Barcamp Yangon Portfolio

လွန်ခဲ့သော ၆လကတည်းက အားလုံးဝိုင်းဝန်း ကြိုးပမ်းလာခဲ့ကြသော ဘားကမ့်ရန်ကုန်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဘားကမ့်ကို လုပ်တာက ၂ရက်တည်း ပေမယ့် ကျွန်တော်တို့ အော်ဂနိုက်ဇာ အဖွဲ့တွေ အနေနဲ့ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သော စပွန်ဆာ ရှာဖွေမှု၊ ပွဲကို လူသိအောင် မီဒီယာပေါင်းစုံကနေ ကြော်ငြာဖို့၊ မြန်မာအင်ဖိုတက်ခ်ထဲက အခန်းများကို ကြိုတင်ငှားရမ်းထားရမှု ၊ တက်ရောက်မည့် သူများ အဆင်ပြေ စိတ်ကျေနပ်မှုရှိရဖို့ စသည့်ကိစ္စရပ်များကို ပြုလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ အကြိမ်ကြိမ် အစည်းဝေးတွေ ပြုလုပ်ခဲ့ကြရပါတယ်။ (စေတနာဇောတွေနဲ့ တစ်ဦးနဲ့ တစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြတာလည်းရှိကြပါတယ်။) အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြသော ဗော်တန်တီယာ များကြောင့်လည်း ဒီပွဲကြီးဟာ အခုလို အမှားယွင်းနည်းနည်းနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒီနှစ်တော့ ကျွန်တော်အနေနဲ့ မနှစ်ကထက်ပိုပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဝီကီပီးဒီးယား အကြောင်းပါ။

ဒုတိယနေ့မှာ ဆိုရင် ကျွန်တော် အကြိုက်ဆုံးဖြစ်ခဲ့တဲ့ စကားဝိုင်းကတော့ ကျွန်တော်တို့ Myanmar Blogger Society ရဲ့ blogger panel discussion ပဲ ဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ ကျွန်တော်တို့ ပြောပြချင်နေတာ ကြာပြီဖြစ်တဲ့ ရင်ထဲက ဆန္ဒတွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုနိုင်ခဲ့ ကြပြီး တက်ရောက်လာတဲ့ ညီအကိုမောင်နှမ များကလည်း တခဲနက် အားပေးတာမို့ ဝမ်းသာမိပါတယ်။

အစကတော့ ဒီပွဲအကြောင်းကို အစဆုံး ရေးမလို့ပါပဲ။ ခက်တာက ဒီ၂ရက်စလုံး ကျွန်တော် ပြောမယ့် အခန်းထဲဝင် မဟုတ်လည်း ကျွန်တော် နှစ်သက်ရာ ခေါင်းစဉ်ပြောမယ့် အခန်းထဲဝင်နေတာ များတာမို့၊ ဘားကမ့် ဖြစ်စဉ်အကုန်လုံးကို ခြုံငုံပြီး သေချာ မသိလိုက်ပါဘူး။ ဒီကြားထဲ အင်တာနက်က သုံးချင်လျှက် များပြားလှသော အင်တာနက် အသုံးပြုသူတွေရဲ့ ချိတ်ဆက်မှုတွေကြောင့် သေသေချာချာ မသုံးလိုက်ရတာကြောင့် ဘားကမ့် မတက်လိုက်ရပေမယ့် ပုံလေးတွေ ကြည့်ပြီး မုဒိတာပွားနိုင်အောင် ဖေ့ဘွတ်ခ်ပေါ်က ပုံတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။ တစ်ခါတလေ စာအများကြီးဖော်ပြတာထက် ပုံတွေကိုကြည့်ရတာ ပိုပြည့်စုံတယ်မဟုတ်လား။ (အဟီး အမှန်တော့ ရေးရမှာ အပျင်းထူတာ)

Topics Board

Front Desksurfing web and downloadingRoom 102

IP LawBarcampersI'm flying

I'm presenting about Kiwix (Offline Wikipedia)I Love MBS

Organizers@closing ceremonygetting certificateYayy!

One thought on “Barcamp Yangon Portfolio

  1. နည်းပညာကျွမ်းကျင်သောအစ်ကိုအစ်မများနည်းပညာအသစ်လေးတွေကိုGmailမှတဆင့်မျှဝေပေးပါခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>