ဘယ်
လို
အ
ချိန်
တွေ
က
ငါ့
ကို
စျာ
ပ
န
လာ
လုပ်
သွား
ပါ
လိမ့်
နံပါတ်လွဲသွားပြီဖြစ်တဲ့ ခဏခဏ ဖတ်ဖြစ်နေတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ သူ့မှာ အရောင်အသွေးမရှိဘူး။ ဘာသာစကားလဲ မရှိဘူး။ ယဉ်ကျေးမှု ခွက်စုတ်လေးထဲက ဟန်ကိုယ့်နေတဲ့ ငါတို့သီချင်း။ မျက်မှန် တပ်ဖို့ မလိုသေးဘူး။ မတော်တဆ ဟာသတွေ လက်ဝဲရစ် ပြန်ပြောင်း ကြရအုံးမယ်။ ‘တစ်ခုခုတော့ ကြားနေရမှာပဲ’ တစ္ဆေတီးဝိုင်းထဲက ရှည်မျောမျော ဘုံအတ္တတွေက ဂုဏ်ဒြပ်တစ်ခုဖြစ်လို့− ဘယ်အရာမှ မမြဲဘူးလို့ အနဲကြီး ဂေါတမ က ပြောဖူးတယ်။ ဗဟိုဖွဲ့စည်းမှု တံတိုင်းတွေ ပြိုကျဖို့ နှောင်ကြိုးမဲ့ စာသင်ခန်းတွေထဲက တော်လှန်ရေး တွေဟာ ရေဒီယို သတ္တုကြွသလို ကြွလာ ကြအုံးမှာပဲ။ ဘယ်ဟာမှ အမှန်မဟုတ်သလို ဘယ်ဟာမှ အမှားမဟုတ်တဲ့အတွက် ငါတို့ရှာဖွေတွေ့ရှိမှုဟာ နှစ်ပရိစ္ဆေဒ အကြာမှာ ဘာဖွင့်ဆိုချက်မှ မရှိတော့တဲ့ သင်္ကေတ တစ်ရပ် ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အထိ ချောင်ထိုးခံထားရတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အမှိုက်သရိုက်တွေက မိုက်ရိုင်းထွားကျိုင်းဖို့ ဗီတာမင်တွေ ဖြစ်လာကြတယ်။ ‘တစ်နေ့တစ်နေ့ ဖတ်နေရတာ အဲ့ဒိလစ်လျူ ရှုခံ ဒိုင်ခွက်တွေပဲ’ ကိုယ့်မျက်နှာကိုယ် ပြန်မမြင်တဲ့ စပေ့ပျောက်နေတဲ့ နှစ်ကာလက ပြောတယ်။ သူ့မေလင် ဝါဒတွေ မိုးမွှန်အောင် ပြောပြီး သီအိုရီမှိုင်းတိုက်ထားတဲ့ မီးပုံးပျံ အရွဲကြီး တစ်ခု သက်သက် ပဲတဲ့။ ငါတို့က အဲ့ဒိ သေချင်းဆိုးကြီးတွေနဲ့ အတူ ကြီးပြင်းလာကြရတယ်။ ‘နားနားပြီး ပြောကွာ’ ။ ဒါဆိုရင်.. ဘယ်လို အချိန်တွေက ငါ့ကို စျာပန လာလုပ်သွားပါလိမ့် ဆိုတဲ့ မေးခွန်းကို ထပ်မမေးတော့ဘူး။ ဆိုတော့… နေတွေပူတယ်။ မီးတစ်နေကုန်ပြတ်တယ်။ အင်တာနက် လိုင်းကျတယ်။ ကိုယ့်ဘဝကိုယ် sign out ထွက်တယ်။ သေတယ်။ ဒါပဲ…။
Connection ပျက်သွားတာကော မပါဘူးလား? …
လန်ထွက်နေတာပဲ…
ဟဲဟဲ မသိတဲ့သူတွေ လာအားပေးနေတာပဲ။ @K လိုင်းပဲကျပါရစေကွာ။ တစ်နေ့က မီးပြတ်တာ ၃၂နာရီလောက် ကြာတယ်။ အိမ်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော် လိုက်ရတယ်။ အင်ဗာတာ အားကုန်သွားလို့
.. @Jia Li ဒန်ခွက်နဲ့တော့ မခေါက်နဲ့နော်။