Category: Travelling Diary

Apr 23

ကပ္ပလီပင်လယ်ပြင်ကို ဗဟိုပြု၍(ဒုတိယပိုင်း)

မနက်စောစောသွားတော့ ချောင်းရိုးတလျှောက် ဘေးတဘက်တချက်မှာ ဓနိတောတွေကို ဝိုးတိုးဝါးတား မြင်ရတယ်။ ခရီးအရှေ့ကို လှေဦးမှာ ထိုင်တဲ့သူက ဓာတ်မီးထိုးပေးရတယ်။ အဲ့ဒိအလင်းရောင်က လွဲလို့ တလောကလုံး မှောင်လို့…။ ချောင်းရိုး တလျှောက် တရွေ့ရွေ့သွားရင်း တစိမ့်စိမ့်အေးနေတဲ့ လေပြေတွေ လှေရဲ့ ပေါင်းမိုးအောက်ကို ဖြတ်တိုက် ရင်းပေါ့။ ချောင်းသေးလေးကနေ ငဝန်မြစ်ပြင်ကျယ်ဘက်ဆီကို ရောက်တော့ အလင်းရောင် ပျပျလေး ထွက်ပေါ်စပြုနေပြီ။

မြစ်ပြင်တစ်ခုလုံး ကျွန်တော်တို့ သမ္ဗာန်ကလွဲပြီး တခြားလှေတွေ မတွေ့ရဘူး။ ဒေသခံ လှေသမားက ပြောပြလို့ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ မွေးဇာတိ ရွာကို ခပ်လှမ်းလှမ်းက မြင်ခဲ့ရပါတယ်။ ရွာနာမည်က ကျုံကူး။ သွားရင်းလာရင်းနဲ့ နံနက်ခင်း နေရောင်ဟာ တဖြည်းဖြည်း လင်းချင်းလာပါတယ်။ တနေရာမှာတော့ ပိုက်ကွန်တွေ ချထားတဲ့ လှေလေးတွေကို တွေ့ရပြန်တယ်။ အမဲရောင် ဘောလုံးလေးတွေ ရေပေါ်မှာ အစီအရီတန်းစီနေပြီး လှေလေးတွေမှာ လူတွေကို မတွေ့ရဘူး။ ကျွန်တော်တို့ လှေသမားပြောပြတာတော့ ငါးပိုက်စောင့်ရင်း အိပ်နေကြတာတဲ့။ ဒီဒေသရဲ့ ဝမ်းစာရေး အလုပ်ကိုင် တစ်ခုပေါ့လေ။

( Read more )

1
comments

Apr 21

ကပ္ပလီပင်လယ်ပြင်ကိုဗဟိုပြု၍(ပထမပိုင်း)

ဒီတစ်ခေါက်ခရီးထွက်ရတာ ကျွန်တော့်အဖို့ အတော် ကတိုက်ကရိုက်နိုင်လွန်း လှတယ်။ သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့ လောက်ကျမှ ဖေဖေ့ဆီက ဖုန်းလာပြီး အားရင် ခဏလာလည်ဖို့ ပြောတာနဲ့ အမြန်စီစဉ်လိုက်ရတာပါပဲ။ ဧရာဝတီတိုင်း ဘက်ခရီးသွားရမယ်ဆိုတော့ တစ်ယောက်တည်း သွားရမှာ ပျင်းတာနဲ့ သူငယ်ချင်းတွေကို ခေါ်သွားမယ် ဆိုပြီး အဖော် လိုက်ညှိတာ ကိုဇော်ကလဲ မအားတာနဲ့ နောက်ဆုံး ဇာတိနဲ့ တေလေ တို့ကို ခေါ်ဖို့ လုပ်လိုက်တယ်။ သွားမယ့် နေ့ညက ဇာတိတို့ အိမ်ကို အထုပ်အပိုးတွေနဲ့ ညသွားအိပ်တယ်။ စကားပြောနေတာနဲ့ တော်တော်နဲ့ အိပ်မပျော်ပါဘူး။ ဒါနဲ့ မနက်စောစော ၄နာရီပြန်ထရတော့ မှေးခနဲ အိပ်ပျော်ရုံ လောက်ပါပဲ။ မနက်သွားခါနီး ကျမှ မောင်တေလေက ထဖောက်တယ်။ သူချောင်းတွေဆိုးပြီး နေမကောင်း ဖြစ်နေလို့ မလိုက်တော့ဘူး တဲ့။ အမှန်တော့ ဒီကောင် အိပ်ယာထ ရမှာ အပျင်းထူလို့ မလိုက်တော့တာနေမှာ။ ဒါနဲ့ပဲ ကျွန်တော်နဲ့ ငတိ ရေမိုးချိုးပြီး လမ်းထိပ်ကို လစ်ရတာပေါ့။

