ကျွန်တော်တို့ အိုင်တီလောကမှာ မပြီးပြတ်သေးတဲ့ ကိစ္စရပ်ရှိနေသေးတယ် ဆိုရင် အဲ့ဒါဟာ ယူနီကုဒ် ကိစ္စပါ။ တစ်ခါတစ်လေ ဖိုရမ်တွေမှာ ဒီယူနီကုဒ် ကိစ္စဟာ စကားလုံး တိုက်ပွဲအသွင်တောင် ဆောင်လာပါတယ်။ ဒါပေမယ့် ဒါကို တစ်ချို့ ပညာရှင်တွေကိုယ်တိုင်က မည်သည်က စံဖြစ်သည်ကို သိနေလျက် နှာစေးနေတော့ ကျန်တဲ့ မသိတသိ လူများက စနစ်တစ်ခုကို ဆိုလိုခြင်းကနေ မြန်မာဖောင့် တိုက်ပွဲလို့ လွဲမှားစွာ မြင်လာကြတာက စတာပါပဲ။
ဘာသာစကား တစ်ခုရဲ့ တန်ဖိုး
အရင်ဆုံး ကျွန်တော် ဝန်ခံရရင် ကျွန်တော်က ပညာရှင်တစ်ယောက် မဟုတ်ပါဘူး အသုံးပြုသူတစ်ယောက် ဖြစ်ပါတယ်။(ဒါကြောင့် ကျွန်တော် ဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေမှာ အသုံးပြုသူ တစ်ယောက် အမြင်နဲ့ ကျွန်တော့် အတွေ့ကြုံကိုပဲ အခြေခံပြီးရေးမှာပါ။ ကျွန်တော် မည်သည့် ပုဂ္ဂိုလ်ကိုမှ တိုက်ခိုက်လိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပြောလိုပါတယ်။) ကျွန်တော်တို့ မြန်မာဘလော့တွေ စတင်ပေါ်ပေါက်ကာစ တုန်းက မြန်မာလိုရေးလို့ မရတော့ jpg ဖိုင်တွေပေါ်မှာ ဝင်းဖောင့်နဲ့ မြန်မာလိုရေးပြီး တင်ခဲ့ကြတယ်။ ကျွန်တော်တို့က မြန်မာလူမျိုးတွေ မဟုတ်လား ဆိုတော့ ကျွန်တော်တို့က မြန်မာလိုပြောရတာ မြန်မာလိုရေးရတာပဲ အားရတယ် ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ နောက်တစ်ခု ကျွန်တော့်အမြင်က ဘာသာစကား တစ်ခုကို တတ်မြောက်ခြင်းဟာ တစ်ခြား ဘာသာစကား မတူတဲ့သူတွေနဲ့ ဆက်သွယ်ဖို့၊ ဆက်ဆံဖို့ သူတို့ ယဉ်ကျေးမှု၊ စာပေ ဓလေ့ထုံးစံတွေကို လေ့လာဖို့နဲ့ ယခုခေတ် ခေတ်စားနေတဲ့စကားလုံး နဲ့ပြောရရင် ကမ္ဘာဆန်ဖို့ ဂလိုဘယ် ဆန်ဖို့ အမြင်ကျယ်ဖို့ အတွက် လေ့လာသင်ယူရတယ်လို့ မြင်ပါတယ်။ ဘာသာစကား တစ်ခုကို တတ်ကျွမ်းခြင်းဟာ ဖက်ရှင်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်နေရတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေဖြစ်လို့ အချင်းချင်း နားလည်နိုင်အောင်လို့ ဘာသာစကားတွေကို သင်ယူကြရတာလို့ မြင်ပါတယ်။ မည်သို့ပင် ဖြစ်စေ လူမျိုးတိုင်းသည် မိမိရဲ့ ကိုယ်ပိုင် ဘာသာဗေဒကို အမြတ်တနိုးထား လေးစား ရပါမယ်။ ရှေးယခင် သမိုင်းကြောင်းနဲ့ချီပြီး မိမိကိုယ်ပိုင်ဘာသာစကား၊ စာပေ အက္ခရာ ရှိခြင်းဟာ မိမိတို့ လူမျိုး မိမိတို့တိုင်းပြည် အတွက် ဂုဏ်ယူစရာ ကိစ္စဖြစ်ပါတယ်။
