Jul
18
၂၀၁၀ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည့် BarCamp ဖြစ်သော BarCamp Yangon ကို ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် ကျင်းပနိုင်ရန် Organizer Team ကို ယခုနှစ် သြဂုတ်လထဲတွင် ဖွဲ့စည်းမည် ဖြစ်သည်။
BarCamp Yangon 2010 ကို ဦးစီးကျင်းပခဲ့သော Organizer Team မှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကွန်ပျူတာ ပညာရှင်များ၊ နည်းပညာ စိတ်ဝင်စားသူများနှင့် ပွဲကျင်းပရေး လုပ်ငန်းများ တွင် တက်ကြွစွာ ဆောင်ရွက်နိုင်သူများအား BarCamp Yangon 2011 Organizer Team (BCY11-OT) တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ စိတ်ပါဝင်စားသူများသည် BarCampYangon website (www.barcampyangon.org) တွင် email signup လုပ်ထားခြင်းဖြင့် အစည်းအဝေးသို့ ဖိတ်ကြား ခံရမည် ဖြစ်သည်။BarCamp Yangon 2010 ကို ဇန်နဝါရီလက မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ရာ
ကမ္ဘာတဝန်း BarCamp များ တက်ရောက်သည့် လူဦးရေး စံချိန် တင်နိုင်ခဲ့သည်။
BarCamp များကို မြန်မာနိုင်ငံအတွင်း မြို့ကြီးများတွင် ဆက်လက် ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
Posted in Announcement, Barcamp Yangon, News 2011 barcamp Yangon
Mar
09
Yesterday, MRTV said the Election Commission law would be published in newspapers beginning Tuesday. After one year and 10 months, the laws are come out. Can they finish 2010 fables? Which party will represent for the people? What and How? However, this is the first step for the election I think. I’d like to say ‘Welcome’. We just only effort to monitor on this game. In this morning, I’m searching news to read laws but I can’t find it. Finally, I got election commission laws picture file from my friend. Thanks! Here you can click on the picture to view detail.


Posted in Announcement, News, Today Yangon Burmese Election election law myanmar
Jan
03
Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.
Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn’t look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn’t cool?
When and Where
Date :January 23 and 24, 2010
Place : Myanmar Info Tech
Hey don’t miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don’t forget to take your notebook. But don’t worry, if you don’t have notebook, we will give PC for you.
If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar’s Blog.
Barcamp Yangon ဝက်ဘ်ဆိုက်ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ပါပြီ။ အခုပဲ register သွားလုပ်လို့ရပြီဗျို့။
ဘာကြောင့် register လုပ်သင့်သလဲ?
ဘားကမ့်ဆိုတာ လွတ်လပ်ပြီး ကန့်သတ်ချက် မထားတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ တက်ရောက်တဲ့ မည်သူမဆို သူတို့ သိထားတဲ့ ဗဟုသုတတွေကို ပြန်လည် ဝေမျှပေးလို့ ရပါတယ်။ အကယ်၍များ သူငယ်ချင်းက ဘားကမ့်ရန်ကုန်မှာ ကိုယ်သိထားတာလေးတွေကို ပြောမယ်လို့ ရည်ရွယ်ထားရင်တော့ ကိုယ်ပြောမယ့် ခေါင်းစဉ်အတွက် register လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲ့ဒိလို ဝက်ဘ်ဆိုက်ပေါ်ကနေ စာရင်းပေးသွင်းပြီးသား လူတွေကို လက်ဆောင်တွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဥပမာ တီရှပ်တို့၊ တခြား လက်ဆောင် ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့။ ဘားကမ့်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ဖူးနေကျ တတ်သိနားလည်တဲ့ ဂုရုကြီးတွေ လုပ်တဲ့ စီမီနာ လို မျိုး မဟုတ်ပါဘူး။ အဲ့ဒိပွဲကို တက်ရောက်လာတဲ့ သူတွေ ကိုယ်တိုင် လည်း ပြောနေတဲ့ သူတွေရဲ့ခေါင်းစဉ် အပေါ်မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတယ်။ ကဲ ဘယ်လောက်မိုက်သလဲ။
ကျင်းပမယ့် အချိန်နဲ့ နေရာက
နေ့ရက် ။ ။ ၂၀၁၀ ဇန်နဝါရီလ ၂၃ ၊ ၂၄ (တနေကုန်နော်)
နေရာ ။ ။ မြန်မာအင်ဖိုတက်ခ်
အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ ဘားကမ့်ကို ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ ကျင်းပပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တော့ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒီတော့ သူငယ်ချင်းတို့ အတွက် နည်းပညာ အသစ်တွေ၊ ဗဟုသုတတွေနဲ့ နိုင်ငံတကာ အဆက်သွယ်တွေ ရနိုင်တယ်နော့။ အခမဲ့ ဝိုင်ယာလက်စ် ကွန်နက်ရှင်လဲ ဘားကမ့်ရန်ကုန်မှာ ပေးထားအုံးမှာပါ။ ဒီတော့ သူငယ်ချင်းရဲ့ လက်ပ်တော့ ဖြစ်ဖြစ် နုတ်ဘွတ်ခ် ဖြစ်ဖြစ် ယူလာလို့ရတယ်။ အဲ လက်ပ်တော့ မရှိလဲ မပူပါနဲ့ ဘားကမ့်မှာ သူငယ်ချင်းတို့ သုံးဖို့ PC တွေကို ထားပေးထားမှာပါ။
Barcamp အကြောင်း ပိုမို အသေးစိတ် သိချင်တယ် ဆိုရင်တော့ Barcampyangon.org နှင့် Htoo Tay Zar’s Blogတို့မှာ သွားရောက် လေ့လာ နိုင်ပါတယ်။
Posted in Announcement, Barcamp Yangon, Knowledge, News, Today Yangon
Dec
21
ကဗျာတွေ ဖတ်တဲ့ ကျွန်တော့် သူငယ်ချင်းတွေက ပြောတယ်။ မင်းဘလော့ ဖတ်ရတာ ရှုပ်နေတာပဲတဲ့။ ဟုတ်တော့လဲ ဟုတ်ပါတယ် ကျွန်တော်က သတင်းတွေလဲရေး၊ အက်ဆေးတွေလဲရေး၊ ခရီးသွားဆောင်းပါးတွေရော စုံစီနဖာ ဆိုတော့ အဲ့လို သီးသန့် ဖတ်တဲ့သူတွေ အတွက် ဘယ်အဆင်ပြေပါ့မလဲ။ လက်ရှိ ကျွန်တော်ရေးနေတဲ့ ဘလော့ဂ်က စလုပ်ကတည်းက ဘလော့ဂ်ရေစီးကြောင်း အတိုင်း သွားနေတော့ ဒီပုံစံလေးကို တော့ မပြင်ချင်တော့ဘူး။ ဒီတော့ ကဗျာတွေ သီးသန့် ဖတ်ပေးမယ့် သူငယ်ချင်းတွေ လဲ အဆင်ပြေအောင် ကဗျာတွေ ချည်း သီးသန့် စုစည်းထားတဲ့ ကဗျာဘလော့ဂ်လေး တစ်ခု လုပ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ် ကျွန်တော် အရင်ရေးခဲ့တဲ့ ကဗျာလေးတွေတော့ အဲ့ဒိမှာ ပါလာမှာ မဟုတ်ပဲ။ အခု အသစ် တင်ထားတဲ့ လေးပုဒ်လောက်ကနေ စပြီး တင်မှာပါ။ ဆိုတော့ ကျွန်တော့်ကဗျာတွေကို အခု ဒီဘလော့ဂ်မှာလဲ အလျဉ်းသင့်သလို တင်မယ် ဟိုဘလော့ဂ်မှာလဲ တင်မှာပါ။ အဲ့ဒိဘလော့ဂ်မှာတော့ ကဗျာသီးသန့်ဆိုတော့ ကဗျာဖတ်မယ့်သူတွေ အတွက် မျက်စိရှင်းတာပေါ့။ ကျွန်တော် လုပ်ထားတဲ့ ဘလော့ဂ်လေးကတော့..
mypoetrynote.wordpress.com
ဖြစ်ပါတယ်။ လာလည်နိုင်ပါတယ် ခင်ဗျာ။
Posted in Announcement, poem
Aug
21
Blog Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် Blogger Gathering and Blogging Excursion အကြောင်းကို ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲလေးကို ကျင်းပဖို့ အချိန်လည်း နီးကပ်လာပြီ ဖြစ်တာကြောင့် လာရောက်ကြမယ့် ဘလောဂ့်ဂါများ အားလုံးကို ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို ပြန်လည်ကြေငြာပေးချင်ပါတယ်။
Blogger Gathering
နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)
အချိန် – နံနက် (၁၀ ) နာရီမှ ညနေ (၄) နာရီထိ
နေရာ – ကန်တော်ကြီး ( ကရ၀ိတ်ဘေးမှ မြက်ခင်းပြင်)
အစီအစဉ်များ
* ဘလောဂ့်ဂါ အချင်းချင်းမိတ်ဆက်ခြင်း
* ဂိမ်းဆော့ခြင်း
* Quiz ဖြေခြင်းများ
* ဘလောဂ့်ဂါ အချင်းချင်း လက်ဆောင်ပစ္စည်း လဲခြင်း
တွေ့ဆုံပွဲကို လာရောက်ကြသောသူများအတွက် နေ့လည်စာ စီစဉ်ပေးမည်ဖြစ်ပါသည်။ အမှတ်တရ လက်ဆောင်များကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။
လက်ဆောင်များ လဲရန်အတွက် ကြိုက်နှစ်သက်ရာ လက်ဆောင်ပစ္စည်းတစ်ခုစီ ယူလာနိုင်ပါသည်။
Blogging Excursion
နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)
အချိန် – ည (၁၀) နာရီ ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး (၃၀) ရက်နေ့ ညကို ပြန်ရောက်ပါမည်
သွားရောက်လည်ပတ်မည့်နေရာ – ပြည်မြို့ ၊ သရေခေတ္တရာမြို့ဟောင်း
Fees – 5000 ကျပ်
* ခရီးစဉ်အတွက် ကားစီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်စရိတ်များကို ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။
* ခရီးစဉ်အကြောင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားနိုင်သူအား ကိုကျော်ဇေယျမှ ကင်မရာတစ်လုံး ဆုချီးမြှင့်မည် ဖြစ်ပါသည်။ (MBS မှ ပေးသောဆု မဟုတ်ပဲ ကိုကျော်ဇေယျမှ သီးသန့်စီစဉ်ပေးသော ဆု ဖြစ်ပါသည်) ။
Gathering နှင့် Excursion တွင် လိုက်ပါလိုသောသူများ Survey Form တွင် ဖြည့်စွက်ပေးကြပါရန် အကြောင်းကြားအပ်ပါသည်။
မပင့် ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Posted in Announcement