လှိုင်သာယာကို ရောက်တော့ မနက် ၄ နာရီ ၄၅မိနစ် လောက်ဖြစ်နေပြီ။ ကားက ထွက်ခါနီးဆဲဆဲမှာ မှီလိုက်တယ်။ မနက်၇ခွဲလောက်မှာ တစ်ထောင့် နားတယ်။ ပုသိမ်ကိုတော့ ၉နာရီခွဲလောက်မှာ ရောက်သွားတယ်။ ပုသိမ်ရောက်တာနဲ့ သဘောင်္ဆိပ်ကို လက်မှတ်အမြန်သွား ဝယ်ရပြန်တယ်။ ကားကြီးဂိတ်က မြို့ပြင်နားမှာ ဆိုင်ကယ်နဲ့ မြို့ထဲကို ပြန်သွားရင် ၈၀၀ ကျပ် ကျသင့်ပါတယ်။ ၁၀နာရီခွဲထွက်မယ့် ရှပ်ပြေးသဘောင်္ လက်မှတ်ဝယ်ပြီး အင်တာနက်ဆိုင်ကို ပြေးရတာပေါ့။ သိတယ်မှတ်လား တစ်ရက်တစ်လေမှ အီးမေးလ်လေး ဘာလေး မစစ်ရရင် နေမထိ ထိုင်မသာဘူးလေ။ ရတဲ့အချိန်လေးမှာ ဗိုက်ထဲ အစာအရင် မဖြည့်ပဲ နက်ဆိုင်ကို ပြေးပြီး ကိုယ့်အတွေးနဲ့ ကိုယ် သုံးကြတာပေါ့ဗျာ။

သုံးရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိပဲ နာရီကြည့်တော့မှ ၁၀နာရီခွဲခါနီး ၅မိနစ် ဖြစ်နေပြီလေ။ ဆိပ်ကမ်းကို ၂ယောက်သား ဆိုက်ကားနှင့် အမြန်လစ်ရပြန်တယ်။ ဟိုရောက်တော့ ဇာတိက ဗိုက်ဆာတယ်ဆိုတော့ ကျွန်တော်က မပူနဲ့ သဘောင်္ပေါ်မှာ စားသောက်ဆိုင်ပါတယ် ဆိုပြီး သဘောင်္ပေါ်တက်လိုက်ကြတယ်။ ကျွန်တော်တို့ တက်ပြီး သိပ်မကြာဘူး သဘောင်္က ထွက်တော့တာပဲ။ ဒါနဲ့ ဗိုက်ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်အိတ်လေး ကိုယ်စီ ကိုင်ပြီး အနောက်ခန်း (မတွေ့)၊ အပေါ်ထပ် (မတွေ့) နောက်ဆုံး တခုခုတော့ မှားနေပြီဆိုပြီး ကျွန်တော်တို့ ခုံဘေးမှာ ထိုင်နေတဲ့ သူကို မေးကြည့်မှ ဒီရှပ်ပြေးမှာ စားသောက်ခန်း မပါဘူးတဲ့။ သေပြီဆရာ နေ့ခင်းစာလည်း မစားရသေးဘူး။ ဒီလိုပုံဆို ငပုတော ဆိုတဲ့ ဆိပ်ကမ်းကို ကမ်းကပ်ဖို့ နောက် ၂နာရီကျော်လောက် စောင့်ရအုံးမယ်။ ဂြီ…………။

