Category: Barcamp Yangon

Jul 18

BarCamp Yangon 2011 ကျင်းပရေးအတွက် Organizer Team ဖွဲ့စည်းမည်

၂၀၁၀ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည့် BarCamp ဖြစ်သော BarCamp Yangon ကို ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် ကျင်းပနိုင်ရန် Organizer Team ကို ယခုနှစ် သြဂုတ်လထဲတွင် ဖွဲ့စည်းမည် ဖြစ်သည်။

BarCamp Yangon 2010 ကို ဦးစီးကျင်းပခဲ့သော Organizer Team မှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကွန်ပျူတာ ပညာရှင်များ၊ နည်းပညာ စိတ်ဝင်စားသူများနှင့် ပွဲကျင်းပရေး လုပ်ငန်းများ တွင် တက်ကြွစွာ ဆောင်ရွက်နိုင်သူများအား BarCamp Yangon 2011 Organizer Team (BCY11-OT) တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ စိတ်ပါဝင်စားသူများသည် BarCampYangon website (www.barcampyangon.org) တွင် email signup လုပ်ထားခြင်းဖြင့် အစည်းအဝေးသို့ ဖိတ်ကြား ခံရမည် ဖြစ်သည်။BarCamp Yangon 2010 ကို ဇန်နဝါရီလက မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ရာ
ကမ္ဘာတဝန်း BarCamp များ တက်ရောက်သည့် လူဦးရေး စံချိန် တင်နိုင်ခဲ့သည်။

BarCamp များကို မြန်မာနိုင်ငံအတွင်း မြို့ကြီးများတွင် ဆက်လက် ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

0
comments

Jan 24

Barcamp Yangon is cool!

I’d like to show you some pics of Barcamp Yangon. Unfortunately, yesterday I don’t have any camera and laptop. Oh Ma Ma! Save me! But whatever I got photos from my friend’s facebook album. Ok, anyway I’m very happy to participate in this camp. Hoo Yay! there are over 2000 people attend our barcamp. I’ll also present today about France CMS. Will you join with me? Ok, Here are some image of Barcamp Yangon.

well, to be continue…

PS: please forgive me, I can’t really continue this post.:D. Just kidding you.:P You can look there more Barcamp Yangon Photos.

1
comments

Jan 03

Barcamp Yangon is available now!

Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.

Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn’t look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn’t cool?
When and Where
You can see detail on Barcamp Yangon Website.
Date :January 23 and 24, 2010
Place : Myanmar Info Tech
Hey don’t miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don’t forget to take your notebook. But don’t worry, if you don’t have notebook, we will give PC for you.

If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar’s Blog.

Barcamp Yangon ဝက်ဘ်ဆိုက်ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ပါပြီ။ အခုပဲ register သွားလုပ်လို့ရပြီဗျို့။

