Category: Nargis

May 07

နာဂစ်၂နှစ်ပြည့်ပြီးနောက်

နာဂစ်၂နှစ်ပြည့် အောက်မေ့ဖွယ် အီးဂျာနယ် ဖြစ်ပါတယ်။ ကိုဟန်သစ်ငြိမ်တို့ စီစဉ်တာ ဖြစ်ပြီး နာဂစ် အောက်မေ့ဖွယ် ဆောင်းပါးတွေနဲ့ ကဗျာတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

Download

0
comments

May 04

မေ့မရတဲ့လှိုင်းထန်ည ကဗျာရွတ်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

မနေ့က တနင်္ဂနွေနေ့မှာ နာဂစ် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ကဗျာရွတ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ စိမ်းလန်းစိုပြေ ဥယျာဉ်မှာ ကျင်းပခဲ့ပြီး ဒီပွဲကိုတော့ လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။ ပထမ ကဗျာရွတ်ပွဲ ထက်စာရင် လူတွေ ပိုစုံလို့ အလွန်အားရ စရာ ကောင်းပါတယ်။
အဲဒိပွဲကို တက်ရောက် ပေးခဲ့ကြတဲ့ လူစာရင်းကတော့
တက်ေ၇ာက်သူများ

1 .. ဇီးရိုး
2 ။ မိုးလှိုင်ည
3။ ကိုပီကေ
4 ။ idulize ( အရုပ်ကလေး )
5 ။ ဗလာဘွိင်း ( နေနှင်းစက် )
6 ။ ဘုန်းသန့်ခန့်
7 ။ ညီမင်းခန့် (ရိုးရာ )
8 ။ အဆိပ်
9 ။ အသဲကွဲ နှင်းဆီနက်
10 ။ သမီးငယ်လေး
11 ။ ကဗျာ
12 ။ လင်းရမ္မာ
13 ။ရန်နိုင်ဇော်ဦး
14 ။ မောင်မောင်လင်းနိုင်
15 ။ မောင်ရဲဟိန်း
16 ။ ပျိုခေတ်
17 ။ မှော်ဝင်ပျို
18 ။ ဆူးလင်းသစ်
19 ။ ဇာတိ
20 ။ သူရဿဝါ
21 ။ မင်းယွန်းသစ်
22 ။ ထူးလင်း
23 ။ အိမ်မက်ဖြူ
24 ။ သောတ
25 ။ iceage
26 ။ ကလျာ
27 ။ထားထားရီ
28 ။ ဗညားရှိန်
29 ။ ညီလင်းဆက်
30 ။ စိုးဇေယျာထွန်း
31 ။ ဆုဝေ
32 ။ ဖိုးသူတော်
33 ။ j9 တို့ဖြစ်ကြပြီး

ကဗျာရွတ်သွားကြတဲ့ သူတွေကတော့
မင်းယွန်းသစ် …… နာဂစ်ရေ မင်းလာလို့မဖြစ်ဘူး(ကိုဖြိုး)
သူရဿဝါ ………… အနီရောင်လှိုင်းက အစွယ်ရိုင်းတွေနဲ့
ဗညားရှိန် …………. အရိုင်းဆန်တဲ့ လှိုင်းထန်ည
အဆိပ် ……………..ရာဇ၀င်တွင်တဲ့ည
ညီမင်းခန့် ……….. ကခြေသည်မလေးရဲ့ ခရာသံ
ဘုန်းသန့်ခန့် ………လေတွေ ၀ုန်းဟုန်းရဲရိုင်းတိုက်တုန်းက … ဖိနပ်ပေါက်သွားတဲ့ အခန်းငယ်
မိုးလှိုင်ည ………….နာဂစ်အလွန် ၃၆၅ ။ လပ္ပတ်တာလုပ်( သူရနီ )
နေနှင်းစက် ……….. မသိ
တို့ ဖြစ်ပါတယ်။


ဗညားရှိန်၊ ကိုညီလင်းဆက်၊ စိုးဇေယျ

မဆုဝေ၊ ဖိုးသူတော်နှင့်…..


