Aug 31

World Blog Day 2010

What is BlogDay?

BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors.
With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.

What will happen on BlogDay?

one long moment on August 31st, bloggers from all over the world will post recommendations of 5 new Blogs, preferably Blogs that are different from their own culture, point of view and attitude. On this day, blog readers will find themselves leaping around and discovering new, unknown Blogs, celebrating the discovery of new people and new bloggers.

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2010
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2010 and a link to the BlogDay web site at http://www.blogday.org

Celebrate!

You can get badges from blogday.org

Reference : www.blogday.org

P.S : Our Myanmar bloggers will also celebrate World Blog day & Myanmar Blog Day soon.

0
comments

Aug 27

ချစ်သောမြို့

1
comments

Aug 22

သစ်ပင်စိုက်တဲ့ကဗျာဆရာများ

မနေ့က Action Group of Myanmar Poets (AGMP) က ဆရာများအဖွဲ့နဲ့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာမြို့သစ်၊ မဟာဝံသကျောင်းတိုက်ကို လိုက်သွားဖြစ်တယ်။ ဘီအမ်ကားနဲ့ မြို့ထဲကနေ မင်္ဂလာဒုံအထိ လစ်ကြတာ မြင်ဖူးတဲ့ မမြင်ဖူးတဲ့ ကဗျာဆရာတွေအများကြီးပဲ ပြီးတော့ သူတို့ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် နောက်ကြပြောင်ကြနဲ့ ပျော်ဖို့ကောင်းတယ်ဗျာ။ မင်္ဂလာဒုံဆိုပေမယ့် ပုလဲမြို့သစ် တော်တော်ကျော်သွားတယ် အဲ့ဒိကို သွားရတာတင် တော်တော် ပြိုင်းတယ်။ ဟိုရောက်တော့ အရင်ဆုံး တရားနာ၊ ဆရာဒဂုံတာရာရဲ့ သဝဏ်လွှာ ဖတ်ကြား၊ ပြီးတော့ ဆရာမောင်လင်းရိပ်နဲ့ ဆရာသစ္စာနီတို့က အမှာစကား ပြောကြားပြီး စိုက်ပျိုးရမယ့် မြေနေရာတွေနဲ့ ကွယ်လွန်လေပြီးသော ကဗျာဆရာများရဲ့ အမည်တွေနဲ့ နေရာချထားမှုကို ရှင်းလင်းပြောပြပါတယ်။ (ကျွန်တော်၏ မနှံ့စပ်မှုကြောင့် ကဗျာဆရာနာမည် တစ်ချို့ကို လူနဲ့တွဲပြီး မပြောပြနိုင်တာ နားလည်ပေးပါခင်ဗျာ)။ အစီစဉ်တွေပြီးတော့ ကောက်ညှင်းပေါင်းနဲ့ ငါးပုတ်ခြောက် ကျွေးတယ် ဖက်ထုပ်လေးနဲ့ ခရီးခပ်လှမ်းလှမ်းကို လာရလို့လား မသိဘူး ဗိုက်က တဟာဟာနဲ့ စားလို့ကောင်းတယ်ဗျ။ (၂ထုပ်လောက်ဆွဲလိုက်တယ် အဟဲ)။ ဝါးတီးအစီစဉ်တွေပြီးတော့ သစ်ပင်စိုက်ဖို့ ကျောင်းရဲ့ နောက်ဖက် ကွင်းပြင်ထဲကို ရွှံတောတွေထဲဖြတ်လျှောက် ပြီးသွားကြတယ်။ ပရဟိတရေးမို့ ထင်ပါတယ် ဆရာတွေအားလုံး ကြီးကြီးငယ်ငယ် ပေါ့ပါးပျော်ရွှင်လို့။ ဒါနဲ့ လော်နဲ့ စိုက်ရမယ့် အပင်တွေ ကို အော် ဝိုင်းဝန်းစိုက်သူတွေက စိုက်နဲ့ တပျော်တပါးပေါ့ဗျာ။ စိုက်တဲ့ အပင်ရေတွက်ပေါင်း ၁၂၉ ပင်ရှိကြောင်းသိရှိရပြီး နောင်လဲ ကဗျာတောအုပ်လေးတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆရာမောင်လင်းရိပ်က ရှင်းလင်းပြောသွားခဲ့ပါတယ်။ စိုက်လို့ပျိုးလို့ ပြီးတော့ အမောပန်းဖြေရင်း ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ အင်း.. မောတော့ မောခဲ့ကြပုံပဲ… ဒါပေမယ့် မမောဘူးပေါ့ဗျာ..။
ဒီပုံရိုက်တော့ ဒီဆရာ၂ယောက်ကို တွတ်ပီနဲ့ ဗိုက်ကလေးလို့ ချစ်စနိုးခေါ်ကြတယ်..။ :)
သစ်ပင်ပျိုးသော ကမ္ဘာမြေကို ချစ်သော ကဗျာဆရာများ