သေဘာၤေပၚမွာ အွန်လိုင်းပေါ်က သီချင်းတွေဆိုလား ဘာဆိုလား အဲ့ဒိ အမြင်ကပ်စရာ သီချင်းတွေ ဆူညံနေတာပဲ။ အဲ့ဒါတွေ ပြီးတော့ သရဲကားလိုလို စုန်းကားလိုလို မြန်မာကားကို ပြသေးတယ်။ လူက လှိုင်းတွေကို ကြည့်တော့ ခေါင်းကမူး၊ အိပ်ကလဲ မပျော်ဘူး ဆိုတော့ မျက်စိရှေ့က မြန်မာကားကို ပျင်းပျင်းရှိ ကြည့်နေရတယ်။ စိတ်ညစ်လိုက်ထှာ။ ဒီလိုနဲ့ ခဏအိပ်ပျော်သွားရင်း ငပုတော ရောက်တယ်ဆိုလို့ အမြန်ထပြီး ကမ်းပေါ်တက် ထမင်းထုပ်ပြေးတက် ဝယ်ရပြန်တယ်။ စားသောက်ပြီးတော့မှ ဗိုက်တွေလဲ အိဒြေ္နရသွားတော့တယ်။ ဗိုက်လေးပြီးတော့ အိပ်တချက် မအိပ်တချက် မြစ်ပြင်ကျယ်ကြီးကို ကြည့်လိုက်၊ ရေပြင်ပေါ်မှာ ပိုက်ချထားပြီး စောင့်နေတဲ့ လှေငယ်လေးတွေကို ကြည့်လိုက်၊ကမ်းရိုးတစ်လျှောက်က ရွာကလေးတွေကို လှမ်းကြည့်လိုက်နဲ့ ဟိုလှည့်ဒီလှည့်ရင်း နဲ့ အထက်ပြွန်ကျေးရွာ (လပွတ္တာမြို့နယ်တွင်းမှာရှိပါတယ်)ကို နေ့ခင်း၃နာရီခွဲကျော် လောက်ရောက်ပါတယ်။ လာကြိုတဲ့ သမ္ဗာန်လေးပေါ် ပြောင်းစီးပြီး နောက်ထပ် ၂နာရီလောက်စီးရတဲ့ နေရာဆီကိုပေါ့။

ရန်ကုန်ကနေ မနက်အစောကြီးကတည်းက မနားတမ်း ခရီးထွက်လာရတာ မို့ ညကျတော့ အတော်လေး ပင်ပန်းနေပြီ။ အာဆင်နယ်ပွဲလာ နေတာနဲ့ ကြည့်လိုက်သေးတယ်။ အာကြီးကလဲ အသုံးကမကျပါဘူး ဝီဂန်ကို ၂ဂိုး ဂိုးမရှိ နိုင်နေရာကနေ ပွဲပြီးတော့ ၃ဂိုး ၂ဂိုးနဲ့ ပြန်ရှုံးသွားတယ်။ တစ်ခါတလေမှ ကြည့်ဖြစ်တဲ့ ပွဲမှာ ကျွန်တော့် အာကြီး အသင်းက ရှုံးတော့ တော်တော် ဖီလင်အောက်သွားတယ်။ ဒါနဲ့ အိပ်ယာဝင်… မနက်စောစော ၄နာရီလောက် ဟိုင်းကြီးကျွန်းကို သွားရအုံးမယ်မှတ်လား။ မီးရောင်တွေ မှိတ်သွားတော့ ကောင်းကင်က ကြယ်တွေရဲ့ အလင်းတွေက မှုန်မှုန်မွှားမွှား။

မနက်ထရမယ် ဆိုတဲ့ အသိကြောင့် ညဘက်ကောင်းကောင်း မအိပ်ပျော်ခဲ့ပါဘူး။ ၄နာရီထိုးတာနဲ့ ပြန်ထ၊ ရေမိုးချိုးပြီး သမ္ဗာန်ကပ်ထားတဲ့ ဆိပ်ကမ်းဆီကို မိနစ်၂၀လောက် လမ်းလျှောက်ရတယ်။ အာရုံတောင် မတက်သေးတာမို့ တောလမ်းကလေးအတိုင်း လမ်းလျှောက်ရင်း အပေါ်ကို မော့ကြည့်လိုက်တော့ ကောင်းကင်အခုံးဝန်းမှာ ကြယ်တွေမှ အများကြီး။

ခရီးသွားစရာသာ မရှိရင် ကောင်းကင်က ကြယ်တွေကို မြက်ခင်းပေါ်မှာ လဲလျောင်းရင်း စိမ်ပြေနပြေ ကြည့်နေချင်တယ်။ လှလိုက်တာဗျာ…။

(ဆက်ရန်)

