ဒုတိယအကြိမ်မြောက် ကျင်းပသော ဘားကမ့်ရန်ကုန် မီဒီယာ ရှင်းလင်းပွဲကို ယမန်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါပွဲကို စာနယ်ဇင်းမှ သတင်းသမားများ နှင့် MRTV4 မှ လာရောက် သတင်းယူကြပါတယ်။ မြန်မာ အင်ဖိုတက်ခ်တွင် ဖေဖော်ဝါရီလ ၁၉ရက်နှင့် ၂၀ ရက်နေ့များတွင် ကျင်းပမည် ဖြစ်သော အဆိုပါ ဒုတိယ အကြိမ်မြောက် ဘားကမ့်ရန်ကုန်ပွဲ (မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနှင့်ဆို မန္တလေးပြီးလျှင် တတိယ အကြိမ်ဖြစ်) ကို ယခင်နှစ်အတိုင်း စည်းကားသိုက်မြိုက်အောင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။
အဖွင့်အမှာစကား ပြောကြားနေသော ဘားကမ့်ဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ကိုသောင်းစုငြိမ်း
ယခုနှစ်တွင် ရတနာပုံ တယ်လီပို့၊Myanmar Blogger Society၊ Inforithm-maze၊ အင်တာနက်ဂျာနယ်၊ Prime artwork၊ Delux၊ kaspersky၊ Lenovo စသည့် ကုမ္ပဏီများ၏ စပွန်ဆာ ပံ့ပိုးမှုဖြင့် ကျပ်သိန်းတစ်ရာကျော် ကုန်ကျခံမည် ဖြစ်ပါသည်။ အဆိုပါ ဘားကမ့်ရန်ကုန်ပွဲမတိုင်ခင်တွင် မန္တလေးမြို့တွင်လည်း ပထမအကြိမ် ဘားကမ့်ကို ဖေဖော်ဝါရီလ ၁၂၊ ၁၃ ရက်များတွင် ကျင်းပမည် ဖြစ်ကြောင်း သိရပါတယ်။
တက်ရောက်လာကြသူများ
ဖေဖော်ဝါရီလ ၁၉၊ ၂၀ တွင် ကျင်းပမည် ဖြစ်သော ဘားကမ့်ရန်ကုန်သို့ တက်ရောက်လိုသူများ www.barcampyangon.org တွင် register စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ တက်ရောက်မည့် သူများကိုလည်း ယခင်နှစ်ကအတိုင်း လက်ဆောင် ပစ္စည်းများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်တွင် ယခင်နှစ်က အောင်မြင်မှုအတိုင်း ထိန်းသိမ်းထားနိုင်ရန် ဘားကမ့်ဖြစ်မြောက်ရေးအဖွဲ့မှ အထူးကြိုးပမ်း လျှက်ရှိကြောင်း သိရှိရပါသည်။