Feb
07

SPIP
SPIP အကြောင်းကို ကျွန်တော် Barcamp မှာတုန်းကလဲ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သေချာ မသိလိုက်တဲ့သူတွေ ရှိသေးလို့ ထပ်ပြီး ရှင်းပြပေးချင်ပါတယ်။ Barcamp မှာဝေတဲ့ စီဒီထဲမှာ လဲ Demonstration လုပ်ပြထားပါတယ်။ (ကမန်းကတန်း လုပ်လိုက်ရတော့ capture software သိပ်မကောင်းလို့ ရုပ်ထွက် တော်တော်ဝါးသွားတယ်။) အခု SPIP အကြောင်း နည်းနည်း ထပ်ရှင်းပြ ပါမယ်။
SPIP ဆိုတာ ပြင်သစ်နိုင်ငံက ထုတ်တဲ့ CMS တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရှည်ကောက် (အင်္ဂလိပ်လိုတိုက်ရိုက်တော့ မဟုတ်ပါ) Publication System for Internet Sharing ဖြစ်ပါတယ်။ SPIP ဆိုတဲ့ အတိုကောက် စာလုံးတွေချည်းပဲ ရဲ့ အဓိပ္ပါယ်က ရှဉ့်ပါတဲ့။ ဒါကြောင့် သူတို့ရဲ့ လိုဂိုမှာ ရှဉ့်ပုံလေး ဖြစ်နေတာပါ။ အထူးသဖြင့် စပစ်ဟာ သတင်းဆိုက် တွေ အတွက် သင့်လျှော်တဲ့ CMS တစ်မျိုးပါပဲ။ သူက အခမဲ့ ဆော့ဖ်ဝဲ တစ်မျိုးဖြစ်ပြီး မည်သည့် အပိုဆောင်း plug-in အတွက်မှ ပိုက်ဆံပေး စရာ မလိုပါဘူး။ သူ့ကို အသုံးပြုဖို့အတွက် နည်းပညာ အထွေအထူး တတ်မြောက်စရာ မလိုပါဘူး။ ဘလော့အသုံးပြုဖူးသူ၊ ၀က်ဘ်အကြောင်း နည်းနည်းပါးပါး သိသူလောက် ဆိုရင်တောင် အလွယ်တကူ အသုံးပြုတတ်မှာပါ။ နောက်တစ်ခုက download ပေးထားတဲ့ package မှာလဲ မြန်မာဘာသာ(မြန်မာယူနီကုဒ်) ပါဝင်ပါတယ် (ဆိုက်မှာ အသုံးပြုတဲ့အခါ ဇော်ဂျီနဲ့လဲ သုံးလို့ရပါတယ်။ တော်ကြာ မြန်မာယူနီကုဒ်နဲ့ မို့လို့ ဇော်ဂျီ support မလုပ်ဖူး ထင်မှာစိုးလို့ပါ)။ ၀က်ဘ်ဆိုက်ရဲ့ အပြင်ခြမ်း၊ အက်ဒ်မင် ဧရိယာ ပိုင်းတွေကိုပါ မြန်မာလို ပြောင်းလဲလို့ ရပါတယ်။ ပြောရရင် CMS တွေထဲမှာ SPIP ဟာ မြန်မာဘာသာ စကားကို တရားဝင် support လုပ်ပေးတာ ပထမဆုံးပါပဲ။ ပြင်သစ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗီယက်နမ် စတဲ့ တခြားသော ဘာသာစကား အများအပြားကိုလဲ support လုပ်ပါတယ်။ သူ့ရဲ့တရားဝင်ဆိုက် ဖြစ်တဲ့ www.spipmedia.net (မြန်မာလိုလဲ ဖတ်လို့ရ) မှာလဲ သူ့ Level နဲ့သူ သရုပ်ပြ ရှင်းလင်း ထားတာကို ဖတ်ရှု နိုင်ပါသေးတယ်။ ( Read more )
Posted in Knowledge, Technology CMS PHP SPIP Technology web
Jan
03
Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.
Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn’t look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn’t cool?
When and Where
Date :January 23 and 24, 2010
Place : Myanmar Info Tech
Hey don’t miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don’t forget to take your notebook. But don’t worry, if you don’t have notebook, we will give PC for you.
If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar’s Blog.
Barcamp Yangon ဝက်ဘ်ဆိုက်ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ပါပြီ။ အခုပဲ register သွားလုပ်လို့ရပြီဗျို့။
ဘာကြောင့် register လုပ်သင့်သလဲ?
ဘားကမ့်ဆိုတာ လွတ်လပ်ပြီး ကန့်သတ်ချက် မထားတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ တက်ရောက်တဲ့ မည်သူမဆို သူတို့ သိထားတဲ့ ဗဟုသုတတွေကို ပြန်လည် ဝေမျှပေးလို့ ရပါတယ်။ အကယ်၍များ သူငယ်ချင်းက ဘားကမ့်ရန်ကုန်မှာ ကိုယ်သိထားတာလေးတွေကို ပြောမယ်လို့ ရည်ရွယ်ထားရင်တော့ ကိုယ်ပြောမယ့် ခေါင်းစဉ်အတွက် register လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲ့ဒိလို ဝက်ဘ်ဆိုက်ပေါ်ကနေ စာရင်းပေးသွင်းပြီးသား လူတွေကို လက်ဆောင်တွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဥပမာ တီရှပ်တို့၊ တခြား လက်ဆောင် ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့။ ဘားကမ့်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ဖူးနေကျ တတ်သိနားလည်တဲ့ ဂုရုကြီးတွေ လုပ်တဲ့ စီမီနာ လို မျိုး မဟုတ်ပါဘူး။ အဲ့ဒိပွဲကို တက်ရောက်လာတဲ့ သူတွေ ကိုယ်တိုင် လည်း ပြောနေတဲ့ သူတွေရဲ့ခေါင်းစဉ် အပေါ်မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတယ်။ ကဲ ဘယ်လောက်မိုက်သလဲ။
ကျင်းပမယ့် အချိန်နဲ့ နေရာက
နေ့ရက် ။ ။ ၂၀၁၀ ဇန်နဝါရီလ ၂၃ ၊ ၂၄ (တနေကုန်နော်)
နေရာ ။ ။ မြန်မာအင်ဖိုတက်ခ်
အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ ဘားကမ့်ကို ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ ကျင်းပပြီးပြီ။ ကျွန်တော်တို့ နိုင်ငံမှာ တော့ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒီတော့ သူငယ်ချင်းတို့ အတွက် နည်းပညာ အသစ်တွေ၊ ဗဟုသုတတွေနဲ့ နိုင်ငံတကာ အဆက်သွယ်တွေ ရနိုင်တယ်နော့။ အခမဲ့ ဝိုင်ယာလက်စ် ကွန်နက်ရှင်လဲ ဘားကမ့်ရန်ကုန်မှာ ပေးထားအုံးမှာပါ။ ဒီတော့ သူငယ်ချင်းရဲ့ လက်ပ်တော့ ဖြစ်ဖြစ် နုတ်ဘွတ်ခ် ဖြစ်ဖြစ် ယူလာလို့ရတယ်။ အဲ လက်ပ်တော့ မရှိလဲ မပူပါနဲ့ ဘားကမ့်မှာ သူငယ်ချင်းတို့ သုံးဖို့ PC တွေကို ထားပေးထားမှာပါ။