ကိုပီကေ၊idulize

မြက်ခင်းသစ်နှင့် မိုင်စုဗူးမှ အဖွဲ့ဝင်များ

ညီမင်းခန့်၊ ဝေဖြိုးမင်း၊ ဗလာဆုံမှတ်

အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း၊ (အဖွဲ့လိုက်ပုံကို စိုးဇေယျ ကင်မရာနဲ့ ရိုက်သွားပါတယ်။ ခုထိပုံပေးသေးဘူး :( )

သူရဿဝါ

စကားစမြည် ပြောနေကြတာပေါ့။

ပွဲဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီပေးကြသော မြက်ခင်းသစ် အဖွဲ့သားများနှင့် ကိုဗညား၊ သူရဿဝါ၊ MOWA အဖွဲ့သားများ၊ ကိုမိုးလှိုင်ည တို့နှင့် တက် ရောက် အားပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ နောင်များမှာလဲ ကျွန်တော်တို့ အဖွဲ့တွေ ကဗျာရွတ်ပွဲလေးများကို အလျင်းသင့်သလို ပြုလုပ်သွား အုံးမှာ ဖြစ်လို့ မတက်ရောက် ဖြစ်ကြတဲ့ သူငယ်ချင်းများ အားလုံး နောက်တခါ လုပ်ရင် လာအားပေး ကြအုံးနော်။

4
comments

May 24

ကိုယ်တွေ့နာဂစ်မုန်တိုင်း ဒုတိယပိုင်း

မနက် ၃နာရီ-……

မနက်မိုးလင်းခါနီးတော့ လေအပြင် မိုးတွေပါသည်းလာပါတယ်။ လေရောမိုးပါ ပါလာတဲ့အတွက် ညဦးပိုင်းကထက် ပတ်ဝန်းကျင် တခုလုံး ပွက်လောပိုညံလာတော့ တာပေါ့…။ မိုးပါလာတော့ လေနဲ့အတူ အရှိန်ပြင်းပြင်း ပါလာတာမို့ တချက်တချက် ပြတင်းတံခါး ဆီ ဖြတ်ဖြတ်ရိုက်တဲ့ အသံဟာ ပြတင်းတံခါးတွေတောင် ပြုတ်ထွက်မလားပါပဲ။ အိမ်ခေါင်မိုးပေါ်က စလောင်းကြီးလဲ မနက် ၂နာရီကျော် လောက်ကတည်းက ကျိုးကျသွားတဲ့ အသံကို အတိုင်းသားကြား လိုက်ရပါတယ်။ စလောင်းကျိုးသွားတော့ စလောင်းနဲ့တွဲ ဆက်ထားတဲ့ သွပ်တွေ တချို့ဟ သွားပြီး အပေါ်ထပ် အခန်းထဲကို ရေတွေ တရဟော မျက်နှာကျက်ကနေ စီးကျလာပါတော့တယ်။ ယိုတဲ့နေရာတွေကို ပုံးတွေနဲ့ လိုက်ခံလို့တောင် မလောက်တော့ဘူး။ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မိုးသံလေသံတွေက နားထောင်ရတာ ကြာလာတော့ ပျင်းရိလာတယ်။ စိုးရိမ် ပူပန်မှု၊ စိတ်လှုပ်ရှား လွန်းလို့လား တော့ မသိဘူး တညလုံး အိပ်မရတဲ့ ကျွန်တော် နုံးချိလာတယ်။ လေးနာရီခွဲလောက်ကျတော့ ကျွန်တော် အိပ်ခန်းထဲ ခဏ၀င်ပြီး ဘယ်လို အိပ်ပျော်သွားမှန်း မသိဘူး။ ဒါပေမယ့် တရှိုက်လောက်ပါပဲ။ ခဏနေတော့

