Category: Thingyan(Water Festival)

Apr 19

အကြတ်နေ့က ဗီဒီယို (ရန်ကုန်)

ပရိသတ်များ ကြည့်နိုင်ရန် ဟိုနေ့က တာမွေ၊ ကန်တော်ကြီး၊ ရွှေဂုံတိုင်၊ ရန်ကင်း တလျှောက် က မဏ္ဍပ်တွေကို မှတ်တမ်းတင် ဗီဒီယို ရိုက်ထားပါတယ်။ ကျွန်တော့် ငှားလာတဲ့ ဦးလေး ကင်မရာက ရုပ်ထွက် သိပ်မကောင်းပါဘူး။ နဲနဲလေး ဖြစ်ဖြစ် ရန်ကုန် သင်္ကြန်ပုံရိပ်ကို မြင်ရတယ်ဆိုရင် ကျေနပ်ပေးကြပါနော်။

1
comments

Apr 17

Thingyan no alcohol

ဒီနှစ် သင်္ကြန်ကို အသက်နဲနဲ ကြီးလာ လို့လား မသိဘူး တည်တည် ငြိမ်ငြိမ်နဲ့ ပျော်တတ်လာတယ်။ ခါတိုင်းနှစ်တွေ တုန်းကတော့ သင်္ကြန်ကျပြီဟေ့ ဆိုရင် စိတ်လွတ် ကိုယ်လွတ် ကဲပစ်လိုက်တာပဲ။ ခုတော့ ဆင်ခြင် စဉ်းစား တတ်လာပြီး ရင့်ကျက်လာတယ် လို့ ကိုယ့်ကိုကိုယ် ထင်တာပဲ။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ အိမ်နီးချင်း နိုင်ငံတွေထဲမှာ အစည်ကားဆုံးနဲ့ ရှေးအကျဆုံး ပွဲတော် တခုဖြစ်ပါတယ်။ ကျွန်တော်တို့ အတာ သင်္ကြန်ရဲ့ အနှစ်သာရ ကိုက နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ် အကူးအပြောင်းမှာ အတာရေနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော ပစ်တာပါ။

သင်္ကြန်ကျပြီဟေ့ ဆိုရင် ကားတွေနဲ့ လည်မယ့်သူတွေက တမျိုး၊ မဏ္ဍပ်ထိုင်မယ့် သူတွေက တဖုံ၊ ကိုယ့်ရပ်ကွက် လေးထဲမှာပဲ အုန်းလက် မဏ္ဍပ်ထိုးပြီး ရေကစား မယ့်သူတွေနဲ့ သင်္ကြန်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆင်နွှဲတတ်ကြပါတယ်။ သင်္ကြန်ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုး ဘာသာမရွေး ပျော်ရွှင် ကြတဲ့ ပွဲတော် တခုလဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေက ပိုပြီး ပျော်ကြပါတယ်။ ဒီတော့ သင်္ကြန်ဆိုတဲ့ ပွဲတော်နဲ့ အတူ တွဲပါလာတာက အရက်သေစာ သောက်စား မူးယစ်ခြင်းပါပဲ။ သင်္ကြန်ကျရင် အရက်သောက် ရမယ်ဟေ့လို့ ဘယ်သူကမှ မသတ်မှတ် ထားပေမယ့် သင်္ကြန်ဆို အရက်သေစာ သောက်စား ကြတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ။ ကျွန်တော်တွေ့ ဖူးသလောက်တော့ သင်္ကြန်ဆို ယောက်ျားလေးတွေ တော်တော်များများက ဘီယာ၊ ဒါမှမဟုတ် တခြား ရမ်လို ၀ီစကီလို အရက်ပြင်းတွေကို အားပါးတရ လွတ်လွတ်လပ်လပ်ကြီး သောက် တတ်ကြတယ်။ အမြဲ သောက်လေ့ မရှိတဲ့ သူတောင် သောက်ကြပါတယ်။ ဒါကဘာလဲ ဆိုတော့ လူ့သဘာဝ အရ တံငါနားနီး တံငါသဘောမျိုးပါပဲ။ အများကလုပ်တော့ ကိုယ်လဲ လုပ်မိတာမျိုးပါ။

