Category: Satire

Sep 28

အောက်စလွတ်နေသည့် တနင်္ဂနွေသတို့သမီး၏ အလိုမတူသော ကြယ်မှုန်ကြယ်မွှား ဆံပင်ဖားလျား

ညက ပါးစပ်ဖြဲ၍ ခြင်းလုံးခတ်နေလေသည်။ ကွေးကားနေသော လ၏ အင်္ကျီကော်လံသည် အိပ်မှုန်စုံမွှား နာရီ၏ မျက်လုံး တစုံကဲ့သလို့ မီးလျှံခိုးများကို ဖျော်သောက်နေ၏။ လမ်းမီးတိုင်များက တစ်ပိုင်းတစ်စ ဖာထေးထားသော ချုပ်ရိုးကြောင်း ကြီးလို ကပိုကရိုလမ်းမနှင့် မဒမ်ကျူရီ၏ မြို့ပြက ကော်ဖီခါးခါး တစ်ခွက်မှာပြီး ဆောင့်ကြောင့် ထိုင်နေသည်။ ထိုသို့ ဆောင့်ကြောင့် ထိုင်ကတည်းက ပင် ဘဝက အောက်စလွတ် ခဲ့ရခြင်း ဖြစ်လေသည်။ ဤသို့ ဒုက္ခဆူးခက်များ မိုးပျံပူဖောင်းကဲ့သို့ တထောင်လွှားလွှားရှိခဲ့ရသော အချိန်ကာလများကား အိပ်ဆေးပုလင်း သောက်ချင်လှပေတော့၏။ ဟစ်တလာ၏ အိပ်မပျော်သောညများ အတွက် ဂျနီဖာလိုပက်ဇ်၏ လေလည်ခြင်းကို လေလံတင်မည်ဟု မကြားခဲ့ရပါ။ သိန်းခိုမြို့ကြီး ပျောက်ဆုံး ပျက်ဆီးသွားခိုက် လီနင်၏ လှေတစ်စင်းက သိမ်းမြစ်ထဲ ပေါလော မျောပါ… အဲ့ဒိညက မိုနာလီဇာဟာ ရော့ခ်အင်ရိုးလ် တေးသွားနဲ့ ကနေ၏။ ထို့ကြောင့်ပင် နစ်ဆင်၏ ပြင်းစပ်ခါးသွေ့သော ခေါင်ရည်တစ်ခွက်သည် “အပျိုမ” ဆန်စွာ ရယ်သွေးသွမ်းနေတော့သည်။ ဒါလည်း တုပ်ကွေး တစ်မျိုးပါပဲ.. လေတိုက်တိုင်း လှုပ်ယိမ်းသော မယ်ကမ္ဘာ၏ ၂၃ ၁/၂ ဒီဂရီစောင်းနေသော မျက်လုံးရွဲရွဲကြီးများ အား အရည်ဖျော်ပစ်လိုက်ချင်သည်။ “ဂလိန်း…ဂလွမ်း” ဟု အသံမြည်ကာ ငုံ့၍ငိုလိုက်သော ပဲရစ်မျှော်စင်မှာ ကြယ်များ “ရှုး” ခနဲ ထိုးပျံခြင်းကို ခံလိုက်ရ၏။ တနင်္ဂနွေသတို့သမီးကတော့ ဂမ္ဘီရသစ်ငုတ်တို ပေါ်တွင် ထိုင်လျှက် “အရာအားလုံးကို သိမ်းပိုက် ပစ်လိုက်ပြီ”။ ထို့ကြောင့်ပင် ရှည်ရှည်မျောမျော ချစ်ခြင်းဇောဖြင့် ကသော ကမျော ကဗျာ တစ်ပုဒ်ကို ထုဆစ်လိုက်ရပေတော့သည်။

လူကူးမျဉ်းကြားက မကူးတဲ့
နေရောင်ခြည်တွေ
ဘဲဥခြင်းထဲ ကပ်ပါသွားတယ်
“ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်”
အမြစ်တွေ ညှပ်တဲ့ ဆံသဆရာအတွက်တော့
အဲ့ဒိလေပြေက နောက်မြှီးပြတ်နေလေရဲ့

ခုံဖိနပ်တစ်ရံ အတွက်
အခွင့်အရေးတိုက်ပွဲတွေနဲ့
ချာချီရဲ့ နားကပ်တစ်ဖက်မှာ
ရေတွင်းပျက်ကြီးတစ်လုံး….
ငတိမကြီးရေ….
သံသရာလည်ခြင်းနဲ့
လေလည်ခြင်းဟာ ထပ်တူကျခဲ့ပေါ့..