“ကိုကြီးရေ…ကိုကြီးရေ…”

ခပ်လှမ်းလှမ်းက အသံလိုနဲ့..ကျွန်တော့်ကို ခေါ်နေတာကို ကြားရတယ်။ အမှန်တော့ ကျွန်တော့် ညီမလေးက ကျွန်တော့်ကို အတင်းလှုပ်နှိုးနေတာကိုး။ သူပုံစံက ကြောက်လန့်တကြား ပုံစံနဲ့ပေါ့။ ဘာဖြစ်တာလဲလို့ မေးတော့ စကားသံ ဗလုံးဗထွေးနဲ့ အောက်ထပ်ကို အမြန်ဆင်းပါ ဆိုတဲ့ အသံပဲ ကြားလိုက်ရတယ်။ ကျွန်တော်လဲ အောက်ထပ်ကို ၀ရုန်းသုန်းကား ပြေးဆင်းရတယ်။ အောက်ထပ်ရောက်တဲ့ အချိန်မှာ အိမ်အောက်ထပ်မှာ အေးမြ ပြင်းထန်တဲ့ လေတွေ တဝေါဝေါ ၀င်နေပြီ။ ဘယ်က ၀င်သလဲ ဆိုတော့ အိမ်နဲ့ကပ်ရပ် ဂိုဒေါင် ရဲ့ ခေါက်ဘာဂျာ တံခါးကြီး ပွင့်ထွက်ပြီး လေတွေ ၀င်နေတာပေါ့။ ကျွန်တော့် မေမေနဲ့ အန်တီတို့က (အိမ်မှာ ယောက်ျားသား ဆိုလို့ ကျွန်တော်ရယ်၊ အသက် ၈၀ကျော် အဖိုးရယ်ပဲ အဲဒိနေ့က ရှိတာလေ) သူတို့ ရှိသမျှ အင်အားနဲ့ တံခါးကို တွန်းထားပေမယ့် အပြင်က တိုက်တဲ့ လေအားကို အံမတု နိုင်တာကြောင့် အပြင်က အမှိုက်တွေနဲ့ လေတွေ မိုးတွေ ဂိုဒေါင်နဲ့ အိမ်ထဲကို ဒလဟော ၀င်နေပါတော့တယ်။ ကျွန်တော်က ဂိုဒေါင် အပြင်ဘက်ကို တံခါးပေါက်က ၀င်နေတဲ့ လေကို ဆန်ရင်း အပြင်ဘက်ကို ထွက်လိုက်ရတယ်။

“အားလုံး တွန်းထား…”

ကျွန်တော်က ကျယ်လောင် စွာ ညာသံပေးလိုက်တော့ အတွင်းဘက်က မေမေရယ်၊ ကျွန်တော့် အန်တီ ၂ယောက်ရယ်က ရှိသမျှ သူတို့ အားနဲ့ တွန်း သလို ကျွန်တော်ကလဲ အပြင်ဘက်နေ အတင်း ဆွဲပြီး ပြုတ်ထွက်သွားသော သော့ကွင်းထဲကို သော့တံပြန်ထည့်ပြီး သော့ပြန်ခတ်လိုက်ပါတယ်။ ကျွန်တော် ခြံပြင်ကို ရောက်တော့မှ ကျွန်တော့်ခြံထဲက အဖြစ်အပျက်ကို ကြည့်လိုက်တော့ အိမ်ရှေ့ခြံတံခါး ပေါ်ကို သရက်ကိုင်းကြီး ကျိုးကျနေပြီး ရေသရောက် တွေလဲ ပြုတ်ကျနေပါတယ်။ ပတ်ဝန်းကျင်တခုလုံး မဲမှောင်နေပြီး မတရား တိုက်ခတ်နေသော မုန်တိုင်း လေပြင်းများက တံစက်မြိတ်အောက် ရောက်နေတဲ့ ကျွန်တော့်ကိုတောင် လေအားနဲ့ တွန်းနေပါတယ်။

“သား… မြန်မြန်လာ….”