3
comments

Mar 17

အဲကွန်းတပ်ထားတဲ့မြို့ အမှတ်တရများ

၁၂ရက်နေ့က တောင်ကြီးမြို့ကို နည်းပညာဆွေးနွေးဖလှယ်ပွဲအတွက် ခရီးထွက်ခဲ့တယ်။ ကျွန်တော်၊ ကိုဇော်ဇော်၊ ကိုကိုရဲ(Ubuntu)၊ မဘာညာ၊ နန်းညီ၊ မပင့်ဂိုးလ်၊ ဝေလင်း(.net Developer)၊ ရန်လင်းအောင်(Java Geek)၊ Exiter(MZ) တို့ အတူတူ သွားခဲ့ကြတယ်ဗျ။ ဆွေးနွေးပွဲလဲ လုပ်ရင်း ဟိုဟိုဒီဒီ ရောက်တုန်း ရောက်ခိုက် လည်ရင်းနဲ့ပေါ့။ တောင်ကြီးမြို့ဟာ တောင်ပေါ်က ဒယ်အိုးကလေးလို ခွက်နေတဲ့ မြို့လေး တစ်မြို့ဖြစ်ပြီး ရာသီဥတုက အတော်လေး အေးချမ်းတယ်။ ဒါကြောင့် ကျွန်တော်က အဲကွန်းတပ်ထားတဲ့မြို့လို့ သမုတ် လိုက်တာပေါ့။ စာအရှည်ကြီး မရေးတော့ဘူး ဗျာ။ စာလုံး တွေထက် ပုံတွေက ပိုပြီး အဓိပ္ပါယ်ပါပါလိမ့်မယ်။ (ဟဲဟဲ) :P ဓာတ်ပုံတွေ ကို ဝေမျှတာကတော့ နန်းညီ နဲ့ မပင့်တို့  ဖြစ်ပါတယ်။

စူဠာမုနိဘုရားရင်ပြင်တော်ပေါ်မှာ အမှတ်တရ

မြစိမ်းတောင်ပေါ်မှာ

ရွှေဘုန်းပွင့်ဘုရားမှာ

ဒီပုံကို အရမ်းခိုက်တယ်။ ဒီပုံကို ညီညီက သူတင်မလို့တဲ့။ သူမတင်ခင် ကျွန်တော် ဦးအောင် တင်ပါသည်။ ဟတ်ဟတ်

ကျွန်တော်တော့ မပါဘူးဗျ။ မပင့်ပဲများတာကို ရိုက်ပေးနေတာလေ.။

တောင်ကြီး ပြည်ခိုင်ဖြိုး ရုံးရှေ့က ဗီနိုင်း

We are.. We.. are youth of the nation!

ဒီလိုရှိတယ်..ဗျာ… ဘယ်လိုပြောရမလဲဆိုတော့ အင်း…

ကိုကိုရဲ နဲ့ ဦးဘတူ

ပဲပုတ်ဝယ်မလို့ ရွှိုက်နေကြတာ

အရှေ့ဆုံးမှ မပင့်၊ ၀ဲယာမှ  မဘာညာ၊ ကျွန်တော်၊ ရှမ်းဆေးဆရာကြီး စတိုင်နဲ့ ကိုကိုရဲ၊ နန်းညီ၊ Exiter၊ ရန်လင်းအောင်၊ ဝေလင်း

ရန်ကုန်ပြန်ခါနီး ကျွန်တော်တို့ တည်းတဲ့ ချက်ပ်ကျောင်းရှေ့မှာ အမှတ်တရ

တောင်ကြီးကနေ ၁၅ရက်နေ့ ပြန်လာခဲ့ကြတယ်ဗျ။ အပြန်ကားက အောင်မင်္ဂလာကို ၁၆ရက်နေ့အစောကြီး ရောက်တယ်။ အိပ်မှုန်စုံမွှားနဲ့မို့ မနေ့က တနေကုန် အိမ်မှာ အ၀အိပ်ပစ်လိုက်တယ်ဗျ။ ပုံပုံတွေကြည့်ပြီး မနာလို အူတိုကြပါစေ.. ခွိခွိ။ :P