မထိတထိ ပစ်ပြသွားတဲ့
အပျိုမလေးရဲ့ မျက်ခုံးစ အဖျားအနားမှာ
ပင်လယ်နက်ကြီး တစ်စင်းရှိလေရဲ့
ကိုယ်ကတော့
စက်ြဝဠာကို ခေါင်းအုံးလုပ်ပြီး
လေဘောလုံးကြီး ကားယား စီးသွားချင်ခဲ့တယ်။

တကယ်တော့
ကောင်ဆိုးမကြီးရေ..
အတွင်းခံ မပါတဲ့ ရာသီဥတုဟာ
အမိန့်မချမှတ်ခင်မှာ
ကင်ဆာ.. ဖြစ်သွားခဲ့တော့တယ်။

(မှတ်ချက်။ ။ လူနားမလည်သော ဦးတည်ရာမဲ့ နမိတ်ပုံဆန်းများ ဖြင့် ရေးသား ထားသော စာများကို လှောင်ပြောင်လို၍ ကျွန်တော်၊ သူရဿဝါ၊ ဇာတိ၊ ရိုးရာ တို့မှ ဤ ပေါက်ပန်းလေးဆယ် ကဗျာအက်ဆေးကို ပူးပေါင်း လိုက်ကမြင်းလိုက်ရပါကြောင်း…ဒန့်…တန့်…တန့်)

5
comments

Feb 27

နှိုးဆော်အပ်ပါသည်… :P

`ဟုတ်ကဲ့ ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ… ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီး လျှပ်စစ်မီးအား တနေ့လျှင် ၅မိနစ်သာ ပေးလွှတ်မည် ဖြစ်ပါသောကြောင့် ဖယောင်းတိုင်များ ကြိုတင် စုဆောင်းထားကြရန်နှင့် ရေစည်လှည်းများ ၀ယ်ယူရန် ချွေတာ စုဆောင်းထားကြပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည် ခင်ဗျားးးး..။´

ပုံ
အမိန့်မရ…
ရပ်ကွက်လူဂျီး… ဦးမင်းယွန်း

3
comments

May 30

ဘန်းတယ်ခင်ဗျ

ဟုတ်ကဲ့ မြန်မာ့ဆက်သွယ်ရေး (mpt) မှ ကျေးဇူးတော်ရှင် များက ပရောက်စီများကို ဘန်းလိုက်ပါတယ်။ ၄င်းတို့ရဲ့  ကြေငြာချက်မှာတော့ အောက်ပါအတိုင်းကြေငြာ ထားပါတယ်ခင်ဗျ။

 

`မြန်မာတယ်လီပို့မှ Proxy Server များ ပြောင်းလဲခြင်းကြေငြာချက်

 

လေးစားရပါသော Internet သုံးစွဲသူများခင်ဗျား-

 

မြန်မာတယ်လီပို့ အနေဖြင့် ပိုမို၍အဆင့်အတန်း ကောင်းမွန်သော Internet ၀န်ဆောင်မှုများကို ပေးနိုင်ရန် အတွက်လိုအပ်သော စက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက်ရှိပါတယ်။ ယခုအခါ Internet သုံးစွဲရန်အတွက် Proxy Server Setting များကို ဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ အကယ်၍ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုအကူအညီများ လိုအပ်ပါက Myanmar Teleport ၏ HelpDesk ဖုန်းနံပါတ် ၄၄၂ ၁၁၁၁ သို့ခေါ်ဆို၍ လည်းကောင်း၊ helpdesk@myantel.net.mm သို့ E-mail ပို့၍ လည်းကောင်း ဆယ်သွယ် အကူအညီတောင်းနိုင်ပါတယ်။

 

အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။

 

လေးစားစွာဖြင့်

အင်ဂျင်နီယာအဖွဲ့

ကွန်ယက်လည်ပတ်ရေးဌာန

မြန်မာတယ်လီပို့´

 

