တံဆိပ်ကပ်ထားသော အရိပ်လက္ခဏာများ

ကျကွဲခဲ့ပြီးပြီ…
ဒီလိုခံစားမှုမျိုး၊ မအီမလည် မျက်လုံးတွေနဲ့
ကျွမ်းကျင်မှုဆိုင်ရာ အပြစ်ဒေါသများ၏ အကွာအဝေး..
ဘယ်လောက်ရှိမတဲ့လဲ…
လုံးဝယုံကြည်မှု မရှိသော ဖားခြေထောက်များကို စူးစမ်းလေ့လာခြင်း
အချိန်မှီ မပြင်ဆင်နိုင်သော ဟာကွက်များကို
ကြံစည် ပြုလုပ်နိုင်၏။
အလိုဆန္ဒရမ္မက်များ၏ ပတ်ဝန်းကျင်ဖြစ်ပြီး အခြေခံဝါဒီများ၏
ဆင်ခြင်တုံတရားကို သွတ်သွင်းခြင်းပင်…
အတုပြုလုပ်ထားသော ထိုးစစ်ဆင်မှု၏
နောက်ကွယ်ရှိ ရူးရူးနှမ်းနှမ်း လက်သီးပုန်းများ ၏ ကံကြမ္မာ..
တူးဖော် ခူးဆွတ်စားရန် ပျက်ကွက်ခဲ့သော အစိမ်းရောင် ဥပါဒ်များကို
ကြိုးစင်တင်ဖို့ လိုအပ်ပါလိမ့်မည်…
ဓာတ်တိုင်များ၏ ငတ်မွတ်မှု သီအိုရီမှတ်တမ်း
အခန်းကျဉ်းလေးများထဲသို့ ရွှေ့ပြောင်းခဲ့ ပြီးပြီ။
မည်သည့် အယူဝါဒ အိတ်ထဲ ပေါင်းထည့်ရမလဲ…
ဦးခေါင်းခွံအလွတ်များ ဖြစ်သည်။
မမှီမကမ်း.. ပင်လယ် ကမ်းစပ်များ ဖြစ်ချင်ဖြစ်မည်။
စတုတ္ထမြောက် တမ်းချင်းများကို သိမ်းယူပစ်လိုက်သည်။
မြို့က ပျက်ပြီးသွားပြီ… အခုမှ မီးအိမ်ထထွန်းနေလဲ အပိုပါပဲ..။
ခင်ဗျားပြောလို့ အကုန်လုံးကို လွှတ်ချမိတော့
ကျွန်တော်ရတာက ပိုးထိုးချစားပြီးသား မြေပုံအလွတ်တွေ…
ကြားရဖန်များလာတော့ အဲဒိခရာသံတွေဟာ
ကလိန်ကကျစ်တွေပဲဆိုတာ တဖြည်းဖြည်း သိလာကြတယ်..
စိတ်ကျ ရောဂါ၊ ဆံပင်စုတ်ဖွားနဲ့ စီးကရက်ခိုးတွေ…
ဘာထပ်လိုချင်သေးလဲ…
လူ့အဖွဲ့အစည်းထဲက မအောင်မြင်သော လက်မှတ်တွေတဲ့..
အခုထိ ဖုန်းခေါ်လို့ မရသေးဘူး….
ကျွန်တော်လား.. ရေငတ်နေတယ်…။

2 thoughts on “တံဆိပ်ကပ်ထားသော အရိပ်လက္ခဏာများ

  1. ဖုန်းခေါ်လို့မရတာကတော့ထားပါတော့၊အောက်ကရေငတ်နေတာတော့မဖြစ်နိုင်ဘူးဘီယာငတ်နေတာပဲဖြစ်မယ်

  2. ဖုန်းခေါ်လို့မရတာကတော့ထားပါတော့၊အောက်ကရေငတ်နေတာတော့မဖြစ်နိုင်ဘူးဘီယာငတ်နေတာပဲဖြစ်မယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>