3
comments

Aug 14

ထူးအိမ်သင်ဒေး

Htoo Eain Thin၆နှစ်ပြည့်ခဲ့ပြီ…။

ထူးအိမ်သင်(သို့မဟုတ်)သျှပ်မှူးကျော်(သို့မဟုတ်)ကိုငှက်… ကျွန်တောို..ထူးအိမ်သင်ကို သေချာမသိဘူး။ဒါပေမယ့် သူ့အနုပညာပစ္စည်းတွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရတယ်။ ထူးအိမ်သင် အကြောင်း တစေ့တစောင်း ရေးထားသော စာအုပ်များကို ဖတ်မိတဲ့အခါ ပိုပြီး လေးစားလာမိတယ်။ “သူဟာ အပိုဆာဒါးတွေမလုပ်တတ်သူ” (မောင်ကိုကို (အမရပူရ))

မလုပ်ချင်တာကို မလုပ်တဲ့ သတ္တိ သူ့မှာရှိတယ်။ ကျွန်တော် မြင်မိတာ ထူးအိမ်သင်ကိုယ်တိုင်ကိုယ်က အနုပညာတစ်ရပ်..။ ပြီးတော့ ဖလော်ဆော်ဖာ တစ်ယောက်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော် ဘယ်သူ့ကိုမှ တခုတ်တရ မလွမ်းဖူးဘူး..။ ဒါပေမယ့် ထူးအိမ်သင်ကို တော့ အမှတ်တရ လွမ်းတယ်။ သူလွင့်ပါးသွားပေမယ့် သူဖန်တီးခဲ့သော သူ့အနုပညာက ကျွန်တော်တို့ ရင်ဘတ်ထဲမှာ အမြဲကျန်ရှိနေတယ်။ ကိုငှက်က ကျွန်တော်တို့ကို သိချင်မှ သိမယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက ကိုငှက်ရဲ့ တေးသံတွေနဲ့ ရင်းနှီးတယ်။ ကိုငှက်ဟာ ကမ္ဘာမြေကြီးအတွက် သီချင်းလေးတစ်ပုဒ် ဖြစ်ခဲ့တယ်။ ၆နှစ်… စစ်မှန်တဲ့ အနုပညာဆိုတာ ဘယ်တော့မှ မျိုးတုံးသွားမှာ မဟုတ်ပါဘူး။ ရောက်လေရာ ဘဝမှာ အေးချမ်းပျော်ရွှင်နေပါစေ ကိုငှက်ရေ…..။

ချစ်ခြင်းအားဖြင့်….

မင်းယွန်းသစ်

P.S ကျွန်တော် အမှတ်တရ ဆွဲထားသော ထူးအိမ်သင်ပုံအား မည်သူမဆို လွတ်လပ်စွာ ယူသုံးနိုင်ပါတယ်။ (ပုံပေါ်တွင် ကလစ်နှိပ်၍ ဆိုက်ဒ်ကြီးဖြင့် ယူနိုင်ပါတယ်)

0
comments

Aug 05

ရင်ကွဲရောင် ကောင်းကင်ထဲက ကျိန်စာ

credit : www.crystalxp.net

တစ်နေ့လုံး ပြတင်းတံခါးကျဉ်းကျဉ်းလေးကနေ မြင်နေရတဲ့ တိမ်တိုက်တွေက မှုံမှိုင်းနေတယ်။ တစ်ယောက်တည်းထိုင်နေရတဲ့ ကုလားထိုင်ဟာ ပျင်းရိစွာ တကျိကျိမြည်နေ၏။ စီးကရက်ဘူးထဲက နောက်ဆုံး လက်ကျန်တစ်လိပ်ကို မီးညှိလိုက်ပြီး တရှိုက်မက်မက် ဖွာလိုက်သည်။ ရထားသည် ဥသြဆွဲသံနှင့် အတူ လူကူးတံတားလေး အောက်ဘက်မှ တရွေ့ရွေ့ ခုတ်မောင်းသွား၏။ ထို့နောက် သရက်ကိုင်းများ၏ လှုပ်ခတ်သံများမှ လွဲ၍ တိတ်…….တိတ်……ဆိတ်……..ဆိတ်….။

“မိုးတွေရွာတော့ မယ်ထင်တယ်”

( Read more )

2
comments