9
comments

Nov 01

ကထိန်အလှူပွဲ


မနေ့က ကျွန်တော်တို့ မိသားစုတွေ အဖွားရဲ့ ရွာဘက်ကို ကထိန်သွားခင်း ကြတယ်။ ကထိန်ခင်းတဲ့ နေရာက နီးနီးနားနားပဲ။ ထောက်ကြံ့အကျော် ညောင်နှစ်ပင်နားက အသယု(အခုအခေါ် အထယု) ဘက်ကို သွားခင်းတာလေ။ အဲ့ဒီရွာလေးက အခုဆိုရင် ရွာသေးလေးပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဖွားက သူ့ဇာတိရွာလေး ဆိုတော့ သံယောဇဉ်မပျက်သေးဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကလွဲလို့ နှစ်တိုင်း နီးပါး ကထိန်သွားခင်းတယ်။ သူ့မှာ ကထိန်ခင်း ရတဲ့ ရည်ရွယ်ချက် ၂ချက် ရှိတယ်။ သူ့နေခဲ့တဲ့ ရွာကလေးကို အမှတ်တရ သွားချင်တာရယ်။ နောက်ပြီးတော့ ဆွေတော် မျိုးတော်တွေ တွေ့ချင်တာရယ်ပေါ့။ ကထိန်လာခင်းတော့ သူ့ဆွေမျိုးတွေ ကလည်း ထောက်ကြံ့ကနေ လာခင်း ကြတယ်။ (အဖွားတို့ အမျိုးတွေက အထယုကနေ ပြောင်းသွားကြတာ ထောက်ကြံ့မှာ တော်တော်များတယ်)။ ညောင်နှစ်ပင်လမ်းဆိုတာ အမျိုးသား ညီလာခံ လုပ်သွားတဲ့ နေရာလေ ကျွန်တော်တို့ မြောက်ဥက္ကလာ အဝေးပြေး ဝင်းကနေ သွားရင် အမှတ်၃ လမ်းမ ကြီး အတိုင်း တည့်တည့်ကြီး သွားရတယ်။



အဲ့ဒိ ညောင်နှစ်ပင် လမ်းထိပ်ကနေဆို ကားနဲ့ ၁၀မိနစ် လောက် သွားပြီးတဲ့အခါမှာ အသယု ရွာထိပ်ကို ရောက်ပါတယ်။ အရင်ကတော့ ရွာထိပ်က ချောင်းလေးကို သစ်တုံးလေးသာ ခံထားပေမယ့် အခုတော့ လမ်းပေါက် နေပါပြီ။ ကျွန်တော်က အရင် တစ်ခေါက် နဲ့ အခုတစ်ခေါက် နှစ်ခေါက်သာ ရောက်ဖူးသေးတယ်။ ရွာထိပ်ကို ရောက်တယ် ဆိုရင်ပဲ ကျေးရွာဓလေ့ အတိုင်း အလှူသီချင်း သံတွေ တညံညံ ကြား နေရပါပြီ။ ဘုန်းကြီးကျောင်း ဝင်းထဲကို ရောက်တော့ ပဒေသာပင်တွေ မရောက် ကြသေးဘူး။ ရွာက လူတွေကတော့ ရောက် နေကြပြီး တစ်ယောက် တလက် ဝိုင်း ကူ ချက်ပြုတ် နေကြပုံပါပဲ။ ဒီဘုန်းကြီးကျောင်း ဝင်းက တော်တော်လေး ကျယ်ဝန်းပါတယ်။ ဘုန်းကြီးကျောင်း ဝင်းထဲမှာ စေတီလေး တစ်ဆူ ရှိပြီ။ သစ်ပင် သစ်ရိပ်တွေနဲ့ အေးအေး ငြိမ်းငြိမ်းရှိလှပါတယ်။ ဘုန်းကြီးကျောင်းက ၂ထပ် ကျောင်းဖြစ်ပြီး ကျောင်းနှင့် ကပ်လျက် ဘယ်ဘက်ခြမ်းတွင်တော့ ထမင်းချက်ဆောင် နှင့် မဏ္ဍပ်ကြီး ထိုးထား တာကို တွေ့ရပါတယ်။ တခြား မဒေသာပင် တွေ မလာခင်မှာ ထမင်းဟင်း ချက်နေတဲ့ သူတွေကို ဓာတ်ပုံ လိုက်ရိုက်ပါတယ်။ ပြီးတော့ ကျွန်တော်နှင့် ကားဆရာတို့ မဏ္ဍပ်အတွင်းမှာ ကျွေးတဲ့ ထမင်းကို ဝင်တီးကြပါတယ်။ မဏ္ဍပ်ထဲမှာ တောဓလေ့ အတိုင်း စားပွဲဝိုင်းလေးတွေ ချခင်း ထားပြီး စားတဲ့သူများက အုတ်နီခဲဖြင့် ဖြစ်စေ၊ ဆောင့်ကြောင့် ထိုင်၍ ဖြစ်စေ စားကြရပါတယ်။