Barcamp အကြောင်း ပိုမို အသေးစိတ် သိချင်တယ် ဆိုရင်တော့ Barcampyangon.org နှင့် Htoo Tay Zar’s Blogတို့မှာ သွားရောက် လေ့လာ နိုင်ပါတယ်။
Posted in Announcement, Barcamp Yangon, Knowledge, News, Today Yangon
Mar
09
co.cc အကောင့်ကို ကျွန်တော်လုပ်ထားတာ ဘယ်သူမှ သိပ်မသုံးခင် ၂၀၀၇ ခုနှစ် လောက်ကတည်းကပါ.။ အခုနောက်ပိုင်း co.cc ဟာ ဘလော့တွေမှာ အတော်လေး အသုံးများ လာတာ တွေ့ရပါတယ်..။ အခု ကျွန်တော်လုပ်ထားတဲ့ အကောင့်လေးက တနေ့က ကုန်သွားပါတယ်..။ သူက renew လုပ်ဖို့ ပြောပါတယ်။ ပိုက်ဆံတောင်းတယ်ပေါ့။ ကျွန်တော် အံ့သြသွားတယ်.ကျွန်တော့်အတွက်က co.cc က လျှောက်ကလိထားတာ ဖြစ်ပေမယ့် တခြားသော ဘလော့တွေမှာ ဒိုမိန်း တပ်ထားတဲ့ သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။

သက်တမ်းကုန်သွားလို့ renew လုပ်ခိုင်းတာပါ..။

သက်တမ်းတိုးဖို့ ပိုက်ဆံတောင်းနေပါတယ်..။
ဆိုတော့ co.cc အသုံးပြုသူများ လောလောဆယ် အလကား ဆိုပေမယ့် သက်တမ်း ကုန်တတ်ပါတယ်ခင်ဗျာ..။ co.cc နဲ့ ဘလော့ ဒိုမိန်း တပ်သူများ ခင်ဗျာ.. သက်တမ်း မကုန်ခင် အလကား သုံးလို့ရမယ့် နောက်တခုကို ရှာကြည့်ကြပါအုံး..။ co.cc ဟာ တနှစ်ကျော်ရင် ပိုက်ဆံ တောင်းတဲ့ အကြောင်း အများသိစေရန် ဝေမျှလိုက်ရပါတယ်..။
Posted in Knowledge, News, Technology
Dec
09
ကျွန်တော် မနေ့က တောင်ဒဂုံ စက်ရုံကို သွားတော့ လမ်းမှာ လွန်စွာ ၀ဖြိုး၍ လှပသော နွားအများ အပြားကို တွေ့ခဲ့ရပါတယ်။ ဒရိုင်ဘာ ပြောမှ သိရတာက အိဒ်နေ့ရောက် တော့မည် ဟုသိရပါတယ်။ ထိုချောပေ့ ကောင်းပေ့ နွားများ (သို့မဟုတ်) လှူဒါန်းခြင်းခံရမည့် (သို့မဟုတ်) အသတ်ဖြတ်ခံရမည့် နွားများအား ကြာကြာ မကြည့်ရက်တော့ပဲ အဲဒိလမ်းတလျှောက် မျက်နှာသာ လွှဲထားမိပါတော့သည်။ ဒီနေရာမှာ ဘာသာတရားနှင့် ပတ်သက်၍ အတိုက်အခံ ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာတရားကို ၀ါဒတခု အဖြစ် မြဲမြဲဆုပ်ကိုင် ထားသူများ အဖို့ စစ်ပွဲများ ဆင်နွှဲရန်သာ ရှိပါတော့သည်။ ဒီနေ့ဟာ အိဒ်ဒီလ်အသွဟာနေ့ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ရှုမိသမျှထဲက မွတ်စလင်တွေ ဘာကြောင့် အိဒ် လုပ်ကြတယ်ဆိုတာ အနည်းငယ် တင်ပြလိုပါတယ်။