အရက်သောက်တာ အပြစ်လားဆိုတော့ ဘာသာရေးအရ မပြောတော့ပါဘူး၊ လူငယ်တယောက် အနေနဲ့ ပြောရရင် အရက်သောက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် အရက်သောက် ခြင်း၊ မူးယစ် ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်က အပြစ်ရယ်လို့ ဆိုနိုင်ပါတယ်။ သင်္ကြန်တွင်းမှာ မကြာခဏ ရန်ဖြစ်ကြပါတယ်။ ဘယ်သူမှန် ဘယ်သူမှားတယ် မသိဘူး။ ကိုယ့်အဖွဲ့ထဲက လူတယောက် ဖြစ်ရင် ကျန်သူများက ပါ ၀င်ပါလာပြီး တုတ်ပွဲ၊ ဓါးပွဲတွေ ဖြစ်လာတတ်ကြပါတယ်။ အရက် သောက်ရင် သွေးဆူပါတယ်၊ ပြီးတော့ တချို့များ အရက်သောက်မှ သတ္တိရှိလာ သူများ ရှိပါတယ်၊ အဖွဲ့အားကိုး နဲ့ မိုက်ကန်း ချင်သူများ ရှိပါတယ်။ အရက်သောက်ထား ရင် ဆင်ခြင်တုံ တရား ကင်းမဲ့နေ ပါလိမ့်မယ်။

နောက်တမျိုး အရက်ကို အလွန်အကျွံသောက် ပြီး လူမှန်းသူမှန်း မသိအောင် အံဖတ် စို့သူများ လဲရှိကြပါတယ်။ သင်္ကြန်ကို ပျော်ချင်ပါတယ် ဆိုပြီး လူမှန်း မသိအောင် ဖြစ်နေမှတော့ ဘယ်နားမှာ ပျော်စရာ ရှိတော့မလဲ၊ သူ့ခေါင်းထဲမှာ ထွေပြားနေပြီး၊ သူ့အမြင်အာရုံတွေထဲမှာေ၀၀ါး နေမှတော့ သင်္ကြန် အပျော်ဆိုတာ ဘာမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေ ဘုံးဘုံးလဲ နေတာတွေ ကိုယ့် အံဖတ်နဲ့ ကို ထွေးလုံး ရော နေတာတွေ ဟာ အလွန် အရုပ်ဆိုး လှပါတယ်။ နောက်တခု အရက်သောက် ထားရင် အရှက်တရား ကင်းမဲ့ နေပါလိမ့်မယ်။ ဘယ်အရာ မဆို လွန်ကျူး ရင် မကောင်းပါဘူး။


ကျွန်တော် ဒီနှစ်သင်္ကြန်ကို အကျနေ့ အင်းယား မဏ္ဍပ် ထိုင်ဖြစ်ပါတယ်။ အကြတ်နေ့ကို ကားနဲ့ ဟိုနား ဒီနား ကလေးတွေ ပျော်အောင် လိုက်မောင်းပေး ပါတယ်။ ဒါပါပဲ။ အတက်နေ့ကို အိမ်မှာပဲ နေပါတယ်။ ကျွန်တော် စလောင်းကနေ ထိုင်းသင်္ကြန်ကို ကြည့်မိတော့ ထိုင်းသင်္ကြန်ရဲ့ ဆောင်ပုဒ် လေးကို သွား သဘောကျမိတယ်။ songkran no alcohol တဲ့။ သူတို့ တကယ်ကော ဆောင်ပုဒ်အတိုင်း လိုက်နာ မနာတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော်တို့ဆီမှာတောဲ့ ကြေငြာချက်တွေ ထုတ်ပြန် ထားပေမယ့် ဘယ်သူမှ မလိုက်နာ ကြတာ များပါတယ်။ အလေးပေး ၊ အလေးထား ဆင်ခြင် သင့်တဲ့ အချက်ဖြစ်ပါတယ်။ သင်္ကြန်ဟာ အရက်သောက်မှ ပျော်စရာ ကောင်းတာ မဟုတ်ပါဘူး။ ဒီတိုင်းလဲ ပျော်လို့ရပါတယ်။ သင်္ကြန်ရေကြောင့် ချမ်းတယ် ထင်ရင် ရေပက်ခံထွက် မနေပါနဲ့။ အိမ်မှာပဲ နေပေါ့ဗျာ။ ယောက်ျား ရင့်မာကြီးတွေနဲ့ ချမ်းမှာစိုးလို့ ဆိုတဲ့ အကြောင်း ပြချက်ကြီးက မခိုင်လုံ ဘူး ထင်ပါတယ်။ အရက်သောက် သူများ ကျွန်တော် ပြောတဲ့ အချက်များ မှားနေရင် ၀ိုင်းဝန်း ကန့်ကွက် နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ ရိုးရာ သင်္ကြန်ကို အရက်မသောက်ပဲ ဆင်နွှဲရင် ပိုမို စိုပြည် လှပ သွားမယ် ထင်ပါတယ်။ အကျိုးမဲ့တဲ့ ခိုက်ရန်ပွဲတွေ ဖြစ်ပွားမှု နည်းပါးသွားမယ် ထင်ပါတယ်။ တခြား အိမ်နီးချင်းများ ထက် စည်ကားသော မြန်မာ့ ရိုးရာ သင်္ကြန်ကို အစဉ် အလာမပျက် ယဉ်ယဉ်ကျေးကျေးလေး ဆက်လက် ထိန်းသိမ်း သွားသင့်တယ် ထင်ပါတယ်။ တခြားသူတော့ မပြောတတ် ပေမယ့် ကျွန်တော်ကတော့ ဆောင်ကရမ် ဆောင်ပုဒ်ကလေးကို ပြင်ပြီး Thingyan no alcohol ရယ်လို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။