လို့ ကြေငြာထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ ဆိုတဲ့ စာသားကြီးက ရီချင်စရာ ကောင်းလှပါတယ်ခင်ဗျ။ အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။ အဲဒီစာသားကတော့ ပျားရည်နဲ့ ၀မ်းချတာပေါ့လေ။ ခုတော့ ဘာပရောက်စီမှသုံးလို့ မရပါဘူး ဖွင့်လိုက်တိုင်း မြင်ဖူးနေကြ အနီရောင် လိုင်းကြီးနဲ့ Access has been Denied ဆိုတာပဲ ပေါ်လာပါတော့တယ်။ အဟဲ ဒီတခါလဲ ဘလော့စပေါ့မှန်သမျှ ဘန်းတုန်းကလိုပဲ ဟိုရေးဒီရေး ဘလော့ဂ်ရန်ကို ကြောက်တာကြောင့် ၀ါးလုံးနဲ့ ရမ်းလိုက်ပုံပါပဲခင်ဗျ။ ဤသို့ ပိတ်ခြင်း အကျိုးအားကြောင့် ကျေးဇူးတော်ရှင် တယ်လီပို့မှ အာစရိများ အနေဖြင့် နောင်ဖြစ်လေ ရာ ဘ၀များမှာ မျက်စိလေးမပါ၊ နားပေါက်လေးပိတ်၊ ပါးစပ် ပေါက်မပါ၊ ယုတ်စွ အဆုံး ဟိုဒင်းပါတဲ့ အပေါက်တောင် မပါလို့ ပြန်ဖောက်နေရမယ့် ဘ၀လေးများ မဖြစ်ပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ ကျွန်တော့် ဒီလို ပြောလို့ ကျွန်တော့် www.minnyoonthit.net ကြီးကို ဘန်းချင်သပ ဆိုရင် ဘန်းနိုင်ပါတယ်ခင်ဗျ။ ကျွန်တော်လဲ မျက်စိအညောင်းသက်သာ၊ လက်ညောင်းသက်သာ၊ ဇတ်ကြောလဲ မတက်နိုင်တော့တဲ့ အတွက် ကျေးဇူး အထူးတင်ရှိမှာ ဖြစ်ပါတယ်ခင်ဗျ။ နောက်ဆုံး မြန်မာတယ်လီပို့ ကြီးပါ ပိတ်ပစ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။

 

ဟုတ်ကဲ့ အထူးဂွတ်ရှယ်လေးစားစွာဖြင့်

မင်းယွန်းသစ်

1
comments

May 30

သင်နာမည်ကြီးချင်သလား

ဘလော့ဂ်ကာ လောကမှာ နာမည်ကြီးစေတဲ့ နည်းလမ်း(၂) ချက်ရှိပါတယ်။ ကဲနာမည်ကြီးချင်သူများ သေချာစွာ လေ့လာ မှတ်သားကြကုန်လော့။

 

လုပ်ဆောင်ချက် (၁)

 

ဘလော့ဂ်တိုင်းရဲ့ ဆီဗုံးများတွင် အောက်ပါ စာသားများထဲမှ တခုခုရိုက်ထည့်ခြင်းဖြင့် လည်းကောင်း

“လာလည်တယ်ဗျ စာလေးတွေက ဖတ်လို့ကောင်းတယ် အနော့ဆီလဲ လာလည်အုံးနော်။ ဟတ်ဟတ်”

“ဟုတ်ကဲ့ ကျွန်တော့် ဘလော့မှာ ဘလာဘလာတွေ တင်ထားပါတယ် လာကြည့်နိုင်ပါတယ်။ မြန်မြန်လာ ကြည့်နော့”

“အနော့ဘလော့မှာ ဟိုလူကြီး ဖင်ပြောင်နေတဲ့ပုံ တင်ထားတယ်ဗျ လာလည်ဖြစ်အောင် လာလည်နော်…”

“မပြောမရှိနဲ့ သဘောအဟိ တွေ့မယ့် စာတွေ တင်ထားတယ်… လာဖတ်အုံး..”