Idd ဟုပေါင်းပါသည်။ မွတ်စလင်တွေမှာ အိဒ်၂မျိုး ရှိပါတယ်။ အာရဗီ ဘာသာစကား “အိဒ်” ၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု ပြန်လည်ရောက်ရှိခြင်း” ဖြစ်သည်။ ပထမ အိဒ်ပွဲတော်ကို “အိဒ်ဒိလ်ဖိတရ်” ဟု ခေါ်ပါသည်။ “ဖိတရ်” ဆိုသည်မှာ “အစပြုသည်” ဟူသော အနက် ဖြစ်ပြီး အိဒ်ဒိလ်ဖိတရ် ဆိုသည်မှာ “ ဥပုသ်မှ ထွက်ခြင်း” လို့ အဓိပ္ပါယ် ပြန်ဆို နိုင်ပါတယ်။ ဆိုလိုသည်မှာ ပထမ အိဒ်သည် မွတ်စလင် ဥပုသ်လ ထွက်ပြီးစတွင် ပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည် နေထိုင်စပြုခြင်းကို ဆိုလိုပါသည်။
ဒုတိယအိဒ်ကို အိဒ်ဒီလ်အသွဟာ ပွဲတော်ဟု ခေါ်ပါတယ်။ ဘုရားသခင် အတွက် စွန့်လွှတ်လှူဒါန်းသော ပွဲတော်ဟု သတ်မှတ်ကြလေသည်။ ထို့အပြင် မွတ်စလင် ဘာသာဝင်များ သည် ဒုတိယ အိဒ်တွင် အလ္လာရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု အယူရှိလေသည်။ မွတ်စလင်များသည် တိရိစ္ဆာန်များကို သတ်ခြင်း (၀ါ) စွန့်လွှတ်ခြင်းကို Sacrifice လို့အနက်ဖွင့်၏။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရိစ္ဆာန်က ယူဆောင်သွားသည်ဟု အယူရှိကြသည်။
၎င်းတို့၏ Qur’an ကျမ်းတွင်တော့ ဤသို့ဖော်ပြပါရှိသည်။
“စွန့်လွှတ်သော (တိရစ္ဆာန်) ၏ အသွေးသည် ၎င်း၊ အသားသည် ၎င်း၊ ဘုရားသခင်ထံသို့ ရောက်ရှိကြသည် မဟုတ်၊ သင်တို့၏ ကောင်းမြတ် မှန်ကန်သော သဒ္ဓါတရားသည် သာလျှင် ဘုရားသခင် ထံတော်သို့ ရောက်ရှိလေသည်။”
(၂၂း ၃၈)
ကျမ်းဂန်လာ နောက်ထပ် မူကွဲ တမျိုးကတော့ “တစ်ဦး တစ်ယောက်သည် မိမိထက် နိမ့်ကျသော တိရိစ္ဆာန် တကောင်ကို စွန့်လွှတ်ရာတွင် ထို တိရိစ္ဆာန် သည် မိမိအတွက် စွန့်လွှတ် ခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် (အလ္လာ အရှင်မြတ်) ၏ လမ်းတော်ဝယ် မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော် ကျရောက်လျှင် တွေဝေခြင်း မရှိပဲ သူ၏ အသက်ရှင်နေခြင်းထက် အသျှင့် အတွက် စွန့်လွှတ် ခြင်းက ပို၍ မြတ်သည်ဟု သဘောပိုက်ကာ မိမိ၏ အသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာ ဖြစ်သည်” ဟု ဖွင့်ဆိုလေသည်။