1
comments

Apr 15

သင်္ကြန် အကြတ်နေ့(ရန်ကုန်)

ဒီနေ့မနက် ကျွန်တော့် အိမ်က ညီမလေးတွေ၊ ညီဝမ်းကွဲတွေ ပျော်ရအောင်ဆိုပြီး ဝေဇယန္တာ၊ တာမွေ၊ ကန်တော်ကြီး၊ ရွှေဂုံတိုင်၊ ရန်ကင်း (ဂွတ်တလိပ်ဈေးကွေ့ဘက်) တွေကို ရောက်ခဲ့ပါတယ်။ ပုံပုံတွေလဲ ရိုက်ခဲ့ပါတယ်။ ဗီဒီယိုလဲ ရိုက်ခဲ့ပါတယ်။ ကွန်ကောင်းမယ် ဆိုတင်ပေးပါ့မယ်။ မနေ့က ကျွန်တော့်ကင်မရာ ငှားသွားတဲ့ မပင့်ဂိုးလ် ဒီနေ့ထိ ပြန်မရောက်သေးပဲ အချိန်မှီ ကင်မရာ ပြန်မပေးပါဘူး။ ချောင်းသာမှာ ဒီအပျိုကြီး တယောက် ရေကူး နေပါကြောင်း ခွိခွိ.. :P ။ အဲ ဒီနေ့တော့ အားလုံး မျှော်လင့်နေကြတဲ့ ရန်ကုန်သင်္ကြန် တစိတ်တပိုင်းကို ရှုစားတော် မူကြပါ။ (အင်းယားတော့ မရောက်ဖြစ်ဘူး သိတဲ့အတိုင်း တနေကုန်သွားမှာစိုးလို့..)


ကျွန်တော်တို့ မြို့နယ်က မဏ္ဍပ်လေးတခုပါ။

ကားလေးနဲ့လည်

ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့..

မဏ္ဍပ်သေးတယ် ဆိုပြီး အထင်မသေးလေနဲ့ အတော်ဆော်တာ ကျောကိုကော့လို့…။

ပိတောက်ပန်းတွေ ဖွေးဖွေးလှုပ်နေတယ်.. အကျနေ့အထိ မိုးက ခပ်ဖွဲဖွဲရွာနေလေတော့ သင်္ကြန်သရုပ်အခုမှ ပိုပီပြင်သွားတယ်။







ဦးဦးရဲတို့လဲ လှည့်လည်

ရေစိုပျိုမေတွေရယ် အလှကတိုး ဒီမဏ္ဍပ်က အရွ.. အဲဘွာတေး အလှဆုံး… :P

လာပြီ…လာပြီ မီထရို့ အကြိုက်လေးတွေ လာတော့မယ်.. ဒါပဏာမ အဟိ

ဖလန်းတော့ ဖလန်း ..သိပ်မလန်း..:P

ရော့ခ်ကာတွေလား.. ပန့်ကာ တွေလား သိဝူး.. အမဲရောင်ကိုယ်တော်တွေအဖွဲ့… :P



မီထရို့အကြိုက် ထင်တယ် .. :P

ဒါက တမျိုး

ဘူလေးလဲ…ဘူလေးလဲ… :)

ဆက်လျှောက်…ဆက်လျှောက်.. :P

ကဲသာကဲ..ဂရုမစိုက်နဲ့….