ကျွန်တော်သိသောမြန်မာဖောင့် အကြောင်း
ကျွန်တော့် ဘလော့သမိုင်းကြောင်းကို ပြန်ဆက်ရရင် ကျွန်တော်တို့ အရင်က အဲ့လိုပုံတွေ၊ တချို့ဘလော့ကာ များကလဲ ဝင်းဖောင့်တွေနဲ့ရေးခဲ့ကြတယ်။ ကနဦးအစမှာ မြန်မာဖောင့်ရယ်လို့ ဝင်းဖောင့်သုံးပြီးရေးတဲ့ ဘလော့တွေကို ဖတ်ဖို့ဆိုရင် အဲ့ဒိဝင်းဖောင့်ဟာ ကျွန်တော်တို့ ကွန်ပြူတာထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒိနောက်မှာတော့ ကိုညီလင်းဆက်နဲ့ ကိုမောင်လှတို့ ကျေးဇူးနဲ့ ဇော်ဂျီဖောင့်ကို စတင် ကျွမ်းဝင်ခဲ့ပါတယ်။ ဇော်ဂျီဟာ သူ့အရင် ဝင်းဖောင့်များထက် အားသာချက်ကတော့ ပဌ်ဆင့်တွေကို ရေးတဲ့အခါ Alt နဲ့ပေါင်းပြီး ဂဏန်းတွေကို နှိပ်စရာ (အလွတ်ကျက်ထားစရာ) မလိုတော့ပဲ ~ ကီးလေး နှိပ်ပြီး ပဌ်ဆင့် ရိုက်နိုင်တော့ ကျွန်တော်တို့ မြန်မာလိုအသုံးပြု လိုသူတွေအတွက် သဲခြေကြိုက်ဖြစ်ခဲ့ပါတယ်။ ဒါက ဇော်ဂျီဖောင့်ကို သုံးခဲ့တဲ့ ကျွန်တော် သိသလောက် သမိုင်းကြောင်း ဖြစ်ပါတယ်။
အဲ့ဒိနောက် ၂၀၀၉ လောက်မှာ ကျွန်တော် မြန်မာယူနီကုဒ်ကို စတင်သိရှိခဲ့ပါတယ်။ မြန်မာယူနီကုဒ်ကို စသုံးတော့ မြန်မာယူနီကုဒ် ကီးဘုတ်ကိုစတင် အသုံးပြုကြည့်တယ်။ အစပိုင်းမှာတော့ တော်တော်လေး အခက်ခဲတွေ့ပါတယ်။ လက်ကွက် မတူတဲ့ဟာ တစ်ခုကို သုံးရတာဆိုတော့ ရိုက်ရတာ ထောက်နေပါတယ်။ ဒါပေမယ့် နည်းနည်းလေး အသားကျလာတဲ့အခါကျတော့ ရိုက်ရတာ ပိုအဆင်ပြေလာတာ တွေ့ရပါတယ်။ အထူးသဖြင့် ရရစ်တွေကို ရိုက်တဲ့အခါ ရရစ်ဟာ တစ်မျိုးတည်း ရှိတော့ မ ဒါမှဟုတ် ပ ဇောက် အတွက်လား ကကြီးအတွက်လား ဆိုတဲ့ ရရစ်ကို ဇော်ဂျီမှာလို စဉ်းစား နေစရာ မလိုပဲ လျှောလျှောရူရူ ရိုက်လို့ရပါတယ်။ ဒါက ကျွန်တော်တို့ ရိုက်နေကျ လူတွေ အတွက် ဒီကိစ္စဟာ လွယ်တယ် ထင်ရပေမယ့် မြန်မာစာကို အခုမှ ရိုက်ကျင့်တဲ့ သူတွေ အတွက် ယှဉ်ကြည့်ရင် တော်တော်လေး လွယ်ကူတာကို သွားတွေ့ရပါတယ်။ ဒါကရိုက်တဲ့ အပိုင်း နောက်တစ်ခုက အက္ခရာ အစီစဉ်မှာ စနစ်တကျရှိတော့ search မှာရှာရင် ရှာတွေ့လွယ်ပါတယ်။ ဥပမာ အားဖြင့် ကျွန်တော့် ဘလော့မှာဆိုရင် အရင်က ဇော်ဂျီနဲ့သုံး ထားတုန်းက ပို့စ်တစ်ခုကို ပြန်ရှာရင် တော်တော်နဲ့ ပြန်ရှာလို့ မရပါဘူး။ ပထမ ပို့စ်ရေးထားတုန်းက ကို ဆိုတာကို ကကြီး တစ်ချောင်းငင် လုံးကြီးတင်နဲ့ ရေးထားပြီး ကကြီး လုံးကြီးတင် တစ်ချောင်းငင်နဲ့ ပြန်ရှာရင် မတွေ့တော့ပါဘူး။ ဒါပေမယ့် မြန်မာယူနီကုဒ်မှာတော့ သူသတ်ပုံအတိုင်း မမှန်ရင် အစက်လေးတွေနဲ့ အလုံးကွဲလေး ဖြစ်သွားပါတယ်။ သုညကို ဝလုံးလုပ်လို့မရပါဘူး။ ဆိုတော့ စရိုက်ကတည်းက သတ်ပုံအမှန်တိုင်းရိုက် ထားရတော့ ပြန်ရှာတဲ့အခါလည်း သတ်ပုံပေါင်းတာ ဒီတစ်မျိုးပဲ ဆိုတော့ မှားစရာ အကြောင်းမရှိတော့ပါဘူး။
