မနိုးထချင်သေးဘူး။ မနိုးထချင်သေးဘူး။ လက်ခုပ်တီးသံတွေ ကြားတယ်။ ဟောဒီ မှောင်နေတဲ့ ခန်းငယ်လေးပါပဲ။ နောက်မှီ ကုလားထိုင်လေးမှာ ထိုင်ရင်း တံခါးမကြီးဆီကို တွေဝေငေးကြည့်မိတယ်။ ‘အနီရောင်ပန်းသီးတွေ…’။ အဓိပ္ပါယ်မဲ့ နှုတ်ခမ်းကို ခပ်တွန့်တွန့် ပြုံးလိုက်၏။ မှောင်လိုက်လင်းလိုက်..။ နတ်သမီးရုပ် နမူနာ ၊ ခေါင်းကျိုးနေသော မြှား..၊ စက္ကူစုတ်တွေ စီစီရီရီ ပြန့်ကျဲနေတယ်။ ‘သိပ်စိတ်ဝင်စားစရာ မကောင်းဘူး..’ ၊ သေဆုံးသွားသော မြေသားများကို သူတို့မသယ်နေကြစဉ် မြို့ကြီးရဲ့အချည်းအနှီး လဲလှယ်မှုတွေကို သူအံ့ဩမိတယ်။ လမ်းညွှန်ဆိုင်းဘုတ် တွေဆီက စစ်မှန်မှုဟာ ဒီနှစ်ထဲ လျှောက်နေရတဲ့ လမ်းတွေ မနည်းဘူးဆိုတာ သက်သေပြ နေသလိုပါပဲ။ လက်လွှတ်ခဲ့ရပြီးမှ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည် ရောက်ရှိခြင်းဟာ ဘူတာတစ်ခုအတွက် သုခလား၊ ဒုက္ခလား မကွဲပြားသေးပါဘူး။ တစ်ချို့ကလည်း မြို့ကြီးရဲ့ အသည်းနှလုံးလမ်းမကြီးပေါ်မှ ဖြတ်ရင်း သူတို့ဆန္ဒတွေ လှလှပပလေး သရုပ်ပြသွားကြတယ်။ Continue reading
ပြန်လမ်း
Reply