ဘယ်သူလဲတော့ မသိဘူး.. ဒါပေမယ့် ကြည့်ရတာ ကိုယ်ရော စိတ်ပါ ၀မ်းသာပျော်ရွှင်နေပုံရတယ်..။

အ၀ါလေးနဲ့ တယောက် လန်းတယ်ဗျ.. ခက်တာက ကင်မရာက လူမျက်စိလောက် မလျင်ရှာဘူး.. အဟိ :P

မဏ္ဍပ် နာမည်က ဒီမဏ္ဍပ်က အလှဆုံးဆိုပဲ ရွှေဂုံတိုင် ဗန္နာပင်ဂိတ်မှာလေ.. အလကား ညာတာ လှလဲလှဝူး


ဒါ တကယ်ကြီး ဖလန်း..ဖလန်းတွေဗျို့ ဟိုဘက် ကားလမ်းကို လှမ်းဆွဲရိုက်တာ… ကင်မရာ zoom မိုင်ကုန်ပဲ..။ :P

snap shot လျှက်တပြတ် ရိုက်ခွက်..အဲလေ.. ရိုက်ချက်…

အခုအောက်ဘက်က ပုံတွေက ရန်ကင်း မင်းလမ်း မြလမ်း တလျှောက်က မဏ္ဍပ်ပုံတွေပါ

ဟီး ပုံတိုင်းအောက်က စာလိုက်ရေးရမှာ ပျင်းလာလို့.. :P



၂ယောက်ထဲ အေးဆေး


အိုးလေး လှုပ်ပါဟေ့.. အိုးလေး လှုပ်ပါဟေ့.. ကောင်မလေးတွေ… ဒန့်..တန့်..တန့်..:P

ရန်ကင်း စင်တာရှေ့နားက မဏ္ဍပ်

ရန်ကင်း ကြားမှတ်တိုင်နားက မဏ္ဍပ်

ဒါလဲ ဖလန်း တမျိုးပေါ့ခင်ဗျာ..

အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်။ ဒီနှစ်တော့ ပြည်တွင်းက ဘယ်သူမှ ၀ိုင်းမကူပေးကြဘူးနော်..။ အဟဲ အတက်နေ့ ဘယ်မှ မသွားပဲ အိမ်မှာ နှပ်နေမှာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်… ဒူဝေ..ဝေ….။ :D

4
comments

Apr 17

နှစ်သစ်မင်္ဂလာ

မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာကို ရောက်ခဲ့ပြန်ပါပြီ။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ပြောင်းပြီးရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းရဲ့ ရှေးထုံးလေး တစ်ခုကတော့ နှစ်ဆန်း တရက်နေ့မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပါပဲ။ ကျွန်တော်တို့တွေ ဟာ သင်္ကြန်တွင်း တခဏတာ ပျော်ရွှင်ကြပြီးပြီမို့ ဘ၀ သံသရာမှာလည်း ပျော်ရွှင်ရအောင် ကုသိုလ် ကောင်းမှုတွေ လုပ်ကြရတာပေါ့။ ဒီနေ့ မနက်တော့ မေမေ နဲ့ ကျွန်တော် မနက်စောစော ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။ နှစ်ဆန်း တရက်နေ့ဆိုတော့ ရွှေတိဂုံ ဘုရား ဖူးတဲ့ သူတွေက ကြက်ပျံမကျ စည်ကားလွန်းနေပါတယ်။ မြောက်ဖက် မုခ် ဘက်မှာဆို ကားတွေ များလွန်းလို့ တန်းစီပြီး မုခ်နားရောက်တဲ့အထိ တလှိမ့်ချင်းတိုးခဲ့ရပါတယ်။ ဘုရားပေါ်တက်တဲ့ မြောက်ဘက် မုခ် လှေကားတွေမှာ ဆို လူတွေ ဖွေးဖွေး လှုပ်ပဲ။ ( ဓာတ်လှေကားကတော့ လူတအား များနေမှာ စိုးလို့ ကျွန်တော်တို့ သားအမိ ခြေကျင်တက်ခဲ့ပါတယ်)။