ယနေ့ကဲ့သို့ အိဒ်နေ့ကို ကမ္ဘာတ၀ှမ်းလုံးမှ မွတ်စလင် ဘာသာဝင်တို့က ကျင်းပကြလေသည်။ ထိုသို့ တိရိစ္ဆာန်သတ်ခြင်းကို အိဒ်နေ့၏ နောက်၂ရက်၊ ၃ရက် အတွင်း ပြုလုပ်ကြသည်။ ရွေးချယ်ခြင်း ခံရသော တိရိစ္ဆာန်သည် ပြင်ပအင်္ဂါအစိတ်အပိုင်း များ ချွတ်ယွင်း ကျိုးပဲ့ခြင်း မရှိစေရ၊ အရွယ်ရောက်သော တိရိစ္ဆာန် ဖြစ်ရမည် ဖြစ်ပြီး ဆိတ် (သို့မဟုတ်) သိုးဖြစ်ပါက တနှစ်သား၊ နွားဆိုလျှင် နှစ်နှစ်၊ ကုလားအုပ်ဖြစ်ပါက ငါးနှစ် ဖြစ်ရမည်ဟု သတ်မှတ်ချက် ရှိလေသည်။
ထိုသို့ (Sacrifice) စွန့်လွှတ်ခြင်း ပြုလုပ်ချိန်၌ ထိုသူသည် စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ကို နက်နဲစွာ နားလည်၍ ထိတွေ့ခံစားရမည်ဟု ညွှန်ပြထားသေးသည်။
(စကားချပ်။ ။ “တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်ရတာ” ဆိုတဲ့ အရပ်သုံးစကား တခုသည် ထို အယူမှ လာဖွယ်ရှိသည်ဟု ယူဆရပါသည်။)
အထက်ဖော်ပြပါများကတော့ ကျွန်တော် လေ့လာ မိသလောက်ထဲက အိဒ်ပွဲတော် အကြောင်း ကောက်နှုတ်တင်ပြ ခြင်းဖြစ်ပါတယ်။
ပြုလုပ်လှူဒါန်းသူက အသျှင်အတွက် သဒ္ဓါတရား ထက်သန်၍ အသက်ကို ပင် လိုလိုချင်ချင် စွန့်ရဲသည် ဆိုပါအုံးစို့။ သို့ပေမယ့် အသိဉာဏ် မရှိရှာသော (လူပြုသမျှ နုရမည် ဖြစ်သော) အဟိတ်တိရိစ္ဆာန် ကကော ထိုလှူဒါန်းသူ အတွက် လိုလိုချင်ချင် သူ၏ အသက်ကို စွန့်လွှတ်ချင်ပါ၏လော။ မိမိတင်ရှိသော အပြစ်များ ကြေအေးစေရန် မိမိထက် နိမ့်ကျသည်ဆိုသော သတ္တ၀ါများအား သတ်ဖြတ်၍ အသျှင်မြတ် ကြည်ဖြူ စေရန် လှူဒါန်းသည်ဆိုခြင်းမှာ ထိုသတ္တ၀ါ အတွက် တရားပါ၏လော။ ထိုသို့ဆိုလျှင် မိမိယူထားသော အကြွေးအား သူတပါးအားဖြင့် ဆပ်ခိုင်းသည်နှင့် တူမနေပေ သလော။ ကျွန်တော်၏ ခေါင်းထဲသို့ လော .. ပေါင်းများစွာ ၀င်ရောက်လာပါသည်။ ကျွန်တော်ဟာ ဘာသာတရားတခု ကို ချဉ်းကပ်ရာမှာ ရဲဝံ့စွာတွေးတောခြင်းကို နှစ်သက်ပါသည်။ အကြောက်တရားတို့နှင့် ဖုံးကွယ်နေသည်ကို မနှစ်သက်ပါ။ ၀ါဒတခု အဖြစ် ကျွန်တော် ဘာသာတရားများကို မချဉ်းကပ်ပါ။ ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက်သာ လေ့လာလျှက်ရှိပြီး ကျွန်တော် ဉာဏ်မမှီသေး၍ လည်း ဖြစ်ချင် ဖြစ်ပါမည်။ ကိုယ်မစား ဖူးသေးသော စပျစ်သီးကို အားလုံးချဉ်သည်ဟု မပြောလိုပါ။ သို့သော်လည်း ယနေ့ အတွက် မူကား (ထိုမြင်ကွင်းများ တစိတ် တဒေသ အားဖြင့် မြင်ရနိုင်သော) တောင်ဒဂုံစက်မှုဇုံဘက်သို့ မသွားတော့ဟုသာ ဆုံးဖြတ်ချက် ချမိပါတော့သည်။
Posted in Article, Knowledge