မနက်တစ်ခုလုံး လင်းဖြာနေပြီး
အိပ်ရေးမဝတဲ့မြို့..
နိစ္စှဓူဝ ဝဋ်တွေ ခံယူဖို့
ပုရွက်ဆိတ်တွေလို
အချိုတုတွေရှိရာဆီ..
အပူချိန် ၄၀ံC လောက်နဲ့ ချစ်ချစ်ခင်ခင်
ကြပ်တောက်နေပြီး
ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့
ကမ္ဘာကျော် နွားခြေရာခွက် အိပ်မက်တွေ မက်တတ်တဲ့မြို့..
မျက်နှာသနပ်ခါး ပေါင်သေးကြောင်းနဲ့
အိုကြီးအိုမကို မိတ်ကပ်ဖို့ထားခဲ့ပြီးမှ
လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ အဘိဓမ္မာတွေနဲ့
ပြည့်လျှမ်းနေတဲ့မြို့
ခဏခဏ သိုဝှက်ထားရတဲ့
သိက္ခာတရားတွေရယ်၊ pepsi ၊ cocacola နှင့် မြန်မာဘီယာ
ကြိုက်ရာရွေးချယ်ပြီး ခင်ဗျားတို့ရဲ့
အလေနတ်တော ပျော်ရွှင် ဖြုန်းတီးမှုတွေကို
တစ်ခုပြီးတစ်ခု မြိုမြိုချတဲ့မြို့
စကားလုံး အကောင်းစားကြီးတွေနဲ့
တစ်နိုင်ငံလုံးကို စာနာနေတဲ့မြို့
တစ်သက်လုံး ကြောက်ချေး တိုးတိုးတိတ်တိတ် ပါခဲ့ပြီး
အခုမှ လမ်းမပေါ်ထွက် ပါပြတဲ့မြို့
တစ်နှစ်တစ်ခါလောက်
မကောင်းမှုတွေအတွက် ကမ္ဘာကျော်
ရွှေတိဂုံမှာ ဖင်ထောင်ရှိခိုးတဲ့မြို့
တစ်နေ့ထက် တစ်နေ့ မီးခိုးတွေ
ခြောက်ကပ်ကပ် မှုတ်ထုတ်ပြီး ဗိုက်ထဲမှာ အစာမကြေတဲ့မြို့
ဒီမြို့ဟာ ဈန်လျှောနေတဲ့မြို့…
ဒီမြို့ဟာ ဟိတ်ကြီးဟန်ကြီးနဲ့ ဟန်ကိုယ့်နေတဲ့မြို့
ဒီမြို့ဟာ အထည်ကြီးပျက်မြို့
ဒီမြို့ဟာ သမိုင်းဝင်မြို့
ဒီမြို့ဟာ ဇိမ်ခံစရာတွေပေါတဲ့မြို့
ဒီမြို့ဟာ ရှားရှားပါးပါး ဒီမိုကရေစီ ရှိချင်ယောင်ဆောင်တဲ့မြို့..
ဒီမြို့.. ဒီမြို့ဟာ.. ငါတို့ချစ်တဲ့မြို့… သို့မဟုတ် ငါတို့ အရိုးတွေ မြေမြုပ်ရမယ့်မြို့…။
Category Archives: Poem
ပင့်သက်
(၁)
မကြာခင်ကုန်တော့မယ့်
ကော်ဖီခွက်ထဲက မျှော်လင့်ချက်တွေပါပဲ
ဒီလိုနဲ့ ပြန်လှည့်မလာတော့မယ့် လတစ်လ ကုန်ဆုံးခါနီးပြီ
အရည်ပျော်လုနီးပါး ပူလောင်မှုတွေက
ငါ့ကိုယ်ငါ ပြန်ချွတ်ထားရလေရဲ့
အချိန်တန်တာတောင် မရွာသေးတဲ့မိုး
တမျိုးပြီး တမျိုး ရိုးအီသွားသော ပြက္ခဒိန်များပါပဲ
(၂)
ကိုယ့်အိပ်မက်နဲ့ ကိုယ် မက်နေရတာတောင်..
သူများမက်ဖို့ အိပ်မက်ပေးနေတဲ့ကောင်..