သူတို့စေတနာ
မြန်မာယူနီကုဒ်ကို ဖောင့်နဲ့ စနစ်ကွဲပြားအောင် ရှင်းပြမှုမှာလည်း ကျွန်တော့် အမြင်တော့ အားနည်းခဲ့တယ်လို့ ထင်ပါတယ်။ မည်သို့ပင် ဖြစ်စေ မြန်မာယူနီကုဒ်ကို တစိုက်မတ်မတ် သုတေသနပြုခဲ့တဲ့ Myanmar NLP က ပညာရှင်များရဲ့ အပတ်တကုတ် ကြိုးစားမှု သမိုင်းကို သိသွားခဲ့ရင်တော့ သူတို့စေတနာကို နားလည်သွားကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝင်းမြန်မာဖောင့် ပညာရှင် ကိုဇော်ထွဋ်က workshop တစ်ခုမှာ သူတို့ မြန်မာယူနီကုဒ်ကို လုပ်ခဲ့စဉ်တုန်းက နိုင်ငံခြားသား ဖောင့်ပညာရှင်များနှင့် အခြေတင် ပြောခဲ့ရကြောင်း၊ အထူးသဖြင့် ပင့်ရစ်ဆွဲထိုးများ နှင့် ပဌ်ဆင့်များ ကိစ္စအတော်လေး ပြောရကြောင်း ပြောပြတယ်။ နိုင်ငံခြား ပညာရှင်များကလည်း အကိုးကား မရှိရင် လက်မခံတတ်လေတော့ မြန်မာယူနီကုဒ် ပညာရှင်များမှာ ရှေးယခင်က ကျမ်းကြီးကျမ်းငယ်များကို ပြန်လည် လေ့လာဖတ်ရှုပြီး ထိုကျမ်းများထဲတွင် ဤသို့ ပေါင်းထားကြောင်း သက်သေသက္ကာယ များဖြင့် ငြင်းခဲ့ရကြောင်း မြန်မာယူနီကုဒ် ဖန်တီးမှု သမိုင်းကြောင်း တစိတ်တဒေသကို ပြန်လည် ဖောက်သည်ချတာကို နားထောင်ခဲ့ဖူးပါတယ်။ ကျွန်တော် သိသလောက် ထိုပညာရှင်များသည် မြန်မာစာနှင့် ပတ်သက်ပြီး မြန်မာစာ ပါရဂူဘွဲ့ယူထားသူ များလောက် ကို ထုံးလိုကြေ ရေလိုနှောက် တတ်ကျွမ်းကြကြောင်းပါ ခင်ဗျာ။ သူတို့ပြောပြလို့ မြန်မာစာတွင် ပဌ်ဆင့် ၂ထပ် အပြင် သုံးထပ်ဆင့်တာ ပါရှိကြောင်းနှင့် ထူးထူးဆန်းဆန်း ရှားပါး မြန်မာသတ်ပုံများ အကြောင်းကို ပါးစပ်အဟောင်းသား နားထောင်ခဲ့ရဖူးပါတယ်။ သူတို့ဟာ သူတို့အချိန်တွေကို ရင်းထားပါတယ်။ အသုံးပြုသူတွေ အသုံးဝင်မယ့် အခမဲ့ ထုတ်ကုန်တွေ အတွက် ဆက်လက် လုပ်ဆောင်နေပါတယ်။ မြန်မာယူနီကုဒ် စနစ်ဟာ ရပ်တန့်သွားမယ့် စနစ်မဟုတ်ဘူး၊ NLP ကထုတ်မယ့် ထုတ်ကုန်တွေဟာ အမြဲတမ်း အခမဲ့ပဲ ဆိုတာ သိစေလိုပါတယ်။
ဘာလို့ယူနီကုဒ်သုံးတော့မှာလဲ
