Category: Photo
သစ်ပင်စိုက်တဲ့ကဗျာဆရာများ
3
comments
အဲကွန်းတပ်ထားတဲ့မြို့ အမှတ်တရများ
၁၂ရက်နေ့က တောင်ကြီးမြို့ကို နည်းပညာဆွေးနွေးဖလှယ်ပွဲအတွက် ခရီးထွက်ခဲ့တယ်။ ကျွန်တော်၊ ကိုဇော်ဇော်၊ ကိုကိုရဲ(Ubuntu)၊ မဘာညာ၊ နန်းညီ၊ မပင့်ဂိုးလ်၊ ဝေလင်း(.net Developer)၊ ရန်လင်းအောင်(Java Geek)၊ Exiter(MZ) တို့ အတူတူ သွားခဲ့ကြတယ်ဗျ။ ဆွေးနွေးပွဲလဲ လုပ်ရင်း ဟိုဟိုဒီဒီ ရောက်တုန်း ရောက်ခိုက် လည်ရင်းနဲ့ပေါ့။ တောင်ကြီးမြို့ဟာ တောင်ပေါ်က ဒယ်အိုးကလေးလို ခွက်နေတဲ့ မြို့လေး တစ်မြို့ဖြစ်ပြီး ရာသီဥတုက အတော်လေး အေးချမ်းတယ်။ ဒါကြောင့် ကျွန်တော်က အဲကွန်းတပ်ထားတဲ့မြို့လို့ သမုတ် လိုက်တာပေါ့။ စာအရှည်ကြီး မရေးတော့ဘူး ဗျာ။ စာလုံး တွေထက် ပုံတွေက ပိုပြီး အဓိပ္ပါယ်ပါပါလိမ့်မယ်။ (ဟဲဟဲ)
ဓာတ်ပုံတွေ ကို ဝေမျှတာကတော့ နန်းညီ နဲ့ မပင့်တို့ ဖြစ်ပါတယ်။
စူဠာမုနိဘုရားရင်ပြင်တော်ပေါ်မှာ အမှတ်တရ
မြစိမ်းတောင်ပေါ်မှာ
ရွှေဘုန်းပွင့်ဘုရားမှာ
ဒီပုံကို အရမ်းခိုက်တယ်။ ဒီပုံကို ညီညီက သူတင်မလို့တဲ့။ သူမတင်ခင် ကျွန်တော် ဦးအောင် တင်ပါသည်။ ဟတ်ဟတ်
ကျွန်တော်တော့ မပါဘူးဗျ။ မပင့်ပဲများတာကို ရိုက်ပေးနေတာလေ.။
တောင်ကြီး ပြည်ခိုင်ဖြိုး ရုံးရှေ့က ဗီနိုင်း
We are.. We.. are youth of the nation!
ဒီလိုရှိတယ်..ဗျာ… ဘယ်လိုပြောရမလဲဆိုတော့ အင်း…
ကိုကိုရဲ နဲ့ ဦးဘတူ
ပဲပုတ်ဝယ်မလို့ ရွှိုက်နေကြတာ
အရှေ့ဆုံးမှ မပင့်၊ ၀ဲယာမှ မဘာညာ၊ ကျွန်တော်၊ ရှမ်းဆေးဆရာကြီး စတိုင်နဲ့ ကိုကိုရဲ၊ နန်းညီ၊ Exiter၊ ရန်လင်းအောင်၊ ဝေလင်း
ရန်ကုန်ပြန်ခါနီး ကျွန်တော်တို့ တည်းတဲ့ ချက်ပ်ကျောင်းရှေ့မှာ အမှတ်တရ
တောင်ကြီးကနေ ၁၅ရက်နေ့ ပြန်လာခဲ့ကြတယ်ဗျ။ အပြန်ကားက အောင်မင်္ဂလာကို ၁၆ရက်နေ့အစောကြီး ရောက်တယ်။ အိပ်မှုန်စုံမွှားနဲ့မို့ မနေ့က တနေကုန် အိမ်မှာ အ၀အိပ်ပစ်လိုက်တယ်ဗျ။ ပုံပုံတွေကြည့်ပြီး မနာလို အူတိုကြပါစေ.. ခွိခွိ။
9
comments
ကထိန်အလှူပွဲ



အမှန်အကန်ဆွဲနေတာလေ..