ဓားသွားတစ်ခုရဲ့ နှင်းဆီပုံပြင်အဆုံးသတ်မှာ
မစိုက်ထိုးခင်ကတည်းက ဒဏ်ရာရှိနှင့် နေခဲ့ပြီ
ငါဘာလုပ်ရမှာတဲ့လဲ လောင်ကျွမ်းရခက်နေတယ်
ငါ့မှာ လောင်စာ ခမ်းခြောက်နေလေရဲ့…
(၃)
အကန့်သတ်မဲ့ မြစ်တစ်စင်း၏ ကွေးကောက်ခြင်းမှာ
သစ္စာတရားတွေ ရှာဖွေနေခဲ့မိတာလား..
အပြာရောင်သက်သက် အထီးကျန်တဲ့ညတွေ
ငါထပ်မလိုချင်တော့ဘူး…
ငါရေးခဲ့တဲ့ ရာဇဝင်မှာ
ကျိန်စာတွေ ထည့်မိရက်သား ဖြစ်နေခဲ့တယ်..
အချိန်ဘယ်လောက်ထိ ကြာအောင်
အဲ့ဒိကြယ်တွေက ပျောက်နေအုံးမှာတဲ့လဲ..
(၄)
ငါ့ရဲ့ ရိုးပြတ်ထဲမှာ ပန်းတွေပွင့်ဖို့
ဖန်ဆင်းပေးခဲ့တဲ့ ကောင်မလေးရေ..
ကိုယ့်ကိုကိုယ် ခေါက်သိမ်းပြီး..
ပွဲပြီးမီးသေ ခဲ့တဲ့နေ့က စပြီး… လွမ်းတယ်။
မင်းယွန်း
ကန့်လန့်ဖြတ်မျဉ်း တွေနဲ့ သေဆုံးသွားတဲ့ ကျွန်တော်
ဘယ်
လို
အ
ချိန်
တွေ
က
ငါ့
ကို
စျာ
ပ
န
လာ
လုပ်
သွား
ပါ
လိမ့်
နံပါတ်လွဲသွားပြီဖြစ်တဲ့ ခဏခဏ ဖတ်ဖြစ်နေတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ သူ့မှာ အရောင်အသွေးမရှိဘူး။ ဘာသာစကားလဲ မရှိဘူး။ ယဉ်ကျေးမှု ခွက်စုတ်လေးထဲက ဟန်ကိုယ့်နေတဲ့ ငါတို့သီချင်း။ မျက်မှန် တပ်ဖို့ မလိုသေးဘူး။ မတော်တဆ ဟာသတွေ လက်ဝဲရစ် ပြန်ပြောင်း ကြရအုံးမယ်။ ‘တစ်ခုခုတော့ ကြားနေရမှာပဲ’ တစ္ဆေတီးဝိုင်းထဲက ရှည်မျောမျော ဘုံအတ္တတွေက ဂုဏ်ဒြပ်တစ်ခုဖြစ်လို့− ဘယ်အရာမှ မမြဲဘူးလို့ အနဲကြီး ဂေါတမ က ပြောဖူးတယ်။ ဗဟိုဖွဲ့စည်းမှု တံတိုင်းတွေ ပြိုကျဖို့ နှောင်ကြိုးမဲ့ စာသင်ခန်းတွေထဲက တော်လှန်ရေး တွေဟာ ရေဒီယို သတ္တုကြွသလို ကြွလာ ကြအုံးမှာပဲ။ ဘယ်ဟာမှ အမှန်မဟုတ်သလို ဘယ်ဟာမှ အမှားမဟုတ်တဲ့အတွက် ငါတို့ရှာဖွေတွေ့ရှိမှုဟာ နှစ်ပရိစ္ဆေဒ အကြာမှာ ဘာဖွင့်ဆိုချက်မှ မရှိတော့တဲ့ သင်္ကေတ တစ်ရပ် ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အထိ ချောင်ထိုးခံထားရတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အမှိုက်သရိုက်တွေက မိုက်ရိုင်းထွားကျိုင်းဖို့ ဗီတာမင်တွေ ဖြစ်လာကြတယ်။ ‘တစ်နေ့တစ်နေ့ ဖတ်နေရတာ အဲ့ဒိလစ်လျူ ရှုခံ ဒိုင်ခွက်တွေပဲ’ ကိုယ့်မျက်နှာကိုယ် ပြန်မမြင်တဲ့ စပေ့ပျောက်နေတဲ့ နှစ်ကာလက ပြောတယ်။ သူ့မေလင် ဝါဒတွေ မိုးမွှန်အောင် ပြောပြီး သီအိုရီမှိုင်းတိုက်ထားတဲ့ မီးပုံးပျံ အရွဲကြီး တစ်ခု သက်သက် ပဲတဲ့။ ငါတို့က အဲ့ဒိ သေချင်းဆိုးကြီးတွေနဲ့ အတူ ကြီးပြင်းလာကြရတယ်။ ‘နားနားပြီး ပြောကွာ’ ။ ဒါဆိုရင်.. ဘယ်လို အချိန်တွေက ငါ့ကို စျာပန လာလုပ်သွားပါလိမ့် ဆိုတဲ့ မေးခွန်းကို ထပ်မမေးတော့ဘူး။ ဆိုတော့… နေတွေပူတယ်။ မီးတစ်နေကုန်ပြတ်တယ်။ အင်တာနက် လိုင်းကျတယ်။ ကိုယ့်ဘဝကိုယ် sign out ထွက်တယ်။ သေတယ်။ ဒါပဲ…။
ဘယ်လိုပဲ မုသားဖြစ်ပါစေ ကျွန်တော် ပျော်ပါတယ်
မနက်မိုးလင်းနဲ့ ညကြီးမင်းကြီး အချိန်တွေတောင် စွဲလမ်းခြင်း ရောဂါ တစ်ခုလို ခဏတာတွေကို အပ်ပျောက်ရှာသလို ရှာနေခဲ့ဖူးပါတယ်။
အခုထိ မသေချာသေးတဲ့ သံစဉ် တွေမှာ နာကျင်ကွဲအက်ခြင်းတွေ တစွန်းတစ ပါမြဲ ပါနေဆဲပါပဲ။
ဘယ်လိုလုပ်ရမလဲလို့ ငါမပြောလိုတော့ဘူး ဒါပေမယ့် ခဏခဏ လဲကျရလွန်းလို့ ပြန်ထူထ ဖို့တောင် ပြန်ပြန် အားတင်းနေရတယ်။
ရွေးချယ်စရာတွေ ရှိနေတဲ့သူအတွက် ရွေးချယ်စရာမဲ့တဲ့ ငါက ပတ်ကြားအက် ရင်ကွဲသံတွေနဲ့ ဘယ်တော့ရွာမှန်း မသိတဲ့ အချိန်ကို စောင့်နေခဲ့ရပါတယ်။
အိမ်ပြင်မှာ မိုးတွေ ရွာနေတယ်။
ပြက္ခဒိန်ရဲ့ တိမ်ထူတဲ့ နေ့စွဲတွေမှာ ညဉ့်နက်သန်းခေါင် ခေါ်ဆိုသံတွေ ထပ်နေခဲ့တယ်။
မေ ၃၁ ပါပဲ ဒါပေမယ့် အဲ့ဒိ မုသားလှလှလေးနဲ့လဲ ငါပျော်ရွှင်ပါတယ် မိဧပရယ်လ်။
တစ်မိုးလုံးငြိမ်သက်နေရာမှ အိမ်ကိုပြန်ရောက်လာတဲ့နေ့ပဲ
မနေ့တစ်နေ့က ကြားဖူးနေကျ အသံတွေနဲ့ မတူ ငါ့နားထဲမှာ တော်တော်လေး ဆူညံနေခဲ့တယ်
ဝံပုလွေတွေ တိတိကျကျ ပြောရရင် ငတ်ပြတ်နေတဲ့ ဝံပုလွေတွေ … တသွင်သွင် အူနေခဲ့ကြ
တောအုပ်ထဲမှာ ဒါမှမဟုတ် လွင်ပြင်တွေထဲမှာ တစ်စထက် တစ်စ ပိုပို ဆိုးလာနေတဲ့ ယဉ်ကျေးမှုဆိုတာတွေ။
မြန်မြန်ပြန်လှည့်… သူပြောဖို့ စိတ်ထဲကနေ နှုတ်ကို မထွက်ခင် သေနတ်ရဲ့ ပါးစပ်ထဲက ခါချလိုက်တဲ့ ကျည်ဆန်.. Continue reading