“စာလေးတွေ လာဖတ်သွားတယ်။ အနော့လိပ်စာက

xxxx.blogspot.com ပါ..။ လာခဲ့နော် ဒါပဲ”

 

လုပ်ဆောင်ချက်(၂)

 

ဘလော့ဂ်ပို့စ်များတွင် ဟိုလူကြီး မာလကီယားကြွ သွားပြီတဲ့၊ ဒီမြို့က လူတွေ ငတ်လို့ထမင်းရည် သောက်နေရပြီဆိုပဲ၊ ဒီလူ ကြီးက ဟိုဘက်က သူလျှိုလူကြီးပါလို့ တိကျတဲ့ ကုန်စိမ်းတန်း ပါးစပ်သတင်းမှ ရရှိ၊ ဟိုနိုင်ငံက လေယာဉ်တွေ ဟိုမြို့ကို ဗုံးသွားကြဲနေပြီတဲ့၊ ဟိုလူတစုဟာ အခုဟိုမြို့မှာ မရှိတော့ပဲ အိမ်နီးချင်း ဟိုနိုင်ငံဆီမှာ ခိုလှုံခွင့်တောင်းခံတယ်တဲ့၊  ဟိုလူကြီးဟာ တနေ့ကို အီးအီး လေးခါပါကြောင်း အတွင်းလူများက ပြောကြားပါတယ်တဲ့… စသည်ဖြင့် စသည်ဖြင့် လူတကာ မျက်လုံးပြူး ပေါ်ပြူလာ သတင်းထူး များကို တင်ခြင်းအားဖြင့် လည်းကောင်း အထူး နာမည် ကြီးအောင် လုပ်ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။

 

ပုံ

အမိန့်မရ

မင်းယွန်းသစ်(အွန်လိုင်းဂျလေဘီ)

1
comments

Apr 23

သမ္မတဘုနှင့် ဆွေးနွေးခြင်း

အောက်ဖော်ပြပါ ပို့စ်အား ကျွန်တော့် သယ်ရင်း အရင်းခေါက်ခေါက်ကြီး ဖြစ်သော ရဲဘော်ပေါက်ကရ၈၀ ၏ ဘလော့မှ ပို့စ်အား အထူးတလည် ပြန်လည် ဖော်ပြပါသည်။

ပေါက်ကရ၈၀ သင်မေးလိုရာမေး အမည်ပေါက်အတိုင်း အမှန်ဖြေသည် ။။
..
…..
မြန်မာနှိင်ငံတွင် ရှိသမျှ လမ်းတိုင်း ၊ ဂျာနယ်တိုင်း ၊ သတင်းစာတိုင်းကို ကြော်ငြာ လက်ကမ်းစာဆောင် သတင်း အဖြစ် ထည်.ပြီးသော် သကာလ
နေ.စဉ်ရက်ဆက် မအားမလပ်နှိင်အောင် ဖုံးဖြင်. တမျိုး ၊ အီးမေးနှင်. တသွယ် ၊ စာတိုက်ဖြင်. လည်းကောင်း ၊ လူကိုယ်တိုင်လာရောက် ခြင်းနှင်. အတူ ကျနော်မှာ အကြံပေးအရာ ရှိအဖြစ် ပောာကြားနေရသည် ။
…….
တနေ.တ၌ လူပါးတုန်း အလုပ်အားနေသည်ဖြစ်ရာ ကျွန်ပ် သည် မနေ.က ကျွန်ပ် ဧ။် လက်ထောက် ခုံပေါ်မှကွမ်းယာကို ယူပြီး (လက်ထောက်ဆိုသည်မှာ ကျွန်ပ် ဧ။် “ လက် ” ထောက်ထားသော ခုံ ကို ပြောခြင်းဖြစ်ပါသည် ) ကွမ်းလေး တမုံမုံ စားရင်း ၊ Internet ပေါ်မှ ကြီးကျယ်ခန်းနားသော စာကောင်း ၊ စာသန်. ၊ စာခန်. ပေါက်ကရ၈၀ ဆိုသော ဘလော.မှ ပလင်.ထုတ်ထား သော စာပေများ ကိုလေ.လာ ဖတ်ရူ ၊ ကျက်မှတ်ပြီး ကွန်ပြူတာကို ဖွင်. ဂိမ်းဆော.မည် အလုပ်တွင်…..

