နည်းပညာနှင့်နိုင်ငံရေး

အခုတစ်လော ကျွန်တော် သင်တန်းနဲ့အလုပ်နဲ့ ပတ်ချာလည်နေတာမို့ တစ်ခုခုရေးချင်စိတ်ရှိပေမယ့် မရေးဖြစ်ဘူး ဖြစ်နေတယ်။ ခုတစ်လောမှာ နိုင်ငံရေးအကျဉ်းသားတွေ အချို့လွတ်တာအတွက် ဝမ်းမြောက်မိပါတယ်။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား (သူတို့အခေါ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ) အကုန်ပြန်လွတ်လာရင် အကောင်းဆုံးပါပဲ။ ကျွန်တော်တို့တွေလဲ ကျွန်တော်တို့ သူငယ်ချင်း ကိုနေဘုန်းလတ်ကို မျှော်သလို တစ်ခြားသော သူတွေလဲ သူတို့ရဲ့သားသမီးတွေ၊ မိဘတွေ၊ ဆွေမျိုးသားချင်းတွေကို မျှော်နေကြမှာပဲ။ လတ်တစ်လော သတင်းဌာနတွေ တော်တော်များများကတော့ ဦးကိုကိုလှိုင်ရဲ့ နောက်ထပ်ပြန်လွှတ်နိုင်ဖွယ် ရှိသေးတယ်ဆိုတဲ့ မှတ်ချက်ကို ကိုးကားပြီး မျှော်လင့်နေကြပါတယ်။ Continue reading

သတင်းကောင်းလေးတွေပေါ့

တစ်နေ့က ကျွန်တော် အင်တာနက်ဂျာနယ်ဖတ်တော့ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက် ၃၅,၀၀၀ ကျော်ကို ပြန်လည်ကြည့်ရှုခွင့် ပေးတယ်လို့ သတင်းအချက်အလက်နဲ့ နည်းပညာ ဌာနက အင်ဂျင်နီယာချုပ်က ပြောတဲ့အကြောင်း ဖတ်ရပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ မဖွင့်စဖူး ဆိုက်တွေ တော်တော် ပွင့်နေတာမို့ သိပ်မယုံချင်ဘူး။ တစ်လောကလဲ ပွင့်တယ်ဆိုပြီး မကြာပါဘူး ပြန်ပိတ်သွားတာပါပဲ။ ခုတော့ အင်တာနက် ဂျာနယ်လိုမျိုးက ဖော်ပြတယ်ဆိုတော့ ဒါဟာ တရားဝင် ဖြစ်သွားပြီလို့ ယူဆရပါတယ်။

ဒီတစ်ပတ် အင်တာနက် ဂျာနယ်ကိုဖတ်ရတာ သတင်းထူးတွေချည်းပဲ ဖတ်ရပါတယ်။ နောက်သတင်း ကောင်း တစ်ခုကတော့ ကွန်ပျူတာ တက္ကသိုလ် ဘွဲ့သင်တန်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကနေ စပြီး တစ်နှစ်ထပ်တိုးမယ်လို့ သိရပါတယ်။ ဒါလဲ သတင်းကောင်းပါပဲ။ တကယ့်ကို လက်တွေ့နဲ့ သီအိုရီပိုင်း သင်ကြားပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံ အိုင်တီကဏ္ဍအတွက် မျိုးဆက်သစ်တွေ အများအပြား ပေါ်ထွက်လာကြမှာပါ။ ဒါပေမယ့် တက်လက်စ ကျောင်းသားတွေကတော့ ဘဝင်ကျလှမယ်တော့ မထင်ဘူး။ :) နောက်တစ်ခုကတော့ ၂၀၁၅ မှာ broadband အင်တာနက် စနစ်ကို ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန် ဦးတည်ထားရှိပြီးဖြစ်တဲ့အကြောင်း၊ (မျှော်ဟော်ဟော်ပေါ့.. ) အခြေခံပညာရေးမှာ ကွန်ပျူတာ နည်းပညာ ဘာသာရပ်ကို တွဲဖက် သင်ရိုးအဖြစ် ပြဌာန်း မယ်လို့လဲ ဖတ်ရပြီး တစ်ပတ်မှာ တစ်ခါ ကလေးတွေကို ကွန်ပျူတာ သင်ကြားပေးမယ်လို့ ဆိုပါတယ်။ တကယ်ကို ကလေးတွေကို စေတနာ ရှေ့ထားပြီး သင်ပေးဖို့လိုတယ်။ ဆရာမတွေ သီးသန့်သုံးတဲ့ ကွန်ပျူတာခန်း မဖြစ်ဖို့လဲ လိုပါတယ်။ ဝန်ကြီးလာကြည့်မှ ဟန်ပြ ကွန်ပျူတာ သုံးပြတာမျိုး မဖြစ်ဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီလို့ အသိမှတ်ပြုလို့ရပါတယ်။ အရေးကြီးတာ အရပ်ဘက် အဖွဲ့စည်းကိုယ်စားပြု အဖွဲ့တွေကလဲ အစိုးရဝန်ကြီးတွေထိ ရောက်အောင် စွမ်းဆောင်နိုင်ရက်နဲ့ တကယ်ပြောင်းလဲ သင့်တာလေးတွေ ပွင့်ပွင့်လင်းလင်း တင်ပြစေချင်ပါတယ်။ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ စေတနာ ရှေ့ထားပြောပေးမယ်ဆိုရင် ဖြင့် သာဓုခေါ်တယ်ပေါ့ဗျာ။ လောလောဆယ် ဝက်ဘ်ဆိုက်လေးတွေ ပြန်ဖွင့်လို့ ကျေးဇူးတင်ပါတယ်။ နောက်လဲ bandwidth အပြည့်ရအောင် စွမ်းဆောင်ပေးကြပါအုံးလို့..။