အမှန်အကန်ဆွဲနေတာလေ.. :P

ကျွန်တော်ကတော့ တကယ့် တောဓလေ့ ထုံးတမ်း အညီပဲ ဆောင့်ကြောင့် ထိုင်စား လိုက်ပါတယ်။ ဟင်းတွေက အထွေအထူးတော့ မရှိပါဘူး။ ငံပြာရည်ကျော်၊ သရက်ချဉ်သုပ်နှင့် ကြာဇံတွေကော ဘူးသီးတွေကော ကြွက်နားရွက်တွေ ကော ရော ထားတဲ့ ဟင်းချိုရည် တစ်ခွက် ဒါပဲ ဖြစ်သည်။ ဒါပေမယ့် အစပ်အဟပ် တည့်လို့ပဲ လား မသိဘူး။ တော်တော်လေး စားလို့ကောင်းပါတယ်။ ထမင်းဒယ်အိုးကိုလဲ ကြည့်အုံး။ လေးထောင့် ဆန်ဆန် သံဒယ်အိုးထဲမှာ ငှက်ပျောရွက်တွေ ဖြန့်ခင်းပြီး ထမင်းတွေ ထည့်ထား ခြင်း ဖြစ်သည်။ ဒါမျိုး အတွေ့အကြုံက ဒီလို နေရာမျိုးမှာသာ တွေ့နိုင်သည်။ ရွာအလှူဆိုတော့ မြို့ပေါ်က အလှူတွေလို ဟန်ဆောင် ပန်ဆောင် စားမည့် သူ မရှိ။ အမှန်အကန် မြိန်ရည်ရှက်ရည် စား ကြသည်။ လှူရသည့်လူ စိတ်ချမ်းသာ စရာ ကောင်းလှသည်ပေါ့။





ခဏနေတော့ တခြားသော ပဒေသာပင်သယ်လာတဲ့ ကားတွေ ရောက်လာသည်။ ပဒေသာပင် ကားတွေနဲ့ အတူ တီးဝိုင်းကားပါ ရောက်လာပြီး လော်ကြီးတွေနှင့် သီချင်းတွေ သီဆို တီးမှုတ် ကြပြန်သည်။ ရန်ကုန်နှင့် ကပ်နေပြီး ကျေးလက် အငွေ့အသက်တွေ အပြည့်ကျန်ရှိနေသေးသော ရွာကလေး ဖြစ်သည်။ တီးဝိုင်းက သီဆို တီးမှုတ် ကြပြန်တော့ အောက်က လူငယ်များ လူလတ်ပိုင်းအချို့ကလည်း ကွေးနေအောင် ကကြပြန်ပါတယ်။ တစ်နှစ်တစ်ခါ အလှူမို့ ဒီလိုအချိန်မျိုးမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ကြပုံရပါတယ်။ တစ်ယောက်စ နှစ်ယောက်စ ကနေ ဘေးက လူတွေပါ ဝင်ကလို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ကုန်ပါတော့တယ်။ ချစ်စရာ ကောင်းသော ရိုးဂုဏ်လေး တစ်ခု ပင် ဖြစ်ပါတယ်။




ခဏနေတော့ ပဒေသာပင်များကို ကျောင်း၏ လက်ယာဘက်မှ ကွေ့ပြီး စေတီကို သုံးကြိမ် ပတ်ကာ ပူဇော်ကြလေသည်။ ထို့နောက် ပဒေသာပင်မှ လှူဖွယ် ပစ္စည်းများကို ဖြုတ်၍ ကျောင်းအပေါ်ထပ်သို့ သယ်ဆောင်ကာ ဘုန်းကြီးတရား နာကြပြီး ရေစက်သွန်းချ လှူဒါန်းကြပါတယ်။ ကထိန်သင်္ကန်းသည် အသယုဘုန်းကြီး အတွက် ရည်ရွယ်၍ လှူဒါန်းခြင်းမျိုး မဟုတ်ပဲ။ သံဃာတော် အားလုံးကို ရည်စူး၍ မြတ်သင်္ကန်း လှူဒါန်းခြင်းမျိုး ဖြစ်သင့်ကြောင်း။ ရဟန်းသံဃာများသည် လှူဒါန်းသော သင်္ကန်းအဆက်ကပ် ခံပါက မိမိ၏ သင်္ကန်းဟောင်းများကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း။ ဝါတွင်းတစ်တွင်းလုံး မိမိ၏ နေရပ် (ဝါ) ကျောင်းတော်တွင် ဝါဆိုသော ရဟန်းများကို ကပ်လှူမှသာ ကထိန်အလှူ မြောက်ကြောင်း ကျောင်းအောက်ကနေ တရားနာယူ ရပါတယ်။