ကရင်… ကရင် … ကရင် ….
ဆိုသော ကျွန်ပ်ဧ။် ဖုံး မည်လာသောကြောင်.
အမှန်တကယ်ပင် အကြွေးရှင်ဖြစ် လတံ ပာုတွက် ကာ ။ မိန်းမသံဖြင်. အသံဖျက် ပြီး မေးလျှင်မရှိကြောင်းပြောလျှင်တော် ဧ။် ပာုတွက် ကာ …

မိန်းမသံဖြင်.။။
ပေါက် ……….. ပဲာလို
ဖုံးခေါ်သူ …….. ဆရာပေါက်ကရနဲ. ဆွေးနွေးချင်လို.ပါ ။
ပေါက် ………… ဘယ်က အမိန်.ရှိပါလည်း ရှင် ။
ဖုံးခေါ်သူ …….. ကျနော် ဘုပါ ။ အမေရိကန် သမ္မတ ပောာင်းပါ တဲ. ။
ပေါက် ……….. ခဏ ။ ဆရာကိုခေါ်ပေးပမယ် ။
.
တအောင်.လောက် ရေသွားသောက်ပြီး ယောက်ကျာ်းအသံဖြင်.
.
ပေါက် ……….. ကဲမေးပါ ။ တမိနစ် ကို ဆွေးနွေးခ ၉၂ ဖြင်. ကွမ်း တယာနှုန်း ။ တနာရီလျှင် ဒီစကောင်. ကွမ်း ၃၀၀ ဖိုးနှင်. LONDON တလိပ် .
ဘု …………. ပာုတ်ကဲ. ပေးပမယ် ။ ကိုပေါက် …
ပေါက် ……….. ကဲမေးဗျာ
ဘု ………… ကျနော် သမ္မတ ပြန်ဖြစ်ချင်လို.ပါ ။
ပေါက် ………. လွယ်ပါတယ် ။ ဒါက တော. ခင်ဗျား အခု လက်ရှိသမ္မတ ဆီသွား ပြီးရင် တံခါးပိတ်ဆွေးနွေးမယ် ဆိုပြီး နှစ်ယောက်ထဲဆွေးနွေး ရင်း သူ.ကို အနားကို ကပ် ခပ်တည်တည်နဲ. နရင်းရိုက်ပြီး အာဏာသိမ်းလိုက် …
ဘု …………. ပာား… သင်.မြတ်လိုက်တာ … ကျနော် အာဏာ ရသွားလို. ပြည်သူတွေ ကန်.ကွက်ပြီး ကန်.ကွက်ပြီး အော်ရင်ကော
ပေါက် ………. အော်ဒါလား ။ လူ.အခွင်.အရေးလေ … အော်ပလေ.စေပေါ. ။ အော်တဲ.သူတွေ ရဲ.နားထင် ကို သေနတ်နဲ.ပဲချိန်ထား ပြီးရင် မရပ်မနား အော် ခိုင်း အသံမထွက် ရင်ပစ်မယ်လို. ပြော ။ အော်ပလေ.စေ သူအာညောင်းနေရင်တောင် အော်ပစေ ။ နောက်ဆုံး မအော် နှိင်တော.ရင် ပစ် ပလိုက်တော. ။ ဒါ လူ.အခွင်.ရေးလေ ။ ကန်.ကွက်ရင်းအော်လို. ပစ်တာမှ မပာုတ်တာ …. မအော်တဲ.အချိန်ပစ်တာ လေ ။ တရားပါတယ် ။ နောက် အော်ရဲတော.မှာမပာုတ်ဘူး ။
ဘု …………… အင်းပာုတ်ပြီ ။ သတင်းစာတွေ ၊ ဂျာနယ်တွေ က ဖွရင်ကော
ပေါက် ………. ဒါဆိုရင် သူတို.ကို ဖွတဲ. အဲ.ဒီသတင်းကြီး ပဲကို နေ.စဉ် ဆက်ရေးခိုင်းပေါ. ။ မရေးတဲ.နေ ကျရင် ဖမ်းမယ်ပြောလိုက် ။
ဘု ………….. အာ… နေ.စဉ်ပဲဆက်ရေးခိုင်းရအုန်းမယ် ။ပာုတ်လား ကိုပေါက် ။