မေမေက စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့်ကို အိမ်ရှေ့တံခါးမ အသာလှပ်ပြီး အထဲမြန်မြန် ၀င်ဖို့ခေါ်နေပါတယ်။ ပတ်ဝန်းကျင်တခုလုံးကတော့ သစ်ကိုင်းတွေ တဖြုန်းဖြုန်း ကျိုးကျသံတွေနဲ့ ညံနေပါတော့တယ်။

“မပူပါနဲ့ သားကိုယ်လုံးကို မုန်တိုင်း မသယ်သွားနိုင်ပါဘူး ဟီးဟီး..”

ဟု ကျွန်တော်က စိတ်ပူနေသော မေမေ့ကို နောက်ဖြစ်အောင် နောက်လိုက်သေးတယ်။

မုန်တိုင်းက မနက်မိုးလင်းလာလေ လေပိုကြမ်းလာပြီး မိုးပါ ပါလာတဲ့အတွက် ၀ုန်းဒိုင်းကြဲနေတော့တာပါပဲ။ နောက်ထပ်လဲ ဘယ်သူမှ အိပ်မပျော်တော့ပဲ အောက်ထပ်က ဧည့်ခန်းနေရာမှာ တမိသားစုလုံး စုဝေး ထိုင်နေကြရတာပေါ့။ ခေါင်မိုးပေါ်က သွပ်တွေကလဲ တဂျုန်းဂျုန်းနဲ့ ညာသံတွေ ပေးလို့ပေါ့။ ကျွန်တော့် အဒေါ်ကတော့ ခရီးက ပြန်လာမယ့် အဒေါ်ရဲ့မိသားစုကို ဖုန်း တချိန်လုံး ခေါ်နေတော့တာပါပဲ။ လေတွေ မိုးတွေ အကြမ်းဆုံး အချိန်က ၄နာရီကျော်လို့ ၅နာရီနား ကပ်လာတော့ မဟားတရား ပိုကြမ်းလာတယ်။ သစ်ပင် သစ်ကိုင်းတွေ ယိမ်းထိုး ရမ်းခါတဲ့ အသံတွေက ၀န်းကျင်တခုလုံး ဆူညံနေရဲ့။ လေတိုက်ပုံကလဲ ထူးဆန်းတယ် တနေရာထဲက ပုံသေမတိုက်ပဲ အရှေ့က တိုက်လိုက်၊ အိမ်ဘေးက တိုက်လိုက် အိမ်နောက်က တိုက်လိုက်နဲ့ တအိမ်လုံး လှည့်ပတ် တိုက်နေတော့တာပေါ့။ အဲ့လိုတိုက်တော့ ခြံထဲက အပင်တွေရဲ့ သစ်ကိုင်းတွေကလဲ တဖျောင်းဖျောင်း ကျိုးကုန်တော့တာပဲ။ ကျွန်တော့် အဖိုးဆို သူအနှစ်နှစ် အလလ က စိုက်ထားတဲ့ သရက်ပင်လေးတွေ ကျိုးကုန်ပါပြီ ဆိုပြီး နှမြောတသ နေလေရဲ့။