ပိုက်ဆံကျဲပေးနေတာ

တရားနာ ရေစက်ချပြီးတော့ ခုနက သီချင်းသံတွေ ဆူဆူညံညံ ပြန်ဖြစ်လာကြပြန်ပါတယ်။ ကျွန်တော့် အဖွားကတော့ သူ့အမျိုးတွေနဲ့ တွေ့တော့ ပျော်လို့ ပြုံးလို့ သူ့ကိုယ်သူ ဟိုးငယ်စဉ်ဘဝဆီ ပြန်ရောက် သွားသလို ခံစား နေမိမယ် ထင်ပါတယ်။ ဟိုမှာဘက် လယ်ကွင်းစိမ်းစိမ်းတွေဆီမှာ ငယ်ငယ်က အဖွားဟာ လယ်စိုက်ခဲ့ ရဖူး ကြောင်း အရင်က ပြောပြဖူးပါတယ်။ အသယု ဘုန်းကြီး၏ မယ်တော် ဖွားဖွား တစ်ဦးကိုလဲ တွေ့ခဲ့ရပါတယ်။ အသက် ၁၀၁ ပြည့်တော့မည်ဟု ပြောပြကြပါတယ်။ သွားတွေ မရှိတော့ပေမယ့် အခုထိ ကျန်းမာ နေပုံပါပဲ။ အဲ့ဒိဖွားဖွားက ကျွန်တော့် အဖွား အသက် ၇၀ ကိုတွေ့တော့ ကောင်မလေး ဆိုပြီး ဖက်နမ်းနေပါသေးတယ်။ အင်းပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၀၀ ကျော် ဖွားဖွား ရဲ့ အမြင်မှာတော့ ကျွန်တော့် အဖွားဟာ အရင်တုန်းက ဆံတောက်လေးနဲ့ ကလေးမလေး အဖြစ် မြင်ချင်မြင်နေမှာပေါ့။

အလှူပွဲပြီးလို့ ပြန်မယ်ဆိုတော့ ဆွေမျိုးတွေနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေလိုက်တာ အတော်နှင့် လေကျော မပြတ်သေးပေ။ နေ့ခင်း ၁၁နာရီခွဲနေပြီမို့ ကျွန်တော် ဆော်သြတော့မှ အဖွားကော အဖိုးပါ ထပါတော့တယ်။ ရန်ကုန်ထိ ပြန်မောင်း ရမှာဆိုတော့ လမ်းမှာ နေပူမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါတောင် ကျွန်တော့် အဖွားက ဘုန်းကြီးကျောင်းက ပြန်အထွက် ရွာထိပ်ဘက်နားက လယ်ကွင်းထဲမှ အိမ်ကလေး တစ်အိမ်ဆီကို သွားပြန်ပါတယ်။ သူ့ဆွေမျိုး(သူ့တူမ) အိမ်ကို သွားလည်ခြင်း ဖြစ်ပါတယ်။ မှည့်ဝင်းနေသော လယ်ကွင်းများကို ဖြတ်သန်းပြီး အရိပ်အာဝါသ ကောင်းလှသော အပင်များ အောက်ရှိ ဝါးအိမ်လေးဆီကို လမ်းလျှောက်ကြရပါတယ်။ ပူပြင်းလှသော နေပူရှိန်သည် ဤအိမ်ကလေးကိုတော့ ပူပြင်းအောင် မစွမ်းသာချေ။ လယ်ကွင်းထဲမှ တိုက်သော လေများသည် သစ်ပင်ရိပ်လေးများ၏ အေးရိပ်ဖြင့် အေးမြနေတော့သည်။ လယ်ထွန်သော ကျွဲတွေကို အိမ်လေးနားရှိ သစ်ပင်များတွင် ကြိုးချည်ထားရာ ကျွန်တာ့် ညီငယ်လေးများက ကျွဲများကို မရဲတရဲ သွားပွတ်သပ်ရင်း သဘောကျနေတော့သည်။