ပေါက် ……… အမှန်ပေါ. ဗျ ။ နေ.စဉ်ဆက်ရေး ခိုင်းတော. ဒီသတင်းကြီးပဲ ဘယ်သူကနေ.စဉ် ဖတ်မှာလည်း တခြားပာာလည်းဖတ်ချင်တဲ.သူတွေ ကြီးပဲ ။ ကျနော်တောင် မှန် မကြည်. ၊ အလင်းရောင်တောင် မျက်စိဆူးလို. မကြည်.တာ ကြာပြီလေ ။
ဘု ………… အဲ.ဒါနဲ.ဘာဆိုင်လို.လည်း ။
ပေါက် ……… အော် ။ အဲ.လိုနေ.စဉ် ရေးတော. ဖတ်တဲ.သူတွေ နည်းနည်းလာမယ် ။ ပြီးတော. အရုံးပေါ်မယ် ။ ပြီးတော. မွဲပြီး အဲ.သတင်းစာတိုက်ပါ ပျောက်သွားမှာပေါ. ။ အဲ.တော.မှ ဖမ်း ။ ကဲဘယ်လောက်ကောင်းလည်း ။ အတိုက်ခံတွေ ကို ခွင်.ပြုတယ် လို.တောင် ကိုယ်.ဖက် က ပာစ်ကြွေးလို.ရသေးတယ် ။
ဘု ………… ပာုတ်ပ … ဒါလူ.အခွင်.ရေးပဲ ။ လူ.အခွင်.အရေးတွေကိုကော ဘယ်လို မြင်.တင်ရမလည်း
ပေါက် ……. အင်း ။ လူ.အခွင်.အရေးကို အပြည်.ပေးရမယ် ။ ကုန်ကုန်ပြောမယ်ဗျာ … သူတောင်းစားကိုတောင် သူ.တောင်းတဲ. အချိန် အနည်းဆုံး ဒေါ်လာ ၅ ဒေါ်လာ မထည်.တဲ. သူကို သူတောင်းစားက ခွက်နဲ.စိတ်ရှိလက်ရှိ လိုက်ခေါက်ခွင်.ပြုရမယ် ။
ဘု ……….. ဒါဆိုစီးပွားရေး ကကော
ပေါက် ……. ခင်ဗျားတော်တော် တုံးတာပဲ ။ မရှိရင်ချီးပေါ. ပြီးရင် ရူးချင်ယောင်ဆောင်ပေါ. ။ ရှိရင် စီမံကိန်းတွေ လုပ်တယ်လို. အကြောင်းပြ ။ ပြီးရင် မရှိတော. လိုက်ချီး ။ ခင်ဗျား နှိင်ငံကို ချီးမဲ.သူတွေ အများကြီးပါဗျာ ။
ဘု …………. စီမံကိန်းတွေ ဆိုလို. ။ ဘာစီမံကိန်းတွေ လည်း လို.မေးလာရင်ကော ။
ပေါက် …….. လွယ်ပါရောလား ။ ခင်းပြီးသားလမ်းတွေ ကို ဆေးအမဲနဲ. အသစ်သုတ် ပြီးရင် လမ်းခင်းတယ်ပေါ. ။ ပြီးရင် ဘိလပ်မြေ နည်းနည်း နဲ. တံတားတွေ ခပ်တည်တည်နဲ.ဆောက်ပြပေါ .။ အဲဖွင်.ပွဲနေ.မှာ ကျိုးမကျရင်တော်ပြီလေ ။
ဘု ………… အင်း ..နောက်တက်လာမဲ.သမ္မတ ရှိလာရင်ကော….
ပေါက် ……. ရော .. ခက်ပြီ ။ ခင်ဗျား ဥပဒေ အသစ်မူကြမ်း လုပ်မယ်ဆိုပြီး အချိန်ဆွဲထား .. ပြီးရင် ထည်.ရေးပေါ. ။။ သမ္မတ လုပ်တဲ.သူက တကြိမ် တဲ.မက ခိုးဖူးရမယ် ။ မရှက်တမ်း လိမ်တတ်ရမယ် ။ ရုတ်တည်နဲ. ဘုရားလူကြီး ယောင်ယောင်နေတက်ရမယ် ဘာညာပေါ .
ဘု ………… နှို. ။ အဲ. ဥပဒေ ကို ပြည်သူက လက်မခံရင်ကော ..
