ဦးနှောက်နဲ့…
အကြွင်းမပြတ်တဲ့ ဗုဒ္ဓဟူးမလေးကို တွက်ကြည့်တယ်..
ဝမ်းနည်းစရာ ကောင်းပါရဲ့….
သူမမှာ… ဒ..သ..မတွေနဲ့..။
0
comments
ဒါနဲ့ www.mmwordpress.org က တခါက ဒေါင်းလုပ်ဆွဲထားတဲ့ how to install wordpress ဆိုတဲ့ pdf ဖိုင်လေးကို ပြန်ကြည့်မိတယ်။ သူရေးထားတာက free host အတွက်ပါ။ ဒါပေမယ့် ဟိုစတင်တွေက တခြား interface နဲ့ function တွေ တချို့ မတူပေမယ့် တော်တော်များများ အဓိက တွေတော့ တူပါတယ်။ သူ့ထဲမှာ ရေးထားတာက wordpress ကို ဟိုစတင်ထဲက Database ထဲ install လုပ်ချင်ရင် Software/Service အောက်က Fantastic installer ဆိုတဲ့ နေရာမှာ လုပ်ရတယ် ဆိုပဲ။ ဒါနဲ့ လိုက်ရှာကြည့်လိုက်တယ် တွေ့ပါတယ်။ ထပ်ဝင် ကြည့်လိုက်တော့ ဟိုက်ရှားပါး။ blog plug in ချည်းပဲ ၃ခုလောက် ရှိတယ်။ b2evolution, nucleus ဆိုလား နဲ့ wordpress တို့ကို တွေ့တယ် ကြိုက်တာထည့်၊ အောက်ဘက်မှာလဲ PHP တို့၊ CMS တို့ ဘာတို့ ညာတို့ အစုံပါတယ် ခင်ဗျ..။ ဒါနဲ့ ကျွန်တော်လဲ တခြားဟာတွေ မသိဘူး wordpress ကိုတွေ့တာနဲ့ မဆိုင်းမတွပဲ install လုပ်လိုက်တယ်။
အခုလုပ် အခုရသွားပါတယ်။ ပြီးတော့ ထုံးစံအတိုင်း …/wp-admin ဆိုပြီး ၀င်လိုက်တယ်။ ရသွားပြီ။ တယ်ဟုတ် သဟ ဆိုပြီး ၀မ်းသာအားရပေါ့။ ဒါနဲ့ blogger က widget တွေ ဟိုရွှေ့ ဒီရွှေ့၊ လုပ်လိုက်တယ်။ (ပြီးတော့ themes လှလှလေး ၂ခုလောက် hosting ထဲမှာ upload တင်လိုက်တယ်။) အားလုံး အိုကေပြီ ဆိုတော့ ဘလော့ကာ ကနေ ဟိုစတင်ဘက် ပို့စ်တွေပြောင်းမယ် ပေါ့။ မပြောင်းခင် ကျွန်တော် ပို့စ်တခုလောက် ရေးလိုက်အုံးမယ်။ အိမ်ပြောင်း လိုက်ပြီး ဘာဘာညာညာပေါ့။ ရေးတယ် ပြီးတော့ Publish လုပ်တယ်။ ၀မ်းသာ မယ်ကြံတုန်း ကျွန်တော် ခုနက ရေးထားတဲ့ မြန်မာစာတွေ အကုန် ??????????? တွေ ဖြစ်ကုန်ရောဗျာ။ အာ ဘာဖြစ်တာပါလိမ့် ဆိုပြီး ပြန်ဖျက်။ ပြီးတော့ Template ထဲက Style.CSS မှာ ဖောင့်တွေ ပြန်ထည့်။ wp setting ကို UTF လုပ်ထား မထား ပြန်စစ်၊ အားလုံး အိုကေ တယ်။ နောက် တခေါက် ပြန်ရေးကြည့်တယ်။ ဒီလိုပဲ ပေါ်နေပြန်တယ်။