၎နာရီကျော်တော့ ကံကောင်းစွာပဲ အဒေါ်တို့ဆီက ဖုန်းအဆက် အသွယ်ရတယ်။ သူတို့လဲ တလမ်းလုံး မုန်တိုင်း မမိပဲ ပဲခူးကျော်ပြီး ရန်ကုန်တိုင်းထဲ ချဉ်းကပ်လာမှ မုန်တိုင်းနဲ့ ထိပ်တိုက် တွေ့တော့တယ်တဲ့။ သူတို့ ဖုန်းလှမ်းဆက်တော့ မင်္ဂလာဒုံနားမှာ မုန်တိုင်းကြမ်းလွန်းလို့ ကားခဏရပ်ထားရတယ်တဲ့လေ။ ၅နာရီကျော် မိုးလင်းလာတော့ (မိုးလင်းတယ် ဆိုတာ ပတ်ဝန်းကျင်ကို မှုံပြပြ မြင်ရုံလောက်ပါပဲ) အိမ်ဘေး ပတ်ဝန်းကျင်ကို နဲနဲ မြင်လာရတယ်။ ကျွန်တော့်အဒေါ် အခန်းပြတင်း တံခါးကနေ အိမ်ဘေးခြံကို လှမ်းကြည့်တော့ ဘေးအိမ်က သွပ်တွေ က လန်စပြုနေပြီလေ။

နောက်ဖေးခြံထဲက ဂိုဒေါင် အဖီမိုးထားတဲ့ ဖျင်စဆို လေထဲမှာ တလွင့်လွင့် ၀ဲနေတယ်။ သွပ်တွေလဲ နောက်ဖေးဘက်ခြမ်းက သုံးချပ်လောက် လွင့်သွားတယ် ထင်တယ်။ အောက်ဖက် မျက်နှာကျက်တွေကို တောင် မြင်နေရတယ်။ ၅နာရီ ၄၅မိနစ်လောက် ကျတော့ အဒေါ်က ဖုန်းထပ်ဆက်တယ် ကျွန်တော်တို့ လမ်းထိပ်နဲ့ တမှတ်တိုင် အကွာမှာ ရောက်နေပြီတဲ့။ အောင်မင်္ဂလာကနေ တက္ကစီငှား လာတာလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်ရယ် ကျွန်တော့် အန်တီလေးရယ် အဒေါ်ရဲ့ မိသားစုကို မုန်တိုင်း ကြားထဲ ထွက်ကြိုဖို့ ပြင်ဆင်ရတာပေါ့။ မိသားစု သုံးယောက်ထဲမှာ သူတို့လူကြီးတွေ ထက် ၆နှစ်ကျော် အရွယ် ကလေးကို ပိုပူမိလို့ ကျွန်တော်တို့ အပြင်ဘက် ထွက် အရဲစွန့်ပြီး သွားကြိုဖို့ လုပ်ကြတယ်။