ရွှေဝါရောင် ဝင်းနေတဲ့ စပါးခင်းတွေ

လယ်သမားကြီး မင်းယွန်းသစ် :P

ချစ်စရာ တဲအိမ်ကလေး

အိမ်ကလေး၏ ပတ်ဝန်းကျင်တွင် လယ်ကွင်းများ ပတ်ပတ် လည် ဝိုင်းနေကြပြီး စပါးများ မှည့်ဝင်းနေသည့် အချိန်ဖြစ်၍ အဝါရောင် ပင်လယ်ထဲတွင် ရောက်ရှိနေသလိုပါပဲ။ ကျေးလက် ရနံ့လေးတွေ စိတ်ချမ်းသာ စရာ ရှုရှိုက်မိသည်။ တခါတလေ မြို့ပြ၏ ညှော်နံ့များကို ငြီးငွေ့သည့်အခါ ထိုနေရာမျိုးကို လာရောက် အပန်းဖြေဖို့ ကောင်းလှပါသည်။ ကျွန်တော်တို့ နာရီဝက်လောက် အေးအေးလူလူ နားနေကြပြီးမှ ရန်ကုန်ကို ပြန်လည် ထွက်ခွာ ခဲ့ပါသည်။ ကားလမ်း ဘေးနှစ်ဘက်ဆီမှာ စပါးခင်းများ သည် တရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့လေတော့သည်။

3
comments

Oct 16

မုန့်ဟင်းခါး၊ ဟာလဝါနှင့် ပုသိမ်ထီး (၂)


ပုသိမ်တံတား


ကျွန်တော်တို့စီးလာသော ပုသိမ်သူအဝေးပြေးကားကြီး


ပုသိမ်မြို့က မြို့မဈေးကြီး


သဘောင်္ဆိပ်နားက မြင်ကွင်း


ဒေသခံတွေက ယိုးဒယား ဘုရားလို့ ခေါ်တွင်တဲ့ ဘုရား


ဖောင်တော်ဦးစေတီတော် (ယိုးဒယားဘုရား အနီးမှာပဲ တည်ရှိပါတယ်)


ပုသိမ်မြို့အဝင်က အဝိုင်း


နှီးဘုရားရှိတဲ့ လောကနန္ဒာ စေတီတော် (ပုသိမ်တံတား အောက်ဘက်ကနေ သွားရပါတယ်။)


လောကနန္ဒာ စေတီတော


ဒူဝေ…ဝေ…(ဗိုလ်ဝ ပြောသလို… စော်ကြည် အကြွေးကြေ အသက်ရှည်ပါစေသောဝ် ဟတ်ဟတ်)


ဘုရား ရင်ပြင်တော်ပေါ်ကနေ ငဝန်မြစ်နောက်ခံ ပုသိမ်တံတားကြီးကို လှမ်းမြင်နေရတယ်။


နှီးဘုရား


ပုသိမ်တံတားပေါ်က နေဝင် ဆည်းဆာအလှ


လောကနန္ဒသွားတဲ့လမ်း ပုသိမ်တံတား နားမှာ ဓာတ်မြေသြဇာ စက်ရုံ ဆောက်နေတယ်ဆိုလားပဲ။ တရုတ် ကုမဏီလို့လဲ ကြားသိရပါတယ်။ အဲ့ဒိနားမှာ ကွန်တိန်နာတွေ အများကြီး တွေ့ရပါတယ်။


ပုသိမ်တက္ကသိုလ်ပါခင်ဗျာ (ကျွန်တော့်မမ ပုသိမ်သူတွေကတော့ မတော်တဆ ပါသွားလေရဲ့ :) )


စက်တော်ရာ ဘုရား


ခြေတော်ရာ


ပထမံ ဘိုးဘိုးအောင် ဂါထာတဲ့


ပထမံဘိုးဘိုးအောင်


ပုသိမ်ရွှေမော်ဓော

ကျွန်တော့် ပုသိမ်ခရီးစဉ်ကတော့ ဒီလောက်ပါပဲ။ ငှက်ပေါက်ဘက်ကိုသွားတဲ့ ခရီးရှိသေးပေမယ့် နေ့ချင်းပြန်ဆိုတော့ ဘာမှ သေချာ မရိုက်လိုက်ရပါဘူး။ ဒါကြောင့် ကျွန်တော့် ခရီးသွားပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ရပါတယ်။ ဘလော့ဖတ်သူ သူငယ်ချင်းများ ရွှင်လန်း ချမ်းမြေ့ပါစေ။

6
comments