ကျွန်တော့် သူငယ်ချင်းတွေကြားမှာလဲ မြန်မာယူနီကုဒ်ကို အခြေခံတဲ့ ဖောင့်တွေကို သုံးကြည့်ဖို့ မြန်မာယူနီကုဒ် လက်ကွက်နဲ့ အသုံးပြုဖို့ ပြောဖူးပေမယ့် သူတို့တွေရဲ့ အဓိက အကြောင်းအရာက လက်ကွက် မရင်းနှီးဘူး၊ ခက်တယ်၊ ဖောင့် မမြင်ရဘူး စသည်ဖြင့်ပေါ့။ ကျွန်တော့် ဘလော့မှာလဲ မြန်မာယူနီကုဒ်ကို တဆိုက်လုံးပြောင်း လိုက်တုန်းက ဘလော့ဖတ်တဲ့သူတွေ မမြင်ရဘူးဆိုပြီး ပြောကြတယ်။ ဒါနဲ့ ကျွန်တော် ဇော်ဂျီတစ်ခါ ပြန်သုံးလိုက်တယ်။ နောက်တော့ ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် ယူနီကုဒ်ပဲ သုံးတော့မယ်လို့ ဆုံးဖြတ်ပြီး တစ်ဆိုက်လုံး တစ်ခါပြန်ပြောင်း လိုက်တယ်။ ပြီးတော့ on the fly converter လေး ထည့်သုံးလိုက်တယ်။ အဲ့ဒါလေး တပ်ထားတော့ မြန်မာယူနီကုဒ် အခြေခံတဲ့ ဖောင့် တစ်ခုခုမရှိပေမယ့် ဇော်ဂျီရှိလဲ မြင်ရတယ်။ ဒါကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောတယ်။ “မင်းတို့ မှာ အဲ့လို မြန်မာယူနီကုဒ်ဖောင့် မရှိတဲ့ သူတွေ အတွက် အဆင်ပြေအောင် လုပ်နေမှတော့ ငါတို့က ဘာလို့ အဲ့ဒါကို သုံးစရာလိုတော့မှာလဲ”။ မှန်ပါတယ်။ မြန်မာယူနီကုဒ် ပညာရှင်များဟာ ကိုယ့်ဟာကိုယ် ငြိမ်ငြိမ်နေလို့ ရလျက်နဲ့ အတော်ငြိမ်ငြိမ် မနေတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့မှာ ဇော်ဂျီအသုံးပြုသူတွေ အဆင်ပြေအောင် converter တွေထုတ်၊ ဘလော့တွေမှာ on the fly converter တွေထုတ်နဲ့ ဖြေရှင်းနည်း ပေါင်းစုံ လုပ်ပေးနေကြပါတယ်။ ယခုလည်း လက်ကွက် မရင်းနှီးဘူး ဆိုတဲ့ သူတွေ အတွက် ဇော်ဂျီလက်ကွက်နဲ့ ချွတ်စွတ်တူတဲ့ NHM မြန်မာယူနီကုဒ် ကီးဘုတ်ကို ထုတ်ထားပါတယ်။ ဒီကီးဘုတ် ဆော့ဖ်ဝဲလေးဟာ ဇော်ဂျီလက်ကွက်ပဲ ရင်းနှီးသူတွေ အတွက် ဖြေရှင်းပေးထားတဲ့ ဖြေရှင်းနည်း တစ်မျိုးဖြစ်ပါတယ်။ (ဒါပေမယ့် တစ်ခုပဲ ကျွန်တော်တို့ သိရမှာက ဝင်းဖောင့် ဖြစ်စေ၊ ဇော်ဂျီဖြစ်စေ ထိုဖောင့်ကို မြင်ချင်လျှင် ထိုဖောင့်ကို သင့်စက်ထဲတွင် ထည့်သွင်းပြီးမှ မြင်ရပါလိမ့်မယ် ဆိုတာပါပဲ) ကျွန်တော့် အမြင်နဲ့ အားမနာတမ်း ပြောရရင် မြန်မာယူနီကုဒ် ပညာရှင်တွေဟာ လူ့ဂွစာများ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ စေတနာဟာ နောင်အနာဂတ် မြန်မာစာသုံး ကွန်ပြူတာစနစ်အတွက် သူတို့တတ်စွမ်းသော ပညာဖြင့် အုတ်မြစ်ချပေးခဲ့တဲ့ သူတွေဖြစ်ပါတယ်။
မြန်မာယူနီကုဒ် ဘာကြောင့်သုံးသင့်သလဲ။