ပထမဆုံး အိမ်တံခါးကို ဖွင့်တော့ သစ်ရွက်အမှိုက်တွေ က အိမ်ထဲ ဝေ့၀ဲပြီး ၀င်လာတော့တယ်။ ကျွန်တော်တို့ နှစ်ယောက် အပြင်ထွက်ပြီးတာနဲ့ တံခါးတွေ ရှိတဲ့လူတွေနဲ့ အတင်းဆွဲပြန်ပိတ်ပြီး အိမ်ထဲပြန်ဝင်သွားကြတယ်။ အိမ်ပြင်က အဖြစ်အပျက်ကတော့ အသဲယားစရာ အပြည့်ပါပဲ။ မိုးက လင်းနေပြီဆိုတော့ အပျက်အစီး တွေကို မျက်ဝါးထင်ထင် မြင်နေရပြီလေ။ အရင်ဆုံး ကျွန်တော့် အိမ်နဲ့ ခပ်လှမ်းလှမ်းက ဓာတ်တိုင်က ကြိုတွေက လမ်းမပေါ်ကို တွဲလောင်း ကျနေတယ်။ ကြိုးတွေ ရှုပ်ယှက် ခတ်နေတဲ့ အပြင် လမ်းမပေါ် သစ်ကိုင်းတွေလဲ ကျိုးကျနေတယ်။ ကျွန်တော်တို့ နှစ်ယောက် သတိကြီးစွာနဲ့ ကြိုးတွေကို မနည်းရှောင်ပြီး လမ်းထိပ် ဘက်ကို ခပ်သွက်သွက် ပြေးရတယ်။ ပြီးတော့ နောက်တမှတ်တိုင်လောက်က အဒေါ်တို့ မိသားစုကို ခေါ်ဖို့ ခပ်သုတ်သုတ်လေး ပြေးရတယ်။ ပြေးရင်းနဲ့ပဲ ကျွန်တော့် ထုံးစံအတိုင်း ကင်မရာကို ပြေးရင်းနဲ့ လိုက်ရိုက် လိုက်သေးတယ်။ လမ်းထိပ်က ဆိုင်ခန်းတွေက သွပ်တွေက တ၀ုန်းဝုန်း လန်နေပြီး ဘယ်ချိန် လေထဲ လွင့်လာမလဲဆိုတာ လဲ ကြည့်ရင်း ပြေးရသေးတယ်။ မဟုတ်ရင် ခေါင်းပျောက်လူသား ဖြစ်နေမှာစိုးရတယ်လေ။ :P လမ်းဘေးတဘက် တချက်က ဓာတ်တိုင်တွေကလဲ ကျိုးကျပြီး ဓာတ်ကျိုးတွေကို မနည်းရှောင်နေရတယ်။ လေတိုက်တော့ ဓာတ်ကြိုးတွေက တဖျောင်းဖျောင်းနဲ့ ဝေ့၀ဲနေလို့ ခြေထောက်နဲ့ မငြိမိအောင် ကွေကွင်းပြီး ပြေးရတာပေါ့။ ဒီကြားထဲ ကျွန်တော်တို့ ပြေးတဲ့ ဘက်က လေဆန်ကြီး ဖြစ်နေသေးတော့ ခြေကို ကန်ပြီး ရှေ့ကို ရောက်အောင် မနည်းပြေးရတယ်။ တမှတ်တိုင်သာသာလောက် ရောက်တော့ ခါတိုင်း ကဗျာ ဆန်ဆန် သစ်ပင် အုပ်အုပ်လေးနဲ့ လမ်းလေးဟာ ခုတော့ လမ်းမပေါ် အပင်တွေ လဲကျပြီး တောကြီးမျက်မည်းကြီးလား မှတ်ရတယ်။ မြင်မြင်သမျှ အပင်တွေ လဲပြိုလို့ပေါ့။

တမှတ်တိုင်လောက် ပြေးပြီးတော့ သူတို့မိသားစု သုံးယောက်သား လက်တွေတွဲပြီး ခရီးဆောင် အိတ်တလုံးနဲ့ ပြေးလာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် အန်တီလေးက ကလေးကို အမိအရဆွဲချီပြီး နောက်ကြောင်း ပြန်ပြေးရပြန်တယ်။ ကျွန်တော်လဲ ပြေးရင်းလွှားရင်း ဗီဒီယိုလဲ ရိုက်ရင်းပေါ့။ ပြေးရင်းနဲ့ ခုနက ကျွန်တော်တို့ နောက်ကြောင်းက တိုက်တဲ့လေဟာ အရှေ့ဘက်ဆီက နေ ပြန်ပြောင်းတိုက်ပြန်တော့ ခရီးရောက်အောင် မနည်း ခြေကန်နေရတယ်။ ကျွန်တော်တို့လဲ လမ်းက ဓာတ်ကြိုးတွေ၊ သစ်ကိုင်းကျိုးတွေကို ဟိုခုန် ဒီရှောင်လုပ်ရင်း နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်တော့မှ ဟင်း ချနိုင်တော့တယ်။

