Barcamp Yangon Portfolio

Gallery

This gallery contains 14 photos.

လွန်ခဲ့သော ၆လကတည်းက အားလုံးဝိုင်းဝန်း ကြိုးပမ်းလာခဲ့ကြသော ဘားကမ့်ရန်ကုန်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဘားကမ့်ကို လုပ်တာက ၂ရက်တည်း ပေမယ့် ကျွန်တော်တို့ အော်ဂနိုက်ဇာ အဖွဲ့တွေ အနေနဲ့ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သော စပွန်ဆာ ရှာဖွေမှု၊ ပွဲကို လူသိအောင် မီဒီယာပေါင်းစုံကနေ ကြော်ငြာဖို့၊ မြန်မာအင်ဖိုတက်ခ်ထဲက အခန်းများကို ကြိုတင်ငှားရမ်းထားရမှု ၊ တက်ရောက်မည့် သူများ အဆင်ပြေ စိတ်ကျေနပ်မှုရှိရဖို့ စသည့်ကိစ္စရပ်များကို ပြုလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ အကြိမ်ကြိမ် အစည်းဝေးတွေ ပြုလုပ်ခဲ့ကြရပါတယ်။ (စေတနာဇောတွေနဲ့ တစ်ဦးနဲ့ … Continue reading

ဒုတိယ အကြိမ်​မြောက် ဘား​ကမ့်​ရန်ကုန် မီ​ဒီ​ယာ ရှင်းလင်း​ပွဲ​ကျင်းပ ပြီးစီး

ဒုတိယ​အကြိမ်​မြောက် ကျင်းပ​သော ဘား​ကမ့်​ရန်ကုန် မီ​ဒီ​ယာ ရှင်းလင်း​ပွဲ​ကို ယမန်နေ့​က အောင်မြင်​စွာ ကျင်းပ​ပြီးစီး​ခဲ့​ပါ​တယ်။ အဆို​ပါ​ပွဲ​ကို စာ​နယ်​ဇင်း​မှ သ​တင်း​သမား​များ နှင့် MRTV4 မှ လာ​ရောက် သ​တင်း​ယူ​ကြ​ပါ​တယ်။ မြန်မာ အင်​ဖို​တက်ခ်​တွင် ဖေဖော်ဝါရီ​လ ၁​၉​ရက်​နှင့် ၂​၀ ရက်​နေ့​များ​တွင် ကျင်းပ​မည် ဖြစ်​သော အဆို​ပါ ဒုတိယ အကြိမ်​မြောက် ဘား​ကမ့်​ရန်ကုန်​ပွဲ (မြန်မာ​နိုင်ငံ တစ်​နိုင်ငံ​လုံး​နှင့်​ဆို မန္တလေး​ပြီး​လျှင် တတိယ အကြိမ်​ဖြစ်) ကို ယခင်​နှစ်​အတိုင်း စည်း​ကား​သိုက်မြိုက်​အောင် ကျင်းပ သွား​မည် ဖြစ်​ကြောင်း သိရှိ​ရ​ပါ​တယ်။

အဖွင့်​အမှာ​စကား ပြော​ကြား​နေ​သော ဘား​ကမ့်​ဖြစ်မြောက်​ရေး​အဖွဲ့​ခေါင်းဆောင် ကို​သောင်း​စု​ငြိမ်း

ယခု​နှစ်​တွင် ရတနာ​ပုံ တယ်​လီ​ပို့၊Myanmar Blogger Society၊ Inforithm-maze၊ အင်​တာ​နက်​ဂျာနယ်၊ Prime artwork၊ Delux၊ kaspersky၊ Lenovo စ​သည့် ကုမ္ပဏီ​များ​၏ စ​ပွန်​ဆာ ပံ့ပိုး​မှု​ဖြင့် ကျပ်​သိန်း​တစ်​ရာကျော် ကုန်ကျ​ခံ​မည် ဖြစ်​ပါ​သည်။ အဆို​ပါ ဘား​ကမ့်​ရန်ကုန်​ပွဲ​မ​တိုင်​ခင်​တွင် မန္တလေးမြို့​တွင်​လည်း ပထမ​အကြိမ် ဘား​ကမ့်​ကို ဖေဖော်ဝါရီ​လ ၁​၂၊ ၁​၃ ရက်​များ​တွင် ကျင်းပ​မည် ဖြစ်​ကြောင်း သိ​ရ​ပါ​တယ်။

တက်​ရောက်လာ​ကြ​သူ​များ

ဖေဖော်ဝါရီ​လ ၁​၉၊ ၂​၀ တွင် ကျင်းပ​မည် ဖြစ်​သော ဘား​ကမ့်​ရန်ကုန်​သို့ တက်​ရောက်​လို​သူ​များ www.barcampyangon.org တွင် register စတင်​ပြုလုပ်​နိုင်​ပြီ ဖြစ်​ပါ​တယ်။ တက်​ရောက်​မည့် သူ​များ​ကို​လည်း ယခင်​နှစ်​က​အတိုင်း လက်ဆောင် ပစ္စည်း​များ ပေး​အပ်သွား​မှာ ဖြစ်​ပါ​တယ်။ ယခု​နှစ်​တွင် ယခင်​နှစ်​က အောင်မြင်​မှု​အတိုင်း ထိန်းသိမ်း​ထား​နိုင်​ရန် ဘား​ကမ့်​ဖြစ်မြောက်​ရေး​အဖွဲ့​မှ အထူး​ကြိုးပမ်း လျှက်​ရှိ​ကြောင်း သိရှိ​ရ​ပါ​သည်။

