်းလောက်ကို ပြည်ထောင်စု အဆင့် လွှတ်တော်ကြီးမှာ လာမေးနေတာ သိပ်မဟုတ်လှဘူး။ နောက်တစ်ခု မေးခွန်းတွေက သန်စွမ်းမှုမရှိဘူး။ သန်စွမ်းမှု မရှိဘူးဆိုတာ အချက်အလက်လဲ မခိုင်လုံဘူး၊ မေးခွန်းတွေ ကြည့်တာနဲ့တင် လုပ်ပေးပါလား ခင်ဗျာလို့ မဝံ့မရဲ မေးနေတဲ့ပုံတွေ ပေါက်နေတယ်။ ဘယ်နှယ့် တော်တော်ကြီးကို လွဲနေပြီပေါ့ဗျာ။ လွှတ်တော် အမတ်ဆိုတာ တကယ်တမ်းဆို အစိုးရအဖွဲ့ထက် ပိုပြီး လုပ်ပိုင်ခွင့်ပိုရှိတယ်။ အစိုးရမှာ သောက်သုံးမကျရင် ဖြုတ်လို့ရတယ်။ လွှတ်တော်အမတ်ကို အကြောင်းမဲ့ ထုတ်ပယ်ပစ်လို့ မရဘူး။ ပြီးတော့ လွှတ်တော် အမတ်တွေရဲ့ တာဝန်ဟာ ဥပဒေတွေကို ပြင်ဆင်ဖို့၊ အသင်တင်သွင်းဖို့ အလုပ် နဲ့ လက်ရှိ အာဏာရအစိုးရရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပေးဖို့ လုပ်ရမှာပေါ့။ Continue reading

နေပြည်တော် ဂျုံးဂျုံးဂျက်ဂျက်၊ စိုးရိမ်ရေအမှတ် နှင့် ရန်ကုန်ကလူ(၁)

ဒီတစ်ခေါက် နေပြည်တော်သွားတာပါဆို ၄ခေါက်ရှိသွားပြီ။ ဒါပေမယ့် ရောက်တဲ့အခေါက်တိုင်း တစ်ခြား ကိစ္စလေးတွေ ရှိနေတတ်တာမို့ နေရာအနှံ့မလည် ဖြစ်ပါဘူး။ အခုတစ်ခေါက်လဲ အနှံ့မလည်ခဲ့ပါဘူး။ ဒီတစ်ခေါက် တော့ ရေပန်းဥယျာဉ်ကို ရောက်ခဲ့တယ်။ အရင်ကတော့ ကျွန်တော့် အဒေါ်အိမ်မှာ တည်းပေမယ့် ဒီတစ်ခေါက်တော့ ပျဉ်းမနားက သူငယ်ချင်းရဲ့ အမျိုးအိမ်မှာ တည်းဖြစ်ပါတယ်။ ရန်ကုန်ကနေ လာတုန်းက မီးရထားနဲ့လာခဲ့ပြီး Diablo လေးဗူး၊ ပေါင်မုန့်တစ်ထုပ်၊ ငါးသေတ္တာ သုံးဗူးနဲ့ လူ၂ယောက်..။ တစ်ခုရှိသေးတယ်.. လက်မှတ်စစ်လာတော့ လက်မှတ်ဝယ်တုန်းက သူများ မှတ်ပုံတင်နဲ့ ဝယ်ထားမိလို့ ဒဏ်ငွေ သုံးထောင် ပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရပဲ။ သူငယ်ချင်း နှစ်ယောက် သစ်သားခုံတန်းပေါ်မှာ ထိုင်ကာ စကားစမြည်ပြောကြရင်း၊ လယ်ကွင်းတွေက တစ်ရိပ်ရိပ်နဲ့ ပြတင်းပေါက်တွေဆီကနေ လှစ်ခနဲ လှစ်ခနဲ ပျောက်ကွယ်သွားကြတယ်။ မိုးတွေက တဖြောက်ဖြောက်နဲ့။ Continue reading