ပိတ်ဆို့ခံထားရသော အခွင့်အရေးများ

ယနေ့ခေတ်မှာ ကိုယ်ရေးကိုယ်တာ Privacy တွေဟာ ပြင်ပမှာကော၊ ဒစ်ဂျစ်တယ်မှာပါ အရေးကြီးပြီး ရှုပ်ထွေးတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ လွတ်လပ်စွာ သုံးစွဲခွင့်၊ အသုံးပြုသူအခွင့်အရေး ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ ပိတ်ဆို့မှုတွေကြားမှာ အမြဲတမ်း လွန်ဆွဲနေရပါတယ်။ အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ အပြန်လှန် ကူးလူးဆက်သွယ်ဖို့အတွက် တော်လှန်ခဲ့တဲ့ အရာဖြစ်ပါတယ်။ အင်တာနက် နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ကောင်းတဲ့အချက်တွေ ရှိသလို၊ အခြားဘေးထွက် ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဘဏ်အကောင့်နံပါတ်တွေ၊ အကြွေးဝယ်ကဒ် နံပါတ်တွေ အခိုးခံရတာမျိုးတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီး မကြာတော့တဲ့ ကာလတစ်ခုမှာ စတော့ဈေးကွက်နဲ့ အွန်လိုင်းငွေပေးချေမှု ဘဏ်စနစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဒါဟာ အရေးကြီးတဲ့ issue တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ Continue reading

Barcamp Yangon Portfolio

Gallery

This gallery contains 14 photos.

လွန်ခဲ့သော ၆လကတည်းက အားလုံးဝိုင်းဝန်း ကြိုးပမ်းလာခဲ့ကြသော ဘားကမ့်ရန်ကုန်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဘားကမ့်ကို လုပ်တာက ၂ရက်တည်း ပေမယ့် ကျွန်တော်တို့ အော်ဂနိုက်ဇာ အဖွဲ့တွေ အနေနဲ့ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သော စပွန်ဆာ ရှာဖွေမှု၊ ပွဲကို လူသိအောင် မီဒီယာပေါင်းစုံကနေ ကြော်ငြာဖို့၊ မြန်မာအင်ဖိုတက်ခ်ထဲက အခန်းများကို ကြိုတင်ငှားရမ်းထားရမှု ၊ တက်ရောက်မည့် သူများ အဆင်ပြေ စိတ်ကျေနပ်မှုရှိရဖို့ စသည့်ကိစ္စရပ်များကို ပြုလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ အကြိမ်ကြိမ် အစည်းဝေးတွေ ပြုလုပ်ခဲ့ကြရပါတယ်။ (စေတနာဇောတွေနဲ့ တစ်ဦးနဲ့ … Continue reading

Why not Myanmar Unicode!

ကျွန်တော်​တို့ အိုင်​တီ​လောက​မှာ မ​ပြီးပြတ်​သေး​တဲ့ ကိစ္စ​ရပ်​ရှိ​နေ​သေး​တယ် ဆို​ရင် အဲ့​ဒါ​ဟာ ယူ​နီ​ကုဒ် ကိစ္စ​ပါ။ တစ်​ခါ​တစ်​လေ ဖို​ရမ်​တွေ​မှာ ဒီ​ယူ​နီ​ကုဒ် ကိစ္စ​ဟာ စကားလုံး တိုက်​ပွဲ​အသွင်​တောင် ဆောင်​လာ​ပါ​တယ်။ ဒါ​ပေ​မယ့် ဒါ​ကို တစ်​ချို့ ပညာ​ရှင်​တွေ​ကိုယ်တိုင်​က မည်သည်​က စံ​ဖြစ်​သည်​ကို သိ​နေ​လျက် နှာစေး​နေ​တော့ ကျန်​တဲ့ မ​သိ​တ​သိ လူ​များ​က စနစ်​တစ်​ခု​ကို ဆိုလို​ခြင်း​က​နေ မြန်မာ​ဖောင့် တိုက်​ပွဲ​လို့ လွဲ​မှား​စွာ မြင်​လာ​ကြ​တာ​က စ​တာ​ပါ​ပဲ။

ဘာသာ​စကား တစ်​ခု​ရဲ့ တန်ဖိုး

အရင်​ဆုံး ကျွန်တော် ဝန်ခံ​ရ​ရင် ကျွန်တော်​က ပညာ​ရှင်​တစ်​ယောက် မဟုတ်​ပါ​ဘူး အသုံးပြု​သူ​တစ်​ယောက် ဖြစ်​ပါ​တယ်။(ဒါ​ကြောင့် ကျွန်တော် ဆက်​လက်ဖော်​ပြ​မယ့် အကြောင်းအရာ​တွေ​မှာ အသုံးပြု​သူ တစ်​ယောက် အမြင်​နဲ့ ကျွန်တော်​့ အတွေ့​ကြုံ​ကို​ပဲ အခြေ​ခံ​ပြီး​ရေး​မှာ​ပါ။ ကျွန်တော် မည်​သည့် ပုဂ္ဂိုလ်​ကို​မှ တိုက်ခိုက်​လို​တဲ့ ဆန္ဒ​မ​ရှိ​ဘူး​ဆို​တာ ပြော​လို​ပါ​တယ်။) ကျွန်တော်​တို့ မြန်မာ​ဘ​လော့​တွေ စ​တင်ပေါ်​ပေါက်​ကာ​စ တုန်း​က မြန်မာ​လို​ရေး​လို့ မ​ရ​တော့ jpg ဖိုင်​တွေပေါ်​မှာ ဝင်း​ဖောင့်​နဲ့ မြန်မာ​လို​ရေး​ပြီး တင်​ခဲ့​ကြ​တယ်။ Continue reading