Category: Song

Jun 07

ဆယ်တန်းကျတာ ရှက်စရာလား

ဒီသီချင်းလေးရဲ့ သံစဉ်ဟာ ‘လမင်းချစ်သူ’ သီချင်းရဲ့ အလိုက်လေး ဖြစ်ပါတယ်။လမင်းလေးလိုချစ်နေမှာ…ဖြူသော ကိုယ့်ချစ်များနဲ့…ဆိုတဲ့ အလိုက်လေးလေ..အဟဲ အောက်က စာသားနဲ့ ဆိုကြည့်ကြပါအုံး..:P


  • ဘယ်တော့မှ မအောင်ပေမယ့်လဲ မျှော်လင့်ချက်ကတော့ ရှိနေမှာ မပြောင်းလဲတဲ့ ကျူရှင်တွေလဲ အစဉ်အမြဲ တက်အုံးမှာ
    ဆယ်တန်း၂နှစ်ကျပေမယ့်လဲ လင်နောက် လိုက်ပစ် အုံးမှာ .. ဘယ်သူတွေ ပြောကြလဲ ပဲ ဂရုမစိုက်ဘူးကွာ ဒို့က ဆက်ဖြေအုံးမှာ

  • CHO : ( ဆယ်တန်းကျတာ ရှက်စရာလား ကိုကြီးကော ကျဖူးသလား၊ ဒီနှစ်ကျလဲ နောက်နှစ်များ ၊ နောက်နှစ်များ ဆက်ဖြေအုံးမှာ…)
  • သင်ရိုးများ ပြောင်းပေမယ့်လဲ စာခိုးချဖို့တော့ သိပ်လွယ်တာ၊ မဟောင်းသေးတဲ့ ဘာဂျာလဲ အစဉ်အမြဲ အသုံးတည့်တာ..
    ဆယ်တန်း၂နှစ်ကျပေမယ့်လည်း ကိုကိုနဲ့ ချိန်းလိုက်အုံးမှာ… ဘယ်သူတွေ ပြောကြလဲပဲ ဂရုမစိုက်ဘူးကွာ ဒို့က ဆက်ဖြေအုံးမှာ…
  • CHO:(ဆယ်တန်းကျတာ မရှက်နိုင်ပါ ကိုကြီးကောကျဖူးသလား၊ ဒီနှစ်မရလဲ နောက်နှစ်များ နောက်နှစ်များ ကဲနေအုံးမှာ…)

စဆုံး ပြန်ဆို
အဟတ် ဒီနေ့ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲ ထွက်လို့ ဘာရယ် မဟုတ်ဘူး ရီစရာ အဖြစ် ရေးဖွဲ့လိုက်ရပါကြောင်း…ဒန့်..တန်..တန်။

2
comments