ပေါက် ……. အဲ.တော.လည်း အသစ်ရေးမယ်ဆိုပြီး ခင်ဗျား အသစ် ထပ်ဆွဲပေါ. ။ ပဲာပဲာ အနည်းဆုံးတော. ခင်ဗျား မသေမချင်း ဥပဒေ အသစ် ထပ်ဆွဲခွင်. အချိန်ရမယ် ။ ဒီတော. ခင်ဗျား တသက်လုံး သမ္မတ ပဲပေါ. ။
ဘု ………… ပာာ .. လေးစားလောက်ပါတယ် ။ ကိုပေါက်ရာ … အာပွား .. ဒါနဲ. သူတို.က ဘာပဲဖြစ်ဖြစ် ထောက်ခံမယ်ဆိုရင်ကော ..
ပေါက် ……. ကဲဗျာ ။ ဒါကတော.လွယ်ပါကော ။ ခင်ဗျား သားတွေ ၊ သမီးတွေ နဲ. ဆွေတော် ၆သောင်း ၊ မျိုးတော် ၆သောင်း တို.ကိုလွတ်တော် စစ်တပ် ရဲ. အမတ် အဖြစ်ခန်.ထားလေ ။ မိန်းမ ဖက်က အမျိုးတွေကို ပြည်သူ.အမတ်လုပ်ခိုင်းပေါ. ဗျ ။ ကုန်ကုန်ပြောမယ်ဗျာ ။ ရှိသမျှ အမျိုးတွေကို မိန်းကလေးကြီးပဲ မွေးခိုင်း ပြီးရင် ရပ်ကွက်ထဲ က လမ်းလူကြီး ပါ မကျန် အမျိုးလိုက်တော်ပြစ် …
ဘု…………. လျှပ်စစ်မီး နဲ. အစားသောက်တွေ အတွက် ကော ။။
ပေါက် ……. အင်ဗာတာ မြို.တော် ကြီးတည်ဆောက် ။ အစားသောက်ကျတော. လိုအပ်ရင် Out Of Date တံဆိပ်တွေ ကို ထပ်ပြီး နေ.တိုးပေး ။
ဘု ……….. ပာင် .. မီးမလာရင်တော.မကောင်းဘူးနဲ.တူတယ် ။ ဘယ်တော.မီးလာမှာလည်းမေးရင်ကော ။။
ပေါက် …… ဒါကလွယ်ပါတယ် ။ စက်ရုံအသစ်ကြီးဆောက်နေတယ်ပေါ.ကွာ ။ စက်ရုံဆောက်ရင်း ရုပ်ရှင်လေးဘာလေး ရိုက်ပြီး လွှင်.ပြလိုက်ပေါ. ။ အဲ.ဒဲ က မင်းသားနဲ.မင်း သမီး .. မြေး ၊ မြစ်တွေ ရတဲ.အချိန်လောက်ကျရင် ပြီးရင်တော်ပြီပေါ. ။ ပာက်ဘူးလား ။
ဘု ………… သိပ္ပံပညာ အတွက် ကိုကော ။ နိင်ငံတော် ဘားကြပ် တော်တော် ကုန်လို.ဗျ ။ တိုးတက်ဖို.လည်းလိုတယ် ။ ဘယ်လိုလုပ်ရမလဲ ..
ပေါက် ……. အခု လက်ရှိ စမ်းသပ်မူ.တွေ အတွက် ငွေ တပြားမှ ချပေးစရာ မလိုဘူး ။ ရှင်းရှင်းပြောမယ်ဗျာ ။ အပ်တောင် မထုတ်နဲ. ။ ဘယ်သူတွေ ဘာထွင်ထွင် ဂရုစိုက်မနေနဲ. ။ အောင်မြင်ပြီးသားပဲပာာ ။ ဥပမာဗျာ ။ တရုပ်က လကမ္ဘာသွားမဲ. မော်တော်ကား အသစ်ပေါ်နေပြီ ဆိုရင် သူ.ဆီက နည်းပညာ သွားခိုး ၊ ဒါမှမပာုတ် အဲ.ကားကို သွားခိုး ။ ပြီးရင် ဆေးအသစ် မူတ်ပြီး ကိုယ်.ကားပေါ. ။စက်မူဇုံ ထုတ်ပေါ. ။ ခပ်တည်တည် နဲ.ကြွားလိုက်စမ်းပါ ။
ဘု ………… ပာုတ်သားပဲ ။ မစဉ်းစားမိတာတော်တော် နာတာပဲ ။