2
comments

May 23

လှူဒါန်းပြီးစီး

မနေ့က ဒဂုံအရှေ့ပိုင်း ရပ်ကွက် ကို လှူဒါန်းခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လှူဒါန်းပေးတဲ့ (စင်ကာပူက အလှူရှင်တွေရဲ့) အ၀တ်တွေကို ကျွန်တော်တို့ လှူမယ်လို့ သတင်းပို့လိုက်တယ် ဆိုရင်ပဲ ယောက်ျား၊ မိန်းမတွေ ထွက်လာကြပြီး တက်ညီလက်ညီ လာရောက် သယ်ပိုးပေးကြပါတယ်။ ကျွန်တော် မနေ့က အဲ့ဒိဒေသခံ ဓမ္မာရုံလူကြီး(ပြီးခဲ့တဲ့ပို့စ်မှာ ကျွန်တော်ရေးခဲ့တဲ့ သူ့ရပ်ကွက်ကို ကိုယ်တိုင် ထမင်းချက်လှူဒန်းခဲ့တဲ့ ဒေသခံလူကြီး) ကို ပေးအပ်ခဲ့ပါတယ်။ (ပေးအပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ အချိန်အခက်အခဲအရ နဲ့ တန်းစီးပြီး လှူဒါန်းပြန် ရင်လဲ ကျွန်တော်တို့မှာ လူအင်အား မလုံလောက်ခြင်း တို့ကြောင့် ရပ်ကွက်က ဒေသခံ လူကြီးကို စနစ်တကျ စာရင်းနဲ့ ပေးအပ်ခဲ့ပါတယ်။) ရပ်ကွက်က လူတွေကလဲ ၀မ်းသာ အယ်လဲနဲ့ ဖြစ်နေတာကို ပီတိဖြစ်ဖွယ် တွေ့ရပါတယ်။ အမှန်တော့ ကျွန်တော်ဆန္ဒ အရဆိုရင် အ၀တ်အစားတွေ အပြင် စားစရာ တွေပါ လှူဒါန်းချင်တာပါ။ ပြီးတော့ ကျန်းမာရေး အတွက် ယင်လုံအိမ်သာ ၂လုံး၊ ၃လုံးလောက် တတ်နိုင်သလောက် ဆောက်ပေးချင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်က ဒေသခံလူကြီးပြောတာက ဒီလူတွေဟာ ယာယီနေထိုင်ရတာ ဖြစ်ပြီး နောက်ပိုင်းမှာ အလုပ်ပြန်လုပ်ပြီး သူ့တို့ယခင် နေထိုင်ရာ မြေကွက်လေးများကို ကိုယ့်အားကိုယ် ကိုးပြီး ပြန်ဆောက်လုပ် နေထိုင်ကြမယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ နေရာကို လှူဒါန်းလိုက်နိုင်လို့ ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်။ စင်ကာပူမှ လှူဒါန်းသူများလဲ သာဓု ခေါ်နိုင်ကြပါစေ ခင်ဗျာ။

တစ်ယောက်တလက် ၀ိုင်းဝန်း သယ်နေကြတဲ့ ဒေသခံ လေဘေးသင့်သူတွေ





ဒီလို ပေးအပ် လှူဒါန်းခဲ့ပါတယ်။


(အမှန် အဲ့ဒိနေ့က ကျွန်တော်တို့ သတင်းမှတ်တမ်းအဖြစ် ကင်မရာ ငါးလုံးနှင့် မှတ်တမ်းတင် ခဲ့သော်လည်း တခြားသူများ တင်သေးခြင်း မရှိသေးပါ။ အကြောင်းမှာ ကျန်သူများသည် ဘိုကလေးမြို့မှ တဆင့် ဂဒုံကနိ ထိ သွားရောက်လှူဒါန်းရန် ယနေ့မနက် ၃နာရီတွင် ထွက်ခွာ သွားကြခြင်းကြောင့် ဖြစ်ပါသည်။)