ယူနီကုဒ်ပညာရှင်များပြောကြားချက်ကို ကျွန်တော် နားလည်သလောက် ပြန်ပြောရရင် ယူနီကုဒ်ကို အခြေခံထားတဲ့ ဖောင့်မျိုးကွဲတွေရှိပါတယ်။ သိသလောက်ဆိုရင် သံလွင်၊ ပရပိုက်၊ မြန်မာ၃၊ Mac အတွက် မာစတာပိစ် စသည်ဖြင့် ရှိကြပါတယ်။ အဲ့ဒိဖောင့်တွေ တစ်ခုခုက သူတို့ဖောင့်ကို ဖျက်သိမ်းလိုက်မယ်။ထပ်မပေးတော့ဘူး ဆိုရင်လဲ စိတ်ပူစရာမရှိပါ။ မြန်မာယူနီကုဒ် source code ဟာ လူတိုင်းပိုင်ဆိုင်တဲ့အတွက် ယူနီကုဒ်အခြေခံပြီး မိမိတို့ကိုယ်ပိုင်ဖောင့် ကြိုက်သလောက် ထွင်လို့ရပါတယ်။ မြန်မာယူနီကုဒ်စနစ်ဟာ ဖောင့်တစ်ခုမဟုတ်ပါ။ စနစ်ဖြစ်ပါတယ်။ မြန်မာယူနီကုဒ် စနစ်ဟာ ရောင်းစားမည့် နည်းပညာ တစ်ခုမဟုတ်ပါ။ ထို့ပြင် မြန်မာယူနီကုဒ်ဟာ အမျိုးသားအဆင့် ကွန်ပြူတာသုံး မြန်မာစာစနစ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်ပါတယ်။ နောင်တစ်ချိန်မှာ မြန်မာယူနီကုဒ် စနစ်ကို သုံးတဲ့ Google လို search engine မျိုးတွေ ဒေသတွင်း နိုင်ငံများနဲ့ ရင်ဘောင်တန်းပြီး ပေါ်လာဖို့ ၊ မြန်မာယူနီကုဒ် စနစ်ကို အသုံးပြုထားတဲ့ application တွေ ကို တတ်သိ နားလည်တဲ့ ပညာရှင်များ ဝိုင်းဝန်းရေးသားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာယူနီကုဒ်စနစ်ကို အခြေခံတဲ့ ဖောင့်တွေကို သုံးခြင်းဖြင့် မြန်မာလူမျိုးတို့ရဲ့ နည်းပညာအဆင့်အတန်း ဂုဏ်ဒြပ်ကို ဖော်ဆောင် ရာရောက်တဲ့ အတွက် နောင်ဖြစ်ပေါ်လာမည့် မြန်မာ့အိုင်တီလောကရဲ့ အဆင့်တန်းမြင့် ထုတ်ကုန်များ အတွက် ရှေးရှုကာ မြန်မာယူနီကုဒ်စနစ်ကို အခြေခံတဲ့ ဖောင့်များကို ဒီနေ့ပဲ စတင်သုံးဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ မြန်မာလို့ ဂုဏ်ယူလိုသူတိုင်း စနစ်ကျတဲ့ မြန်မာယူနီကုဒ် စနစ်ကို သုံးကြစို့ဗျာ။
မြန်မာယူနီကုဒ်ကို အခြေခံတဲ့ ဖောင့်များ သို့မဟုတ် ကီးဘုတ်များနှင့် ပတ်သက်တဲ့ မည်သည့် အခက်ခဲ မဆို ပညာရှင်များက အခမဲ့ ကူညီ ဖြေရှင်းပေးရန် အသင့်ရှိကြောင်း စကားလက်ဆောင် တဆင့်ပါးလိုက်ရပါတယ် ခင်ဗျာ။
Download
NHM Unicode Keyboard with zawgyi style
Related Article
More detail about Myanmar Unicode
Facebook ကနေ စပြီး ယူနီကုတ် ပြောင်းကြမယ့် အရိပ်အရောင် တွေတွေ့နေ ရပြီ။ တကယ်ပဲ အပြောင်းအလဲကို မျှော်လင့်နေပါတယ်။
Sorry to type in Zawgyi since I hvn’t installed Myanmar3 keyboard yet.
