ဒီနေ့ရုံးအဝင်ပေါက်နားက ပိတောက်ပင်မှာ ပိတောက်တွေ လှိုင်လှိုင်ပွင့်နေတယ်။ တစ်ရုံးလုံးက အမျိုးသမီးတွေရဲ့ခေါင်းမှာ ပိတောက်ပန်းတွေ ဝေလို့။ ညက ရွာတဲ့မိုးကြောင့် အိပ်ပျော် မေ့လျော့နေတဲ့ ပိတောက်တွေ တရေးနိုး ထပွင့်တယ် ထင်ပါရဲ့။ ကဆုန်လထဲရောက်နေမှ ပွင့်တဲ့ ပိတောက်မို့ အခါလွန် ပိတောက်လို့ နာမည်ပေးလိုက်တယ်။
Category Archives: Photo
ဧရာဝတီပြခန်း
Gallery
အောင်ဆန်းပင်လုံ နှင့် ဒေါ်အောင်ဆန်းစုကြည်
အောင်ဆန်းပင်လုံ စာဖတ်ခန်း တစ်နည်းအားဖြင့် စာကြည့်တိုက်လေးဟာ သင်္ကန်းကျွန်းမြို့နယ် ခတ်ချီးယား မှတ်တိုင်မှာ တည်ရှိပါတယ်။ ဒီစာကြည့်တိုက်လေးကို သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေ က ကြိုးပမ်းခဲ့ကြလို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ စာကြည့်တိုက်လေး မဖွင့်မှီ ၂ရက်အလိုလောက်တုန်းကမှ ကျွန်တော် ပထမဆုံး အကြိမ် ရောက်ဖူးခဲ့တာ ဖြစ်ပြီး အဲ့ဒိစာကြည့်တိုက်လေးထဲက စုံလင်လှတဲ့ စာအုပ်အမျိုးစားတွေကို ကြည့်ရုံနဲ့ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့တွေ အနေနဲ့ ဘယ်လောက် ကြိုးစား အားထုတ်ထားတယ် ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော် ဒီစာကြည့်တိုက်လေးကို ရောက်ဖြစ်တာကလဲ သင်္ကန်းကျွန်းသားတွေ ဖြစ်ကြပြီး စာကြည့်တိုက် အတွက် သင်္ကန်းကျွန်း အဖွဲ့ချုပ် လူငယ်တွေနဲ့ အတူ တတပ်တအား ကူညီပေးနေတဲ့ ကိုဇော်ဇော်နဲ့ ကိုမိုးလှိုင်ညတို့ ကြောင့်ဖြစ်ပါတယ်။ အဲ့ဒိနေ့ညနေကလဲ မရည်ရွယ်ဘဲ သူတို့ဆီရောက်သွားရာက စာကြည့်တိုက် ဖွင့်ပွဲအတွက် ဗီနိုင်းဒီဇိုင်း လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းလုပ်တယ်ဆိုပေမယ့် ကျွန်တော်က ကွန်ပျူတာ ကိုင်ကာ တစ်ချို့ အိုင်ဒီယာတွေကို ကိုဇော်နဲ့ ကိုမိုးလှိုင်ညတို့က ဘေးက အကြံပေးကြတာပါ။ အဲ့နေ့ညက ဒီဇိုင်းထိုင်ဆွဲလိုက်၊ သင်္ကန်းကျွန်းအဖွဲ့ချုပ်က အသိတွေနဲ့ စကားတွေ ဖောင်ဖွဲ့လိုက်နဲ့ အတော်လေး မိုးချုပ်သွားလို့ ကျွန်တော့်အိမ်ပြန်ဖို့ ဘတ်စ်ကား မရှိတော့တာနဲ့ အဲ့ဒိစာကြည့်တိုက်လေးမှာပဲ အိပ်ဖြစ်ခဲ့တယ်။ Continue reading
Visiting to Muse
Gallery
This gallery contains 41 photos.
ဒီတခေါက် ကျွန်တော် လားရှိုးသွားတာ ကျွန်တော့်အဒေါ်အိမ်ကို မူဆယ်ကို ကူညီပြီးပြောင်းပေးဖို့ သွားဖြစ်တယ်။ ဒီတခေါက်တော့ မူဆယ်မှာ ထွေထွေထူးထူး လျှောက်မသွားဖြစ်လို့ ခရီးသွားဆောင်းပါး မရေးဖြစ်ပေမယ့် အပြင်ထွက်တုန်း ခရီးလမ်းမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေတော့ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ လားရှိုးကနေ မူဆယ်သွားတော့ ရှမ်းတောင်တန်းတွေ အထပ်ထပ် ဆင်းလိုက် တက်လိုက်နဲ့ နည်းနည်းတော့ မူးတယ်။ မူဆယ်ရောက်တော့ ကျွန်တော်တစ်ရက်ပဲ အပြင်ထွက်ဖြစ်တယ်။ ကျန်တဲ့ရက်တွေတော့ အိမ်မှာ ဝိုင်းကူပေးရင်း ကျွန်တော့်ကို လိုက်ပို့ပေးမယ့် သူလဲ မရှိတာနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ အိမ်မှာပဲ … Continue reading
Barcamp Yangon Portfolio
Gallery
This gallery contains 14 photos.
လွန်ခဲ့သော ၆လကတည်းက အားလုံးဝိုင်းဝန်း ကြိုးပမ်းလာခဲ့ကြသော ဘားကမ့်ရန်ကုန်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဘားကမ့်ကို လုပ်တာက ၂ရက်တည်း ပေမယ့် ကျွန်တော်တို့ အော်ဂနိုက်ဇာ အဖွဲ့တွေ အနေနဲ့ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သော စပွန်ဆာ ရှာဖွေမှု၊ ပွဲကို လူသိအောင် မီဒီယာပေါင်းစုံကနေ ကြော်ငြာဖို့၊ မြန်မာအင်ဖိုတက်ခ်ထဲက အခန်းများကို ကြိုတင်ငှားရမ်းထားရမှု ၊ တက်ရောက်မည့် သူများ အဆင်ပြေ စိတ်ကျေနပ်မှုရှိရဖို့ စသည့်ကိစ္စရပ်များကို ပြုလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ အကြိမ်ကြိမ် အစည်းဝေးတွေ ပြုလုပ်ခဲ့ကြရပါတယ်။ (စေတနာဇောတွေနဲ့ တစ်ဦးနဲ့ … Continue reading