1
comments

May 20

လှူဖို့ ပြင်ဆင်ကြခြင်း

မနေ့က စင်ကာပူကနေ လေဘေးသင့်သူတွေ အတွက်လှူတဲ့ အ၀တ်ထုပ်တွေကို ဖိုးသူတော် ရုံးကို ကိုဂေါက်နဲ့ ကျွန်တော်တို့ သွားကြည့်ကြတယ်။ ဖိုးသူတော် ရဲ့ အကူအညီကြောင့် အခက်အခဲ မရှိသယ်ယူ လာနိုင်ပြီး သယ်ဖို့ကား အဆင်မပြေသေးတော့ အဲ့ဒိမှာ တရက်ထားခဲ့ရသေးတယ်။ ဒီနေ့ မနက်တော့ ကျွန်တော်လဲ ကားကြုံရှိတာနဲ့ လေဆိပ်နားက ဖိုးသူတော်ရဲ့ ရုံးကို ကိုယ်တိုင်မောင်းပြီး အထုပ်တွေ သွားယူခဲ့ရတယ်။


Singapore က လှူတဲ့ အ၀တ်အိတ်တွေ

နေ့ခင်းကျတော့ ကိုဂေါက်၊ မမဘာညာ၊ ကိုကြီးကျော်၊ နန္ဒနဲ့ အခြား အသိနှစ်ယောက်ပါ ကျွန်တော့် အိမ်ကို ရောက်လာကြတယ်။ ရောက်လာတာနဲ့ မမဘာညာက ဗိုက်ဆာတယ် ဆိုတာနဲ့ (အိမ်မှာလဲ မန်းမန်း ကျန်တော့တာနဲ့ :P ) ရပ်ကွက်ထဲက စားသောက်ဆိုင် တခုကို ခေါ်သွားရတယ်လေ။ ကျွန်တော့် စပွန်တော့ ဟုတ်ဖူးပေါ့ ဟတ်ဟတ်။ စားသောက်ပြီး တာနဲ့ ကျွန်တော်အိမ်က ဂိုဒေါင်ထဲမှာ အ၀တ် ထုပ်တွေ ဖြေကြပြီး ကလေးဝတ်၊ ယောကျာ်းဝတ်၊ မိန်းမ၀တ် ဆိုပြီး ခွဲကြရတယ်။


ဒီလို တက်ညီလက်ညီ လုပ်အားပေးနေသော ကျွန်တော်တို့ အဖွဲ့

ဒီလို ခွဲလိုက်မှ လှူတဲ့အခါ မြန်ဆန် ထိရောက် အောင်လို့ပေါ့။ အထုပ်တွေက အားလုံးပေါင်း ၁၅ထုပ်ရှိပြီး အထည်တွေကလဲ အမျိုးစုံပါပဲ။ ဘယ်လောက် စုံလဲဆို တချို့ မိန်းမ၀တ်တွေမှာ စကပ်တိုလေးတွေ၊ ချက်ပေါ် ရင်စီးလေးတွေ တောင်ပါတယ်။ လန်ထွက်နေတာပဲ။ ဟိဟိ :P အားလုံး ကလေးဝတ် ယောက်ျားဝတ် မိန်းမ၀တ်ဆိုပြီး အထုပ်တွေနဲ့ ပြန်ခွဲထည့် ပြီး တက်ညီလက်ညီ လုပ်လိုက်ကြတာ တနာရီကျော်လောက် ကြာသွားတယ်။ အားလုံးလဲ ချွေးတလုံးလုံးနဲ့ ပင်ပန်းသွားပေမယ့် လုပ်အားဒါနလေး လုပ်လိုက်ရတော့ ပီတိလေးတွေ ကိုယ်စီနဲ့ပေါ့။ အထုပ်တွေ ကို သေချာပြန်စီပြီး သဘက်ခါ သွားလှူကြမယ်လို့ စီစဉ်လိုက်ကြတယ်။ တနိုင်တပိုင် ကုသိုလ်ရေး လေးပေါ့လေ။ :)

ဒါကတော့ လူချောလေးများ အဖွဲ့ပေါ့လေ ဟတ်ဟတ် :P

2
comments