ပေါက် ……. ကဲဘာသိချင်သေးလည်း ။
ဘု ………… ပြည်သူ.ကျန်းမာရေး အတွက်ကော ..
ပေါက် ……. ခင်ဗျားနဲ. ဆိုင်လို.လား ။ ခင်ဗျား သေတာမှ မပာုတ်တာ လွတ်ထားလိုက်စမ်းပါ ။ ကျန်းမာအောင် ကိုယ်.ဘာသာ ကိုယ် ဂရုစိုက်ပေါ. ကွ ။ ကိုယ်ဖြစ်ကိုယ်ခံ ဒါပဲ ။
ဘု ………. ပာုတ်သားပဲ ။ ကိုပေါက် ဘယ်လိုလုပ်ပြီး စဉ်းစားတွေးခေါ်မူတွေ ရင်.ကျပ်လာတာလည်း ပြောပြပါလား ဗျာ ။
ပေါက် …… အာ။ ဒါလှို.၀ှက်ချက်ကွ ။
ဘု ……….. လုပ်ပါ ။ တနှစ်စာ ကွမ်းနဲ. ဆေးလိပ် ကို ထောက်ပံပါမယ် ။
ပေါက် …… အေးဒါဆိုရင် တော.ပြောမယ်ကွာ … ဘယ်သူ.မှ လျှောက်မပြောနဲ.နော် ။ ငါလည်း ၁၄နှစ်မူကြမ်းကို ဖတ်ပြီးထဲ ကအတွေးခေါ် စဉ်းစားဥာဏ်တွေ ရော.အင်. ဆိုပြီး ပေးသလိုရသွားတာ ။
ဘု ………. ပာာ ကျနော်.ကိုလည်း ရောင်းပါဗျာ .. အဲ.စာအုပ်ထူကြီးကို ။
ပေါက် …… အေးအေး ။မရောင်းဘူး အလကားပေးမယ် ။ နောက် ၂လ လောက်ကြာရင် အဲ.စာအုတ်က စာအုတ်အပောာင်းရောင်းတဲ. ကုလားဆိုင်မှာ တောင်လိုပုံနေအုန်းမှာ အဲ.ကျမှ သွားခိုး ။
ဘု ………. ဒီလောက်တောင်လား ။
ပေါက် ….. ဒီထက်တောင်ပိုသေး .. နောက်တအုတ် အသစ်ထွက်အုန်းမယ်ထင်တယ် ။ ငါကတော. အပ်တိပ် ရအုန်းမယ် ။မင်းက တော. အရင်ပာာကို လေ.လာပေါ. ။
ဘု …………. ပာုတ် ။
ပေါက် …….. ပာုတ်မလုပ်နဲ. ။ ဘာပြောစရာရှိသေးလည်း မြန်မြန် ပြောကွာကြာတယ် ။ ငါ ဒီမှာ သမ္မတ အသစ်လုပ်မလို. General နဲ. Red Alert ဆော.ရအုန်းမယ် ။ ပြီးရင် Counter Strike လည်း လေ.လာရအုန်းမယ် ။
ဘု …………. ပာင်ဘာဆိုင်လို.လည်း
ပေါက် …….. အာ ။ နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိရမည်တဲ့ .. နားမလည်ဘူးလား ။ လိုအပ်ရင် AOE ပါဆော.ရမှာ ။
ဘု …………. ဒါဆိုရင် .. ………….
တီ… တီ…. တီ ….
ဖုံးလှိုင်းကျသွားသောကြောင်. ကျနော် စဉ်းစားမိလိုက်တယ် ။ အင်း ဒီကောင်တွေ နှိင်ငံ ဖုံးလှိုင်းခဏ ခဏ ကျနေတုံးပဲကိုး ။ အေးလေ ဖွံဖြိုးဆဲနှိင်ငံတွေ ပဲ ခွင်.လွှတ်လိုက်ပါမယ်လို. နှလုံးသွင်းရင်း သနားနေမိတော.သည် ။

PS …… ညက မတော်တဆ အိပ်မက်မက် တဲ.အကြောင်းကို ရေးထားခြင်းပါ ။

ရေးသားသူ : ပေါက်ကရ၈၀

1
comments