ဘာကြောင့် register လုပ်သင့်သလဲ?
ဘားကမ့်ဆိုတာ လွတ်လပ်ပြီး ကန့်သတ်ချက် မထားတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ တက်ရောက်တဲ့ မည်သူမဆို သူတို့ သိထားတဲ့ ဗဟုသုတတွေကို ပြန်လည် ဝေမျှပေးလို့ ရပါတယ်။ အကယ်၍များ သူငယ်ချင်းက ဘားကမ့်ရန်ကုန်မှာ ကိုယ်သိထားတာလေးတွေကို ပြောမယ်လို့ ရည်ရွယ်ထားရင်တော့ ကိုယ်ပြောမယ့် ခေါင်းစဉ်အတွက် register လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲ့ဒိလို ဝက်ဘ်ဆိုက်ပေါ်ကနေ စာရင်းပေးသွင်းပြီးသား လူတွေကို လက်ဆောင်တွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဥပမာ တီရှပ်တို့၊ တခြား လက်ဆောင် ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့။ ဘားကမ့်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ဖူးနေကျ တတ်သိနားလည်တဲ့ ဂုရုကြီးတွေ လုပ်တဲ့ စီမီနာ လို မျိုး မဟုတ်ပါဘူး။ အဲ့ဒိပွဲကို တက်ရောက်လာတဲ့ သူတွေ ကိုယ်တိုင် လည်း ပြောနေတဲ့ သူတွေရဲ့ခေါင်းစဉ် အပေါ်မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတယ်။ ကဲ ဘယ်လောက်မိုက်သလဲ။
ကျင်းပမယ့် အချိန်နဲ့ နေရာက
အသေးစိတ်ကိုတော့ Barcampyangon.orgမှာ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။
နေ့ရက် ။ ။ ၂၀၁၀ ဇန်နဝါရီလ ၂၃ ၊ ၂၄ (တနေကုန်နော်)
နေရာ ။ ။ မြန်မာအင်ဖိုတက်ခ်
အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ ဘားကမ့်ကို ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ ကျင်းပပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တော့ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒီတော့ သူငယ်ချင်းတို့ အတွက် နည်းပညာ အသစ်တွေ၊ ဗဟုသုတတွေနဲ့ နိုင်ငံတကာ အဆက်သွယ်တွေ ရနိုင်တယ်နော့။ အခမဲ့ ဝိုင်ယာလက်စ် ကွန်နက်ရှင်လဲ ဘားကမ့်ရန်ကုန်မှာ ပေးထားအုံးမှာပါ။ ဒီတော့ သူငယ်ချင်းရဲ့ လက်ပ်တော့ ဖြစ်ဖြစ် နုတ်ဘွတ်ခ် ဖြစ်ဖြစ် ယူလာလို့ရတယ်။ အဲ လက်ပ်တော့ မရှိလဲ မပူပါနဲ့ ဘားကမ့်မှာ သူငယ်ချင်းတို့ သုံးဖို့ PC တွေကို ထားပေးထားမှာပါ။

Barcamp အကြောင်း ပိုမို အသေးစိတ် သိချင်တယ် ဆိုရင်တော့ Barcampyangon.org နှင့် Htoo Tay Zar’s Blogတို့မှာ သွားရောက် လေ့လာ နိုင်ပါတယ်။

0
comments

Dec 10

Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပမည် ဖြစ်သော Barcamp ပွဲနှင့် ပတ်သက်၍ မီဒီယာတွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်း ၁၀နာရီခွဲ တာမွေအဝိုင်းထိပ်ရှိ Moon Bakery တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲကို 7Days၊ Internet၊ Myanmar Post၊ ပြည်မြန်မာ၊ အလင်းတန်း၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Time to Time၊ Knowledge Bridge၊ Flower News၊ PC Magazine စတဲ့ သတင်းမီဒီယာများမှ လာရောက်သတင်းယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ Barcamp Yangon – Public Relation Team မှ မထိုက်ထိုက်အောင်က Barcamp များ ဖြစ်ပေါ်လာပုံ၊ Barcamp များရဲ့ သဘောသဘာဝများကို Website များကို ကိုးကားပြီး ရှင်းလင်းပြသခဲ့ပါသည်။ ကိုဇေသီဟမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Barcamp များကို ထောက်ပံ့ပေးခြင်းဖြင့် Barcamp လာရောက်သူ ပရိသတ်များနဲ့ လုပ်ငန်းရှင်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်လူငယ်များအားလုံးကို ဘယ်လို အကျိုးဖြစ်ထွန်းစေနိုင်သလဲဆိုတာ ရှင်းလင်းပြောကြားခဲ့သည်။ ကိုသက်ထူး(ကိုမျက်လုံး)မှ Barcamp Yangon မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်များကို ပြောပြခဲ့ပါသည်။ လိုအပ်တဲ့ ဖြည့်စွက်ချက် အချို့ကို ကိုကျော်ဇေယျမှ ဖြည့်စွက် ရှင်းလင်းခဲ့သည်။ ရှင်းလင်းပွဲ ကျင်းပ နေစဉ်အတွင်း Barcamp Yangon သတင်းနှင့် ပြန်ကြားရေးမှ ကိုမင်းယွန်းသစ်မှ Facebook နှင့် Twitter (www.twitter.com/barcampyangon) များပေါ်တွင် Live update များ တင်ဆက်ပေးခဲ့သည်။