မြောက်ဘက် မုခ်



ဘုရား ဖူးလာ မိတ်သဟာ တွေပေါ့



မြောက်ဘက် မုခ်မှ မြင်ရသော ရွှေတိဂုံ စေတီတော်မြတ်


ရင်ပြင်တော် ပေါ်မှာလည်း ဘုရားဖူးသူတွေ တအား များလွန်းလို့ တိုးမပေါက်ပါဘူး။ ဂြိုလ်တိုင် ထောင့်တွေ မှာဆို မနည်း ဦးချနေရတယ် လူတွေ များလွန်း အားကြီးလို့လေ။ အောင်မြေမှာဆို ထိုင်စရာ နေရာတောင် မရှိဘူး။ အောင်မြေ နားက ပန်းအိုးတွေဆို ပန်း ကပ်တဲ့ သူတွေ များလွန်းလို့ ပန်းတွေ ပြန်စွန့်ထားတာ တောင်ပုံရာ ပုံ လို့။



အောင်မြေမှာ ဒီလို ကြိတ်ကြိတ်တိုး ၀တ်ပြုနေကြတယ်



ဘုရားပန်းတွေ များလွန်းလို့ တောင်ပုံ၊ ရာပုံ



နေ့အလိုက် ဂြိုလ်တိုင် ထောင့်တွေမှာလဲ ဘုရားဖူးသူတွေ တော်တော် များတယ်။




ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ ဒီလို ကြက်ပျံမကျ စည်ကားနေတယ်။



ဆင်းတဲ့ သူတွေနဲ့ တက်တဲ့သူတွေ


မေမေနဲ့ ကျွန်တော်နဲ့ကတော့ ကျွန်တော်တို့ ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊ လက်ဝဲ ရစ် တပတ် ပတ်ပြီး မဟာဝိဇယ ငါးလိပ်ကန်ဘက် ကို ပြန်ဆင်းခဲ့တာပေါ့။ ငါးလိပ်ကန်မှာ ငါးလွှတ်၊ ငှက်လွှတ်တဲ့ သူတွေကလဲ အများသားပဲ။ မနည်း တိုးခဲ့ရတယ်။ ကျွန်တော်က ငှက်၂ကောင်ပေါင်း ငါးရာ၊ မေမေကတော့ သူ့သက်စေ့ ငါး သေးလေးတွေ ၂၀၀၀ ဖိုး ၀ယ်ပြီး ကုသိုလ်ဖြစ် လွှတ်ခဲ့တယ်။ အပြန်ကျတော့ ဗဟန်း ၃လမ်းဘက်က ပတ်ပြန်ခဲ့တယ်။


လွှတ်မယ့် ငါးလေးတွေ


မဟာ ၀ိဇယဘက်က ငါးလိပ်ကန်မှာလဲ လူတွေ တိုးမပေါက်….



ဤငှက်ကလေး လွတ်မြောက်သွားသလို ….


ကျွန်တော်တို့ ပြန်တာ ၉နာရီလောက် ရှိတာတောင် လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ အကျိုးကျေးဇူးကြောင့် နှစ်သစ်မှာ မြန်မာ လူမျိုးအားလုံး လွတ်လပ်ပျော်ရွှင်ပြီး လိုချင်တဲ့ ဆန္ဒနဲ့ ပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

