Tagged: CMS

Feb 07

SPIP CMS

SPIP

SPIP

SPIP အကြောင်းကို ကျွန်တော် Barcamp မှာတုန်းကလဲ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သေချာ မသိလိုက်တဲ့သူတွေ ရှိသေးလို့ ထပ်ပြီး ရှင်းပြပေးချင်ပါတယ်။ Barcamp မှာဝေတဲ့ စီဒီထဲမှာ လဲ Demonstration လုပ်ပြထားပါတယ်။ (ကမန်းကတန်း လုပ်လိုက်ရတော့ capture software သိပ်မကောင်းလို့ ရုပ်ထွက် တော်တော်ဝါးသွားတယ်။) အခု SPIP အကြောင်း နည်းနည်း ထပ်ရှင်းပြ ပါမယ်။

SPIP ဆိုတာ ပြင်သစ်နိုင်ငံက ထုတ်တဲ့ CMS တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရှည်ကောက် (အင်္ဂလိပ်လိုတိုက်ရိုက်တော့ မဟုတ်ပါ) Publication System for Internet Sharing ဖြစ်ပါတယ်။ SPIP ဆိုတဲ့ အတိုကောက် စာလုံးတွေချည်းပဲ ရဲ့ အဓိပ္ပါယ်က ရှဉ့်ပါတဲ့။ ဒါကြောင့် သူတို့ရဲ့ လိုဂိုမှာ ရှဉ့်ပုံလေး ဖြစ်နေတာပါ။ အထူးသဖြင့် စပစ်ဟာ သတင်းဆိုက် တွေ အတွက် သင့်လျှော်တဲ့ CMS တစ်မျိုးပါပဲ။ သူက အခမဲ့ ဆော့ဖ်ဝဲ တစ်မျိုးဖြစ်ပြီး မည်သည့် အပိုဆောင်း plug-in အတွက်မှ ပိုက်ဆံပေး စရာ မလိုပါဘူး။ သူ့ကို အသုံးပြုဖို့အတွက် နည်းပညာ အထွေအထူး တတ်မြောက်စရာ မလိုပါဘူး။ ဘလော့အသုံးပြုဖူးသူ၊ ၀က်ဘ်အကြောင်း နည်းနည်းပါးပါး သိသူလောက် ဆိုရင်တောင် အလွယ်တကူ အသုံးပြုတတ်မှာပါ။  နောက်တစ်ခုက download ပေးထားတဲ့ package မှာလဲ မြန်မာဘာသာ(မြန်မာယူနီကုဒ်) ပါဝင်ပါတယ် (ဆိုက်မှာ အသုံးပြုတဲ့အခါ ဇော်ဂျီနဲ့လဲ သုံးလို့ရပါတယ်။ တော်ကြာ မြန်မာယူနီကုဒ်နဲ့ မို့လို့ ဇော်ဂျီ support မလုပ်ဖူး ထင်မှာစိုးလို့ပါ)။ ၀က်ဘ်ဆိုက်ရဲ့ အပြင်ခြမ်း၊ အက်ဒ်မင် ဧရိယာ ပိုင်းတွေကိုပါ မြန်မာလို ပြောင်းလဲလို့ ရပါတယ်။  ပြောရရင်  CMS တွေထဲမှာ SPIP ဟာ မြန်မာဘာသာ စကားကို တရားဝင် support လုပ်ပေးတာ ပထမဆုံးပါပဲ။  ပြင်သစ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗီယက်နမ် စတဲ့ တခြားသော ဘာသာစကား အများအပြားကိုလဲ support လုပ်ပါတယ်။ သူ့ရဲ့တရားဝင်ဆိုက် ဖြစ်တဲ့ www.spipmedia.net (မြန်မာလိုလဲ ဖတ်လို့ရ) မှာလဲ သူ့ Level နဲ့သူ သရုပ်ပြ ရှင်းလင်း ထားတာကို ဖတ်ရှု နိုင်ပါသေးတယ်။ ( Read more )

2
comments