Barcamp ဆိုသည်မှာ နည်းပညာဖလှယ် ဖလှယ်ပွဲ တစ်ခုဖြစ်ပြီး နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင်တော့ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါသည်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thailand, India, Vietnam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ India မှာဆိုလျှင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp ၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရှိရပါသည်။ အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ America နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်များစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ၊ မြို့တွေလည်း အများအပြား ရှိကြောင်း သိရှိရပါသည်။

Barcamp Yangon ပွဲကို ၂၀၁၀ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် Myanmar Info-Tech တွင် ကျင်းပသွားမည် ဖြစ်ပြီး ၎င်းပွဲဖြစ်မြောက်ရေးအတွက် MCPA မှ ဦးဆောင်ပြီး Freelance လူငယ် အိုင်တီသမားများနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ပါသည်။ ထပ်မံ၍ ပူးပေါင်းပါဝင်လိုသော အိုင်တီသမားများ၊ Volunteer များအားလည်း ဖိတ်ခေါ် ကြောင်း သိရှိရပါသည်။ Barcamp ၏ သဘောသဘာဝသည် ပညာရှင်များမှ ဟောပြောသော နည်းပညာ ဟောပြောပွဲများ၊ Workshop များနှင့် ပုံစံ မတူပဲ မည်သူမဆို မိမိ တတ်ကျွမ်းထားသော နည်းပညာများကို လွတ်လပ်စွာ မျှဝေဖလှယ် နိုင်သည်ဟု သိရှိရသည်။ ထို့ပြင် Barcamp Yangon အတွက် လိုဂိုပြိုင်ပွဲကို လည်း ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို Facebookရှိ (Barcamp Yangon) တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

“Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာ ရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့ အကောင်အထည် ဖော်ကြဖို့အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ Barcamp Yangon မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင့်လင်းစွာ ဖလှယ်ကြဖို့၊ ပြန့်ကျဲနေတဲ့ Idea တွေကို ဝါသနာတူ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓိက ရည်ရွယ် ကျင်းပသွားမှာပါ။ Barcamp Yangon မှာ ဘယ်နယ်ပယ်၊ ဘယ်ဘာသာရပ်တွေကို အဓိက ဆွေးနွေးကြမယ်ဆိုတာ တက်ရောက်တဲ့ပရိသတ်များက ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပရိသတ်ကို အချိန်၊ နေရာ၊ စသည်ဖြင့် organize လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။” ဟု ကိုသက်ထူးမှ ရှင်းလင်း ပြောကြားပါသည်။

ပါဝင်လိုသူများ၊ တက်ရောက် လိုသူများ သည် www.barcampyangon.org တွင် ကြိုတင် register ပြုလုပ်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဦးရေ အရေအတွက်ပေါ် မူတည်၍ စီစဉ်စရာ များရှိ ၍ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူ မထိုက်ထိုက်အောင်မှ ပြောကြားပါသည်။ Lucky Draw အစီအစဉ်များ၊ Gift Pack များပေးသွားမယ့် အစီအစဉ်များ၊ စားသောက်ဖွယ်ရာများနဲ့ အခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းပေးသွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့နောက် မီဒီယာသမားများ၏ သိလိုသည်များကို Barcamp Yangon ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့သားများက ပြန်လည် ဖြေကြား ပေးခဲ့ပြီး ရှင်းလင်းပွဲကို မနက် ၁၁နာရီခွဲခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

3
comments