မနေ့တစ်နေ့က ကြားဖူးနေကျ အသံတွေနဲ့ မတူ ငါ့နားထဲမှာ တော်တော်လေး ဆူညံနေခဲ့တယ်
ဝံပုလွေတွေ တိတိကျကျ ပြောရရင် ငတ်ပြတ်နေတဲ့ ဝံပုလွေတွေ … တသွင်သွင် အူနေခဲ့ကြ
တောအုပ်ထဲမှာ ဒါမှမဟုတ် လွင်ပြင်တွေထဲမှာ တစ်စထက် တစ်စ ပိုပို ဆိုးလာနေတဲ့ ယဉ်ကျေးမှုဆိုတာတွေ။
မြန်မြန်ပြန်လှည့်… သူပြောဖို့ စိတ်ထဲကနေ နှုတ်ကို မထွက်ခင် သေနတ်ရဲ့ ပါးစပ်ထဲက ခါချလိုက်တဲ့ ကျည်ဆန်..
ရိုစီ..လူဆင်းရဲဘဝနဲ့ ဟောဒိ စမ်းချောင်းလေးကို ဖြတ်ကူးချင်သေးရဲ့
တစ်ခါတစ်ရံ ကော်ဖီဖိုး ရှင်းပေးလိုက်ရပြီး စားပွဲပေါ်က နှစ်ပေါင်းများစွာ မှေးမှိန်နေတဲ့ မျဉ်းတွေကို ငေးမောနေမိတယ်။
အခု ရာစုနှစ်ကို သဘောကျနေသူ၊ သူက ကောက်ရိုးနန်းတော်ကြီးမှာ စံစားနေရင်း ‘ခုထိတော့ မရှုံးသေးဘူး ထင်တာပဲ’ လို့ တဖွဖွ ရွတ်ဆိုတတ်သေးတယ်။
၁၉၉၉ တစ်ဝိုက် သူ့အိမ်ရှေ့လေးမှာတင် ပျောက်ဆုံးသွားခဲ့တဲ့ နာရီသော့သီးလေး အကြောင်း မကြာခဏ ပြောဖြစ်တယ်။
စာတစ်စောင်ရေးခဲ့တယ်၊ သံချေးကိုက်နေတဲ့ ခဲတံချွန်စက်လေး တစ်ခု သူ့အိပ်ကပ်ထဲ မေ့လျော့နေခဲ့တယ်။ ဖေဖော်ဝါရီ မဟုတ်တာတော့ သေချာတယ်၊ အဲ့ဒိနေ့က တကယ့် မှတ်မှတ်ရရပါပဲ။
လှပသေသပ်နေသည့် ကိန်းဂဏန်းများသည် နလပိန်းတုံးများ စိုက်ပျိုးထားသော ပန်းအိုးများနှင့် တူလှ၏။
မြင်းနဲ့ဖြတ်ပြေးရင်း တိမ်တိုက်တွေ ရွေ့လျားသွားတယ်၊ နွေဦးရာသီဟာ သန့်ရှင်းစင်ကြယ်စွာ ခပ်ဖွဖွ ရောက်ရှိလာခဲ့တယ်။
ပြဇာတ်တွေထဲကလို မင်းသားရဲ့ နှိပ်စက်ခြင်းခံရတဲ့ ဗီလိန်တစ်ယောက်လိုပါပဲ။ ၇၂ယောက်မြောက် သေဆုံးမှု ထုတ်ကုန်လည်း ဖြစ်တယ်။
ကိုယ်လျှောက်နေတဲ့လမ်းလောက် သိမ်မွေ့တာမရှိ။ အရောင်ကွဲပြားမှုတွေ ခပ်ပါးပါးလေး ဖုံးအုပ်ထားကြရဲ့။ အိပ်ကပ်ဟောင်းလောင်းနဲ့ မျှော်လင့်ချက် အလံနီတော်တွေကို မသေမချင်း လွှင့်လို့။
ဝှက်ထားတဲ့ အမှားအယွင်းတွေပဲ၊ ‘ငါတို့ စားသုံးနေတာ ကြာပေါ့’၊ အလွမ်းဆုံးညတွေကို တစ်ချက်တစ်ချက် မော့မော့ကြည့်ရင်း ငါတို့ သတ်မှတ်ထားခဲ့တဲ့ ကြယ်တွေဆိုတာ…၊
ယုံကြည်ချက် မီနျူးမှာ ရေးထားတဲ့ ကြောက်ရွံ့ခြင်းကင်းတာတွေ စာလုံးပေါင်းမှားနေခဲ့ရတယ်။
လေနှင်ရာနှင့်အတူ…
‘ငါတို့ သည်းထန်နေခဲ့ကြတယ်’
ဘယ်သူမှ ထောက်ခံသူမရှိခဲ့ဘူး၊ အလင်းရောင် ခပ်ဖျဖျ အခန်းငယ်လေးထဲမှာ…
အာသီသ ဒဏ်ရာတွေ တစ်ခုပြီးတစ်ခု၊ ကိုယ်တိုင်ရေး စိတ်ကူးလှိုင်းတွေ၊ ခပ်ဝေးဝေးက မြင်လို့ရပါစေ
မွန်းတည့်သွားခဲ့ပြီးပါပြီ မလိမ်းခြယ်ရသေးတဲ့ ရှိစုမဲ့ မျှော်လင့်ချက်ကလေးတွေပေါ့..
အော်ရိုစီရယ်..လူဆင်းရဲဘဝနဲ့ ဟောဒိ စမ်းချောင်းလေးကို ဖြတ်ကူးချင်သေးရဲ့
ငါ့မှာ လက်ဆုပ်လက်ကိုင် ရှိခဲ့ရင်ပေါ့။
Visit my site , please, the richness of html5