မြန်မာလိုပဲ ပြောချင်တယ်ဗျာ။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးက စံထားတဲ့ ယူနီကုဒ် ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ယူနီကုဒ်ကို သုံးခြင်းဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးများကိုလဲ သိပါတယ်။ ဒါပေမယ့် လူဆိုတာက နဂိုကတည်းက စွဲမြဲကျင့်သုံးလာတဲ့ အကျင့်လေးကို တော်ရုံဖျောက်ဖို့ ဆိုတာ အခက်သားကလား။ ပြင်တော့ ပြင်ရမယ်။ အသားကျဖို့ကတော့ နည်းနည်းကြာမယ် ထင်တာပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ကောင်းမှန်း သိရက်နဲ့ မသုံးဖြစ်သေးတာကို သတိထားမိတယ်။
အင်းပေါ့လေ။ ဇော်ဂျီကို အသားကျနေခဲ့တာ သုံးလေးနှစ်မကတော့ဘူးပဲ….။
ကွန်ဆာဗေးတစ် ဖြစ်တယ်ပဲ ပြောပြော…။ အဟက်
ပို့စ်အတွက် ကျေးဇူးတင်ပါတယ်။
လောလောဆယ်တော့ Myanmar3 ဖွန့်ကို ဖွန့်ဖိုလ်ဒါထဲ သွင်းထားပြီး ဖတ်နေတယ်။
Thank you for comment and I can see your font well because I’m using this converter http://www.thanlwinsoft.org/MyanmarConverter/
If(Myanmar3 really better than Zaw-Gyi){
Myanmar3 will success;
}
else{
Myanmar 3 will not success;
}
It’s not about zawgyi and myanmar3. It’s about Myanmar Sar system on Computer. Myanmar Unicode is already success. ISO already recognized this Unicode system. If you are still using Zawgyi, no problem but one day you will become need to change.
that was a good new…
whoever like to use the best one yep…
so yeah … me too I like to use the best one …
am I say?? I like to use the best one myanmar font and I like to try a new myanmar font… so yeah how can I get myanmar 3 font??? plzz help me…
hi there,
I’ve downloaded both these unicode fonts and NHM keyboards,
but when i tried to type with NHM (Alt+1) it shows me some gibberish, and the comment above which is typed with Zawgyi font looks like Alien Language too.
So can u please explain me about how to install myanmar unicode, how to type and how to use? in browsers, windows, etc etc…
thank you
Hi
I really interested to use Myanmar Unicode font. In this post, I found that there are Unicode font for MAC named in “masterpiece”. Can someone tell me where I can download it will be grate.
Cheers
great bro! You can download at http://www.myanmartutorials.com
ကျွန်တော်အရင်firefox4. မှာတော့ zawgyi to unicode ကြည့်လို့ရတယ်။ အခု firefox 5.0 ပြောင်းလိုက်တော့ အဆင်မပြေတော့ဘူး။ အဲဒါ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးကြပါအုံး။ အထူးကျေးဇူးတင်ပါတယ်။
ဘယ်သူမှ အကြံမပေးကြတော့ဘူးလား။ မျှော်နေလျှက်
Firstly you need to install Greasemonkey in Firefox and after installed it, pls try this one https://addons.mozilla.org/en-US/firefox/addon/parallel-universe/
This extension is disable too.
thank you so mach
အဓိကတော့ face book and gmail မှာ ကြည့် လို့မရတော့တာပါ။
website ပေါ်မှာတော့ voa, rfa ,တို့တော့ရပြီး moemaka မှာတော့မရပြန်ဘူး။
ဆက်လက်ကူညီပါအုံးလို့———
how about thanlwinsoft firefox plugin? Check here you can see all font as unicode. you only need unicode font and you can also give comment at facebook and send email as Zawgyi. try this one. It’s compatible with Firefox 4.0.
I think most plugins don’t support to 5.0. That’s why we shouldn’t upgrade to new one.
Thank brother ,
how to get firefox 4.0 .
ရသှားပွီ
ရသှားပွီ
ကျွန်တောကတော့ ပြောင်းထားတာကြာနေပြီ။။ နောင်ပိုင်းအားလုံးလိုက်ပြောင်းမှ အဆင်ပြေမယ်။ မဟုတ်ရင် ဟိုဟာမမြင်ရ။ ဒီဟာမမြင်ရနဲ့ မမိုက်ဘူး…