BarCamp Yangon 2011 ကျင်းပရေးအတွက် Organizer Team ဖွဲ့စည်းမည်

၂၀၁ဝခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည့် BarCamp ဖြစ်သော BarCamp Yangon ကို ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် ကျင်းပနိုင်ရန် Organizer Team ကို ယခုနှစ် ဩဂုတ်လထဲတွင် ဖွဲ့စည်းမည် ဖြစ်သည်။

BarCamp Yangon 2010 ကို ဦးစီးကျင်းပခဲ့သော Organizer Team မှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကွန်ပျူတာ ပညာရှင်များ၊ နည်းပညာ စိတ်ဝင်စားသူများနှင့် ပွဲကျင်းပရေး လုပ်ငန်းများ တွင် တက်ကြွစွာ ဆောင်ရွက်နိုင်သူများအား BarCamp Yangon 2011 Organizer Team (BCY11-OT) တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ စိတ်ပါဝင်စားသူများသည် BarCampYangon website (www.barcampyangon.org) တွင် email signup လုပ်ထားခြင်းဖြင့် အစည်းအဝေးသို့ ဖိတ်ကြား ခံရမည် ဖြစ်သည်။BarCamp Yangon 2010 ကို ဇန်နဝါရီလက မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ရာ
ကမာ္ဘတဝန်း BarCamp များ တက်ရောက်သည့် လူဦးရေး စံချိန် တင်နိုင်ခဲ့သည်။

BarCamp များကို မြန်မာနိုင်ငံအတွင်း မြို့ကြီးများတွင် ဆက်လက် ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

Barcamp Yangon is cool!

I’d like to show you some pics of Barcamp Yangon. Unfortunately, yesterday I don’t have any camera and laptop. Oh Ma Ma! Save me! But whatever I got photos from my friend’s facebook album. Ok, anyway I’m very happy to participate in this camp. Hoo Yay! there are over 2000 people attend our barcamp. I’ll also present today about France CMS. Will you join with me? Ok, Here are some image of Barcamp Yangon.

well, to be continue…

PS: please forgive me, I can’t really continue this post.:D. Just kidding you.:P You can look there more Barcamp Yangon Photos.

Barcamp Yangon is available now!

Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.

Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn’t look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn’t cool?
When and Where
You can see detail on Barcamp Yangon Website.
Date :January 23 and 24, 2010
Place : Myanmar Info Tech
Hey don’t miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don’t forget to take your notebook. But don’t worry, if you don’t have notebook, we will give PC for you.

If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar’s Blog.

Barcamp Yangon ဝက်ဘ်ဆိုက်ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ပါပြီ။ အခုပဲ register သွားလုပ်လို့ရပြီဗျို့။

ဘာကြောင့် register လုပ်သင့်သလဲ?
ဘားကမ့်ဆိုတာ လွတ်လပ်ပြီး ကန့်သတ်ချက် မထားတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ တက်ရောက်တဲ့ မည်သူမဆို သူတို့ သိထားတဲ့ ဗဟုသုတတွေကို ပြန်လည် ဝေမျှပေးလို့ ရပါတယ်။ အကယ်၍များ သူငယ်ချင်းက ဘားကမ့်ရန်ကုန်မှာ ကိုယ်သိထားတာလေးတွေကို ပြောမယ်လို့ ရည်ရွယ်ထားရင်တော့ ကိုယ်ပြောမယ့် ခေါင်းစဉ်အတွက် register လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲ့ဒိလို ဝက်ဘ်ဆိုက်ပေါ်ကနေ စာရင်းပေးသွင်းပြီးသား လူတွေကို လက်ဆောင်တွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဥပမာ တီရှပ်တို့၊ တခြား လက်ဆောင် ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့။ ဘားကမ့်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ဖူးနေကျ တတ်သိနားလည်တဲ့ ဂုရုကြီးတွေ လုပ်တဲ့ စီမီနာ လို မျိုး မဟုတ်ပါဘူး။ အဲ့ဒိပွဲကို တက်ရောက်လာတဲ့ သူတွေ ကိုယ်တိုင် လည်း ပြောနေတဲ့ သူတွေရဲ့ခေါင်းစဉ် အပေါ်မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတယ်။ ကဲ ဘယ်လောက်မိုက်သလဲ။
ကျင်းပမယ့် အချိန်နဲ့ နေရာက
အသေးစိတ်ကိုတော့ Barcampyangon.orgမှာ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။
နေ့ရက် ။ ။ ၂၀၁ဝ ဇန်နဝါရီလ ၂၃ ၊ ၂၄ (တနေကုန်နော်)
နေရာ ။ ။ မြန်မာအင်ဖိုတက်ခ်
အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ ဘားကမ့်ကို ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ ကျင်းပပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တော့ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒီတော့ သူငယ်ချင်းတို့ အတွက် နည်းပညာ အသစ်တွေ၊ ဗဟုသုတတွေနဲ့ နိုင်ငံတကာ အဆက်သွယ်တွေ ရနိုင်တယ်နော့။ အခမဲ့ ဝိုင်ယာလက်စ် ကွန်နက်ရှင်လဲ ဘားကမ့်ရန်ကုန်မှာ ပေးထားအုံးမှာပါ။ ဒီတော့ သူငယ်ချင်းရဲ့ လက်ပ်တော့ ဖြစ်ဖြစ် နုတ်ဘွတ်ခ် ဖြစ်ဖြစ် ယူလာလို့ရတယ်။ အဲ လက်ပ်တော့ မရှိလဲ မပူပါနဲ့ ဘားကမ့်မှာ သူငယ်ချင်းတို့ သုံးဖို့ PC တွေကို ထားပေးထားမှာပါ။

Barcamp အကြောင်း ပိုမို အသေးစိတ် သိချင်တယ် ဆိုရင်တော့ Barcampyangon.org နှင့် Htoo Tay Zar’s Blogတို့မှာ သွားရောက် လေ့လာ နိုင်ပါတယ်။