တခုခုတော့ လွဲနေပြီဆိုပြီး စာတွေလိုက်ဖတ် ပြန်တော့ ဟော Database မှာ ပြဿနာ ဖြစ်တယ် ဆိုလား အဲ့ဒိမှာ သွားလုပ်ရတယ် ဆိုလား၊ ဒါနဲ့ ဒေတာဘေ့စ်ထဲ ၀င် ပြန်ပြင် မလို့၊ ပြင်စရာ နေရာ ရှာတာ မတွေ့ဘူး။ wp က install လုပ်ရင် သူ့ဟာသူ Database ဆောက်သွားတာ။ ဘယ်လို ပြင်ရမတုန်း။ ဒီလိုနဲ့ ပြန်လိုက် ပြန်သွင်းလိုက်နဲ့ အကြိမ်ကြိမ်ပဲ။ (ဒါကြောင့် အခု ရက်ပိုင်း လာလည်တဲ့သူတွေ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ ) ဒါနဲ့ ကျွန်တော်လဲ ၀ယ်တဲ့ဆီကို ကွန်ပလိန်း ပြန်တက်၊ သူတို့လဲ ဘလော့နဲ့ မရင်းနှီးသူတွေဆိုတော့ ဒေတာဘေ့စ်ကြောင့် ဟိုစတင် ကြောင့် မဟုတ်ပါဘူးပဲ ပြောတယ်။ ဟင့်။ မဟုတ်သေးဘူးလေ ဒေတာဘေ့စ်နဲ့ ဆိုင်တာပေါ့ ရေးတုန်းက အကောင်း သိမ်းတော့မှ ????? ဒီလိုတွေ ဖြစ်နေတာ Unicode (UTF8) နဲ့ မသိမ်းလို့ပေါ့။ ဗျာ မဟုတ်ဘူးလား။ ဟုတ်သလိုလိုပဲနော်..။
ကျွန်တော်လဲ ဘာဆက်လုပ်ရမှန်း မသိဘူး။ မောင်မင်းယွန်း ဖြစ်လိုက်ရင် အဆန်းကြီးပဲ။ ဒိုမိန်းဝယ်တုန်းကလဲ ဒီလိုပဲ သူများတွေ မကြုံတဲ့ ပြဿနာ လာကြုံတယ်။ ဟော အခု ဟိုစတင် သူများ တကာတွေ ၀ယ်ပြီးသုံးတာ အဆင်ကို ချောလို့ ကျွန်တော် ၀ယ်သုံးတော့ တလွဲဖြစ်ပြီ။ ဒါနဲ့ ဘာဆက်လုပ်ရမှန်း မသိဘူး။ တော်ပါပြီ ကျော်ခွချင်လဲ ကျော်ခွပါရစေတော့ အရင် အချစ်ဟောင်း ဘလော့ကာလေးနဲ့ပဲ ပြန်ရေးတော့မယ်ဗျာ။ ဒိုမိန်းကို google dns ကို ပြန်ပွိုင့်.. ကဲ..ဒုံရင်းဒုံရင်းပဲ ကောင်းတယ်။ အီးဟီးဟီး ခြသေ့င်္ အကောင် ၃၀ လောက် ထွက်သွားတာပဲ အဖတ်တင် တယ်… ဗြဲ…။
1
comments
နာဂစ်အမှတ်တရ ‘အနီရောင်လှိုင်းအတွက် ကရုဏာလက်များ’ ကဗျာရွတ်ပွဲကို လာမည့် မေလ ၃ရက်နေ့ နံနက် (၉း ၃၀) အချိန်တွင် စိမ်းလန်းစိုပြေဥယျာဉ်အတွင်း၌ မြက်ခင်းသစ်လွင်ပြင်၊ မြန်မာအွန်လိုင်းစာရေးဆရာများအသင်းနှင့် အလင်းမျှော်စင်စာကြည့်စင်တို့မှ ဦးစီး၍ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၄င်းကဗျာရွတ်ပွဲသို့ စိတ်ပါဝင်စားသည့်မည်သူမဆို တက်ရောက်နိုင်ပါကြောင်းဖိတ်ကြား အပ်ပါသည်။ ထို့အပြင် ကိုယ်တိုင်ကဗျာရွတ်ဆိုလိုသူများအနေနှင့် ကဗျာများကို myatkhinnthit@gmail.com သို့ ၁. ၅. ၂၀၀၉ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြပါရန်လေးစားစွာ အသိပေးအပ်ပါသည်။ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက mowa.admins@gmail.com နှင့် myatkhinnthit@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကြော်ငြာဒီဇိုင်းဆွဲပေးသော myanmarmultiplyszone.ning.comမှ ကိုကြီးအား ကျေးဇူးတင်ရှိပါတယ်။
0
comments
3
comments
6
comments