ပိုက်ဆံကျဲပေးနေတာ
အလှူပွဲပြီးလို့ ပြန်မယ်ဆိုတော့ ဆွေမျိုးတွေနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေလိုက်တာ အတော်နှင့် လေကျော မပြတ်သေးပေ။ နေ့ခင်း ၁၁နာရီခွဲနေပြီမို့ ကျွန်တော် ဆော်သြတော့မှ အဖွားကော အဖိုးပါ ထပါတော့တယ်။ ရန်ကုန်ထိ ပြန်မောင်း ရမှာဆိုတော့ လမ်းမှာ နေပူမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါတောင် ကျွန်တော့် အဖွားက ဘုန်းကြီးကျောင်းက ပြန်အထွက် ရွာထိပ်ဘက်နားက လယ်ကွင်းထဲမှ အိမ်ကလေး တစ်အိမ်ဆီကို သွားပြန်ပါတယ်။ သူ့ဆွေမျိုး(သူ့တူမ) အိမ်ကို သွားလည်ခြင်း ဖြစ်ပါတယ်။ မှည့်ဝင်းနေသော လယ်ကွင်းများကို ဖြတ်သန်းပြီး အရိပ်အာဝါသ ကောင်းလှသော အပင်များ အောက်ရှိ ဝါးအိမ်လေးဆီကို လမ်းလျှောက်ကြရပါတယ်။ ပူပြင်းလှသော နေပူရှိန်သည် ဤအိမ်ကလေးကိုတော့ ပူပြင်းအောင် မစွမ်းသာချေ။ လယ်ကွင်းထဲမှ တိုက်သော လေများသည် သစ်ပင်ရိပ်လေးများ၏ အေးရိပ်ဖြင့် အေးမြနေတော့သည်။ လယ်ထွန်သော ကျွဲတွေကို အိမ်လေးနားရှိ သစ်ပင်များတွင် ကြိုးချည်ထားရာ ကျွန်တာ့် ညီငယ်လေးများက ကျွဲများကို မရဲတရဲ သွားပွတ်သပ်ရင်း သဘောကျနေတော့သည်။

ရွှေဝါရောင် ဝင်းနေတဲ့ စပါးခင်းတွေ
လယ်သမားကြီး မင်းယွန်းသစ်

ချစ်စရာ တဲအိမ်ကလေး
3
comments
ညီစိမ်းမွေးနေ့

မွေးနေ့ရှင် ညီစိမ်းနဲ့ ဇာတိ
ရိုးရာ၊ ညီစိမ်း နဲ့ ဇာတိ
လင်မယားလို တတွဲတွဲပေါင်းတဲ့ သူငယ်ချင်း နှစ်ယောက်လေ.. အဟတ်ဟတ် ညီစိမ်းနှင့် ရုပ်သေး
ရော့စား…ဒါက အကြိုကျွေးတာနော်
အဘရေ..စားစား..
(ကိုအောင်သန့်ကို ခွံ့ကျွေးနေတာ)
ဟဟ လုပ်ကြပါအုံး.. ဇွန်းပါကိုက်နေပြီ..

ဘာတွေ ထိုင်ရေးနေမှန်း မသိတဲ့ လင်းရမ္မာ
စတိုင်ထုတ်နေတာလေ (လှလဲလှဘူးနော်..ဟတ်ဟတ်)

အတိုကြီးတို့ အမကြီးတို့ရယ် သားတို့ကို တနားပါ..
(ညီစိမ်းနဲ့ သူရဿဝါ)
အော် စားနေပုံက တနားချာ..:P
ရိုးရာကို ခွံ့ကျွေးနေတာ
အောင်သိန်း..ဟာ.. အောင်ငြိမ်းယောက္ခမပါ.. ဒူနန်နန်.. ဒူနန်နန်..

လုပ်ပြီ ကျွန်တော် ဂစ်တာတီးပြီဆို.. မုန့်တွေ လာလာခွံ့ကြတယ်.. အဟဲ အဲ့လို အားပေးကြတာ…


ကိုမြေမှုန်လွင်လဲ မနေရဘူး လိုက်ခွံ့ကျွေးတာပဲ..

ရော့ဗျာ.. ကိုအောင်သန့် စကားသိပ်ညားတယ်..။
လင်းနီညိုရေ.. အ၀သာစား..

အား… ဖြေးဖြေးကျွေးပါဟ.. ပါးစပ်ပြဲတော့မယ်..။

ဧည့်သည်လဲ မနေရဘူး.. ဇွတ်
ကန်တော်ကြီးမှာ ဒီလို တပျော်တပါး ၀ိုင်းလို့…
လာစမ်း .. သေပြီသာမှတ်.. ငှက်ငှက်.. (ကျွန်တော်၊ ရုပ်သေး၊ ဇာတိ၊ သူရဿဝါ၊ ကိုအောင်သန့်)
ရိုးရာလေ.. ချစ်လို့ ဖတ်ထားတာနဲ့ မတူဘူး.. ဟေ့လူကြီး မပြေးနဲ့… အကြွေးပေး ဆိုတဲ့ အထာနဲ့လေ.. ဟတ်ဟတ် (ကျွန်တော် ကောင်းနေပြီ…
)
မင်းကြီးများ….(ဖလား……..)

ဘယ်လိုပုံစံတွေနဲ့ ရိုက်ထားမှန်း မသိဘူး။ (ကျွန်တော် အဲ့ဒိအချိန် ဘာမှ တိတော့ဘူး ဟီးဟီး)
ဝေး..ဟေးဟေး.. (အောင်မယ်.. ဘာအခုမှရှက်နေမှန်း မသိ.. ကဗျာပေါ့..
)
ညီစိမ်းရေ.. ငါတင်ပြီးပြီနော်..။ ငါ့ဘလော့လာဖတ်ပြီး အဆဲခံရရင် မင်းတို့ပဲ… ဟတ်ဟတ်..။ ဘလော့ဖတ်သူများ ခင်ညာ.. လွန်တာရှိရင် ၀န္တာမိပါ ခင်ညာ..။
7
comments




