0
comments

Apr 17

သင်္ကြန် အတက်နေ့

မနေ့ ညနေက သင်္ကြန်အတက်နေ့ဆိုတော့ ရေပက်တဲ့သူတွေ ကော ရေပက်ခံတဲ့ သူတွေကော တော်တော်လေး မိုးချုပ်မှ သိမ်းကြ ပြန်ကြတယ်။ ကျွန်တော်ကတော့ အကြတ်နေ့ တရက် မဏ္ဍပ် ထိုင်ပြီး အတက်နေ့ မှာတော့ အတော်လေး ညောင်းညာနေတာကြောင့် ဘယ်မှ မသွားပဲ အိမ်ထဲမှာပဲ နေ့တ၀က်လောက် အိပ်စက် အနားယူခြင်းဖြင့် အချိန်တွေ ကုန်လိုက်တယ်။ :P ညနေကျတော့ တောင်ဒဂုံဘက် သွားစရာ ရှိတာနဲ့ ကျွန်တော့် ညီမကို အတင်းခေါ်ပြီး လမ်းမှာ တွေ့တဲ့ ရေပက်နေတဲ့ ပုံတွေ ကားပေါ်ကနေ လိုက်ရိုက်ခိုင်းတော့တယ်။ ကျွန်တော်က ကားကို ရေပက်တဲ့ လူတွေနားရောက်ရင် အသာလေးမောင်းပြီး ညီမလေးကို ဓာတ်ပုံ ရိုက်ခိုင်းရတယ်။ အော် မြင်မြင် သမျှ ရေးပြ ဝေမျှ ချင်တဲ့ ကျွန်တော့်အဖြစ်ကလဲ တညိုးပေါ့လေ။ ဟီး။ အားလုံးပဲ ကျွန်တော် မြို့ထဲ မရောက်ဖြစ်လို့ မြို့ထဲက မဏ္ဍပ်ပုံတွေ မရိုက်ဖြစ်ပေမယ့် ကျွန်တော်နေထိုင်ရာ မြို့နယ်ထဲက ရေကစားနေတဲ့ ပုံလေးတွေတော့ ရိုက်ဖြစ်ခဲ့တယ်။ မြို့ထဲက မဏ္ဍပ်တွေဆိုတာ လူတိုင်းရိုက်နိုင်ပေမယ့် ဒီလို မြို့နယ်ထဲက ပုံတွေတော့ သိပ်မရိုက်ဖြစ်ကြဘူးလေ။ (ဟီးဟီး အမှန်တော့ ချွေးသိပ်တာ :P ) အဟဲ ကျွန်တော့် တို့ မြို့နယ်ထဲမှာ ပျော်ရွှင်စွာ ရေကစားနေကြတဲ့ ပုံတွေကိုလည်း ကြည့်ရှုပေးကြပါအုံး။

ကျွန်တော်တို့ လမ်းထိပ် နားက အကြီးဆုံး အုန်းလက် မဏ္ဍပ်


လမ်းဘေး တဖက် တချက်က ရေကစား နေကြသူတွေပေါ့


ကားနဲ့ လည်သူတွေလဲ ရှိတယ်။


လူနည်းနည်းနဲ့ ကဲကဲတွေပေါ့။ :)


လမ်းမပေါ်တွေလဲ သင်္ကြန်ရေနဲ့ စိုစိုရွှဲလို့


အုန်းလက် မဏ္ဍပ် ဆိုပေမယ့် လူစည်ပါတယ်။


ပျော်သလား ဟေ့ မောင်တို့ရေ…. ပျော်တယ်ဟေ့ ပျော်တယ်ဟေ့….

ကဲ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြန်ပြီ သူငယ်ချင်းတို့ရေ။ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ မြန်မာပြည်သား အားလုံး ဘေးရန် ကင်းကွာပြီး အောင်မြင်တိုးတက် ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သင်္ကြန် ဆွေး…ဆွေး

လတန်ခူးပေမို့၊ အလှထူးတဲ့ နွေဂိန်မာန်
ရွှေတန်တဲ့ ဒို့နှစ်ကူး၊ ပျော်ကာမြူး ပွဲတော်မဟာ
သြော်…ထူးတဲ့ ရိုးရာ။
ဒီသင်္ကြန် အတာ ပွဲမှာလ၊ နရီချိန်မှန် ဆင်ကာနွှဲတာမို့
ကုန်ချင်ဘု ဒီအတာ ရက်ကိုဗျ၊ စုန်ဆန်ကူး ရင်ဖိုစိတ်တွေနဲ့
ပိတောက်နု ၀ါတွေလို၊ ထောက်ရှုကာ မျှော်နေရဘိ သကို
ခွန်းဖွဲ့သီ တေးသံ ရယ်ချို၊ ရွှန်းလဲ့ရည် ရေတွေက စို
သြော် … သင်္ကြန်ရယ်….. (ကျွန်တော်တို့ မှာလေ)
ဆွေး…. လို့ရယ် သာ ငို….။

မင်းယွန်းသစ်

0
comments